နီေပါေရႀကီးမႈ ေသဆုံးသူ ၉၅ ဦးအထိ ျမင့္တက္၊ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ား ဆက္လက္လုပ္ေဆာင္မည္ဟု ဝန္ႀကီးခ်ဳပ္ Balendra Shah ေျပာ

နီေပါေရႀကီးမႈ ေသဆုံးသူ ၉၅ ဦးအထိ ျမင့္တက္၊ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ား ဆက္လက္လုပ္ေဆာင္မည္ဟု ဝန္ႀကီးခ်ဳပ္ Balendra Shah ေျပာ
============================
နီေပါႏိုင္ငံ ရာဆူဝါ (Rasuwa) ခ႐ိုင္ရွိ ဘိုေတကိုရွီ (Bhotekoshi) ျမစ္တြင္ ယေန႔နံနက္ပိုင္းက ျဖစ္ပြားခဲ့သည့္ ျပင္းထန္ေသာ ေရႀကီးမႈေၾကာင့္ ေသဆုံးသူ ၉၅ ဦးအထိ ျမင့္တက္လာၿပီျဖစ္ေၾကာင္း နီေပါရဲတပ္ဖြဲ၏ ေနာက္ဆုံးထုတ္ျပန္ခ်က္အရ သိရသည္။
ေနာက္ဆုံးရွာေဖြေတြ႕ရွိထားသည့္ ေသဆုံးသူ ၉၅ ဦးတြင္ အမ်ိဳးသမီး ၂၇ ဦး၊ အမ်ိဳးသား ၃၇ ဦး၊ မိန္းကေလးငယ္ ၆ ဦး၊ ေယာက္်ားေလးငယ္ ၅ ဦးႏွင့္ မည္သူမည္ဝါျဖစ္ေၾကာင္း အတည္မျပဳႏိုင္ေသးသူ ၂၀ ဦး ပါဝင္ေၾကာင္း သိရသည္။
ေရႀကီးမႈျဖစ္ပြားၿပီးေနာက္ နီေပါတပ္မေတာ္၊ လက္နက္ကိုင္ရဲတပ္ဖြဲႏွင့္ နီေပါရဲတပ္ဖြဲတိုကို ရွာေဖြကယ္ဆယ္ေရးအတြက္ ျဖန႔္ၾကက္ထားၿပီး တပ္မေတာ္ရဟတ္ယာဥ္မ်ားျဖင့္ လူ ၂၅၀ ေက်ာ္ကို ကယ္ဆယ္ထားသည္။ ဒဏ္ရာရသူမ်ားကို ခတၱမႏၵဴသို ပိုေဆာင္ကုသေပးေနၿပီး Bir Hospital ႏွင့္ National Trauma Center တိုတြင္ ကုတင္ ၁၀၀ သီးသန႔္ျပင္ဆင္ထားသည္။
ေရႀကီးမႈေၾကာင့္ Rasuwa၊ Nuwakot၊ Dhading ႏွင့္ Gorkha ခ႐ိုင္မ်ားရွိ ေဒသအမ်ားအျပား အထူးထိခိုက္ခဲ့ၿပီး ေဘးသင့္ျပည္သူမ်ားအတြက္ စားနပ္ရိကၡာ၊ သန႔္ရွင္းေသာေသာက္သုံးေရ၊ ေဆးဝါးႏွင့္ ယာယီခိုလႈရာမ်ား အေရးေပၚပံ့ပိုးေပးေနေၾကာင္း သိရသည္။
နီေပါဝန္ႀကီးခ်ဳပ္ ဘာလင္ဒရာ ရွား (Balendra Shah) က ေပ်ာက္ဆုံးေနသူမ်ားအား ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ားကို ယေန႔ညတစ္ညလုံး ဆက္လက္လုပ္ေဆာင္ရန္ႏွင့္ ပ်က္စီးသြားသည့္ လမ္း၊ တံတား၊ လွ်ပ္စစ္ႏွင့္ ေသာက္သုံးေရေပးေဝေရး အေျခခံအေဆာက္အအုံမ်ားကို ဦးစားေပး ျပန္လည္တည္ေဆာက္ရန္ ၫႊန္ၾကားထားသည္။
ထိုျပင္ အစိုးရအေနျဖင့္ ေဘးသင့္ျပည္သူမ်ားႏွင့္အတူ ရပ္တည္ေနေၾကာင္း ဝန္ႀကီးခ်ဳပ္က ေျပာၾကားကာ လူမႈအဖြဲအစည္းမ်ား၊ စီးပြားေရးလုပ္ငန္းရွင္မ်ား၊ ေစတနာ့ဝန္ထမ္းမ်ားႏွင့္ ျပည္သူမ်ားကို ကယ္ဆယ္ေရးႏွင့္ အေရးေပၚအကူအညီေပးေရးလုပ္ငန္းမ်ားတြင္ ပူးေပါင္းပါဝင္ၾကရန္ တိုက္တြန္းထားသည္။
လက္ရွိတြင္ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ား ဆက္လက္လုပ္ေဆာင္ေနသျဖင့္ ေသဆုံး၊ ဒဏ္ရာရႏွင့္ ေပ်ာက္ဆုံးသူစာရင္းမ်ား ထပ္မံေျပာင္းလဲႏိုင္ေၾကာင္း သိရသည္။
