ဘ႐ိုက္တန္အသင္းရဲ႕ကြင္းလယ္ကစားသမား ဘာလယ္ဘာကို မန္ယူအသင္းက ေခၚယူ

ဘ႐ိုက္တန္အသင္းရဲ႕ကြင္းလယ္ကစားသမား ဘာလယ္ဘာကို မန္ယူအသင္းက ေခၚယူ
======================
မန္ယူႏိုက္တက္အသင္းဟာ ဘ႐ိုက္တန္အသင္းက ေခၚယူထားတဲ့ ကြင္းလယ္လူ ဘာလယ္ဘာကို အသင္းကစားသမားသစ္အျဖစ္ ေၾကညာခဲ့ပါတယ္။
ကင္မ႐ြန္းလက္ေ႐ြးစင္ ဘာလယ္ဘာ(၂၂ ႏွစ္)ဟာ မန္ယူႏိုက္တက္အသင္းနဲ႔ ငါးႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ၿပီး တစ္ႏွစ္သက္တမ္းတိုးခြင့္လည္း ပါဝင္ပါတယ္။
မန္ယူႏိုက္တက္အေနနဲ႔ ဘာလယ္ဘာအတြက္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၆၅ သန္းနဲ႔ Add-ons ေၾကး ေပါင္ ၅ သန္း ေပးေခ်ရဖိုရွိပါတယ္။
ဘ႐ိုက္တန္အသင္းကေတာ့ ဘာလယ္ဘာရဲ႕အနာဂတ္အေျပာင္းအေ႐ႊ႕ကေန အက်ိဳးခံစားခြင့္ရွိမယ့္ sell-on clause ကိုလည္း ထည့္သြင္းထားပါတယ္။
၂၀၂၃ ခုႏွစ္မွာ လိုင္လီကေန ေျပာင္းေ႐ႊ႕လာတဲ့ ဘာလယ္ဘာဟာ လက္ရွိမွာ ေျခခ်င္းဝတ္ဒဏ္ရာ ရရွိေနတာျဖစ္တယ္။
၎ဟာ ဘ႐ိုက္တန္အသင္းအတြက္ ၁၁၂ ပြဲကစားကာ ေလးဂိုးသြင္းခဲ့ၿပီး ၿပီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ္ ၃၁ ပြဲ ကစားေပးခဲ့ပါတယ္။
ဘရိုက်တန်အသင်းရဲ့ကွင်းလယ်ကစားသမား ဘာလယ်ဘာကို မန်ယူအသင်းက ခေါ်ယူ
======================
မန်ယူနိုက်တက်အသင်းဟာ ဘရိုက်တန်အသင်းက ခေါ်ယူထားတဲ့ ကွင်းလယ်လူ ဘာလယ်ဘာကို အသင်းကစားသမားသစ်အဖြစ် ကြေညာခဲ့ပါတယ်။
ကင်မရွန်းလက်ရွေးစင် ဘာလယ်ဘာ(၂၂ နှစ်)ဟာ မန်ယူနိုက်တက်အသင်းနဲ့ ငါးနှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး တစ်နှစ်သက်တမ်းတိုးခွင့်လည်း ပါဝင်ပါတယ်။
မန်ယူနိုက်တက်အနေနဲ့ ဘာလယ်ဘာအတွက် ပြောင်းရွှေ့ကြေး ပေါင် ၆၅ သန်းနဲ့ Add-ons ကြေး ပေါင် ၅ သန်း ပေးချေရဖိုရှိပါတယ်။
ဘရိုက်တန်အသင်းကတော့ ဘာလယ်ဘာရဲ့အနာဂတ်အပြောင်းအရွှေ့ကနေ အကျိုးခံစားခွင့်ရှိမယ့် sell-on clause ကိုလည်း ထည့်သွင်းထားပါတယ်။
၂၀၂၃ ခုနှစ်မှာ လိုင်လီကနေ ပြောင်းရွှေ့လာတဲ့ ဘာလယ်ဘာဟာ လက်ရှိမှာ ခြေချင်းဝတ်ဒဏ်ရာ ရရှိနေတာဖြစ်တယ်။
၎င်းဟာ ဘရိုက်တန်အသင်းအတွက် ၁၁၂ ပွဲကစားကာ လေးဂိုးသွင်းခဲ့ပြီး ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ် ၃၁ ပွဲ ကစားပေးခဲ့ပါတယ်။




