စင္ကာပူႏိုင္ငံသား က ေလး ငယ္တိုင္း စင္ကာပူ ေဒၚလာ ၇၀,၀၀၀ ေထာက္ပံ့ ေၾကး ရမည္

စင္ကာပူႏိုင္ငံသား က ေလး ငယ္တိုင္း စင္ကာပူ ေဒၚလာ ၇၀,၀၀၀ ေထာက္ပံ့ ေၾကး ရမည္
=======================
စင္ကာပူႏိုင္ငံသား ကေလးငယ္တိုင္း အသက္ ၁၇ ႏွစ္ မျပည့္မီအထိ စင္ကာပူေဒၚလာ ၇၀,၀၀၀ နီးပါး ကို ဘ႑ာေရးေထာက္ပံ့မႈ ရရွိမွာ ျဖစ္တယ္လို CNA သတင္းမွာ ေဖာ္ျပထားပါတယ္။
စင္ကာပူဝန္ႀကီးခ်ဳပ္ ေလာရန႔္ဝမ္ က ဩဂုတ္လ ၂၃ ရက္က က်င္းပခဲ့တဲ့ အမ်ိဳးသားေန႔ မိန႔္ခြန္းမွာ SG Child Support Package လို ေခၚဆိုတဲ့ ကေလးသူငယ္ေတြ ေထာက္ပံ့ေရး အစီအစဥ္သစ္ကို ေၾကညာ ခဲ့တာ ျဖစ္ပါတယ္။
အခုေထာက္ပံ့ေရးအစီအစဥ္ဟာ ေမြးဖြားမႈ အစီအစဥ္အေပၚ မူတည္တာ မရွိဘဲ ကေလးတိုင္း တန္းတူ ေထာက္ပံ့ေၾကး ရရွိသြားမွာ ျဖစ္ပါတယ္။
မိဘေတြ တရားဝင္ အိမ္ေထာင္ျပဳထားတာ ရွိ၊ မရွိ ဒါမွမဟုတ္ မိဘတစ္ေယာက္တည္း ရွိတဲ့ မိသားစုေတြ (Single parents) ကေလးေတြပါ မက်န္ ကေလးတိုင္း ႀကီးျပင္း ဖြံၿဖိဳးမႈအတြက္ ေထာက္ပံ့ေပးသြားမွာ ျဖစ္ပါတယ္။
အရင္က အသက္ ၁၂ ႏွစ္ အထိသာ ေထာက္ပံ့ရာကေန အခု အသက္ ၁၇ ႏွစ္အထိ တိုးျမႇင့္ ေထာက္ပံ့ ေပးသြားမွာ ျဖစ္တယ္လို သိရပါတယ္။ #One
စင်ကာပူနိုင်ငံသား က လေး ငယ်တိုင်း စင်ကာပူ ဒေါ်လာ ၇၀,၀၀၀ ထောက်ပံ့ ကြေး ရမည်
=======================
စင်ကာပူနိုင်ငံသား ကလေးငယ်တိုင်း အသက် ၁၇ နှစ် မပြည့်မီအထိ စင်ကာပူဒေါ်လာ ၇၀,၀၀၀ နီးပါး ကို ဘဏ္ဍာရေးထောက်ပံ့မှု ရရှိမှာ ဖြစ်တယ်လို CNA သတင်းမှာ ဖော်ပြထားပါတယ်။
စင်ကာပူဝန်ကြီးချုပ် လောရန့်ဝမ် က ဩဂုတ်လ ၂၃ ရက်က ကျင်းပခဲ့တဲ့ အမျိုးသားနေ့ မိန့်ခွန်းမှာ SG Child Support Package လို ခေါ်ဆိုတဲ့ ကလေးသူငယ်တွေ ထောက်ပံ့ရေး အစီအစဉ်သစ်ကို ကြေညာ ခဲ့တာ ဖြစ်ပါတယ်။
အခုထောက်ပံ့ရေးအစီအစဉ်ဟာ မွေးဖွားမှု အစီအစဉ်အပေါ် မူတည်တာ မရှိဘဲ ကလေးတိုင်း တန်းတူ ထောက်ပံ့ကြေး ရရှိသွားမှာ ဖြစ်ပါတယ်။
မိဘတွေ တရားဝင် အိမ်ထောင်ပြုထားတာ ရှိ၊ မရှိ ဒါမှမဟုတ် မိဘတစ်ယောက်တည်း ရှိတဲ့ မိသားစုတွေ (Single parents) ကလေးတွေပါ မကျန် ကလေးတိုင်း ကြီးပြင်း ဖွံဖြိုးမှုအတွက် ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။
အရင်က အသက် ၁၂ နှစ် အထိသာ ထောက်ပံ့ရာကနေ အခု အသက် ၁၇ နှစ်အထိ တိုးမြှင့် ထောက်ပံ့ ပေးသွားမှာ ဖြစ်တယ်လို သိရပါတယ်။ #One