နီပေါရေကြီးမှု သေဆုံးသူ ၉၅ ဦးအထိ မြင့်တက်၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်မည်ဟု ဝန်ကြီးချုပ် Balendra Shah ပြော
============================
နီပေါနိုင်ငံ ရာဆူဝါ (Rasuwa) ခရိုင်ရှိ ဘိုတေကိုရှီ (Bhotekoshi) မြစ်တွင် ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ပြင်းထန်သော ရေကြီးမှုကြောင့် သေဆုံးသူ ၉၅ ဦးအထိ မြင့်တက်လာပြီဖြစ်ကြောင်း နီပေါရဲတပ်ဖွဲ၏ နောက်ဆုံးထုတ်ပြန်ချက်အရ သိရသည်။
နောက်ဆုံးရှာဖွေတွေ့ရှိထားသည့် သေဆုံးသူ ၉၅ ဦးတွင် အမျိုးသမီး ၂၇ ဦး၊ အမျိုးသား ၃၇ ဦး၊ မိန်းကလေးငယ် ၆ ဦး၊ ယောက်ျားလေးငယ် ၅ ဦးနှင့် မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်သေးသူ ၂၀ ဦး ပါဝင်ကြောင်း သိရသည်။
ရေကြီးမှုဖြစ်ပွားပြီးနောက် နီပေါတပ်မတော်၊ လက်နက်ကိုင်ရဲတပ်ဖွဲနှင့် နီပေါရဲတပ်ဖွဲတိုကို ရှာဖွေကယ်ဆယ်ရေးအတွက် ဖြန့်ကြက်ထားပြီး တပ်မတော်ရဟတ်ယာဉ်များဖြင့် လူ ၂၅၀ ကျော်ကို ကယ်ဆယ်ထားသည်။ ဒဏ်ရာရသူများကို ခတ္တမန္ဒူသို ပိုဆောင်ကုသပေးနေပြီး Bir Hospital နှင့် National Trauma Center တိုတွင် ကုတင် ၁၀၀ သီးသန့်ပြင်ဆင်ထားသည်။
ရေကြီးမှုကြောင့် Rasuwa၊ Nuwakot၊ Dhading နှင့် Gorkha ခရိုင်များရှိ ဒေသအများအပြား အထူးထိခိုက်ခဲ့ပြီး ဘေးသင့်ပြည်သူများအတွက် စားနပ်ရိက္ခာ၊ သန့်ရှင်းသောသောက်သုံးရေ၊ ဆေးဝါးနှင့် ယာယီခိုလှုရာများ အရေးပေါ်ပံ့ပိုးပေးနေကြောင်း သိရသည်။
နီပေါဝန်ကြီးချုပ် ဘာလင်ဒရာ ရှား (Balendra Shah) က ပျောက်ဆုံးနေသူများအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ယနေ့ညတစ်ညလုံး ဆက်လက်လုပ်ဆောင်ရန်နှင့် ပျက်စီးသွားသည့် လမ်း၊ တံတား၊ လျှပ်စစ်နှင့် သောက်သုံးရေပေးဝေရေး အခြေခံအဆောက်အအုံများကို ဦးစားပေး ပြန်လည်တည်ဆောက်ရန် ညွှန်ကြားထားသည်။
ထိုပြင် အစိုးရအနေဖြင့် ဘေးသင့်ပြည်သူများနှင့်အတူ ရပ်တည်နေကြောင်း ဝန်ကြီးချုပ်က ပြောကြားကာ လူမှုအဖွဲအစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စေတနာ့ဝန်ထမ်းများနှင့် ပြည်သူများကို ကယ်ဆယ်ရေးနှင့် အရေးပေါ်အကူအညီပေးရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းထားသည်။
လက်ရှိတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေသဖြင့် သေဆုံး၊ ဒဏ်ရာရနှင့် ပျောက်ဆုံးသူစာရင်းများ ထပ်မံပြောင်းလဲနိုင်ကြောင်း သိရသည်။




