ေညာင္တုန္းကြၽန္းတာ ဧရာဝတီျမစ္ေရတိုက္စားမႈေၾကာင့္ ေပ ၃၀၀ ခန႔္ အိပဲ့က်၊ အ ေရး ေပၚျပဳျပင္မႈမ်ား ေဆာင္ ႐ြက္ေန

ေညာင္တုန္းကြၽန္းတာ ဧရာဝတီျမစ္ေရတိုက္စားမႈေၾကာင့္ ေပ ၃၀၀ ခန႔္ အိပဲ့က်၊ အေရးေပၚျပဳျပင္မႈမ်ား ေဆာင္႐ြက္ေန
===========================
ဧရာဝတီတိုင္းေဒသႀကီး၊ ေညာင္တုန္းၿမိဳနယ္ရွိ ေညာင္တုန္းကြၽန္းတာ(ဧရာဝတီျမစ္ခြဲ)တြင္ ျမစ္ေရတိုက္စားမႈေၾကာင့္ အလ်ားေပ ၃၀၀၊ အနံေပ ၆၀ ခန႔္ တာအိပဲ့က်မႈ ဩဂုတ္ ၂၅ ရက္ နံနက္ပိုင္းက ျဖစ္ပြားခဲ့ၿပီး သက္ဆိုင္ရာအဖြဲ႕အစည္းမ်ားက အေရးေပၚျပဳျပင္ေရးႏွင့္ တာကာကြယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

တာအိပဲ့က်မႈမွာ ေညာင္တုန္းၿမိဳနယ္၊ ေခ်ာင္းႀကီးေက်း႐ြာအုပ္စု၊ ေခ်ာင္းဖ်ားေက်း႐ြာရွိ ေညာင္တုန္းကြၽန္းတာ၏ တာမိုင္ (၁၀/၆) ႏွင့္ (၁၀/၇) ၾကားတြင္ နံနက္ ၆ နာရီခန႔္က ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ဧရာဝတီျမစ္ေရတိုက္စားမႈႏွင့္ ေရဝဲတိုးမႈေၾကာင့္ ျဖစ္ေပၚခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းေနာက္ နံနက္ ၇ နာရီခြဲခန႔္မွစ၍ သက္ဆိုင္ရာဌာနမ်ား၊ နယ္ေျမခံတပ္ရင္းတပ္ဖြဲ႕မ်ား၊ ရဲတပ္ဖြဲ႕ဝင္မ်ား၊ မီးသတ္တပ္ဖြဲ႕ဝင္မ်ားႏွင့္ ေဒသခံမ်ား ပူးေပါင္းကာ စက္ယႏၲရားႏွင့္ လူအင္အားအသုံးျပဳ၍ တာအိပဲ့က်မႈ ထပ္မံမျဖစ္ပြားေစေရးအတြက္ တာပန္းကာကြယ္ျခင္းႏွင့္ ျပဳျပင္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိသည္။

လက္ရွိတြင္ ျပဳျပင္ကာကြယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေနၿပီး စိုးရိမ္ဖြယ္အေျခအေနမရွိေၾကာင္း သိရသည္။

ဧရာဝတီတိုင္းေဒသႀကီးအတြင္း ဇူလိုင္လေနာက္ဆုံးပတ္မွစတင္၍ ျမစ္ေရျမင့္တက္မႈႏွင့္ ဆက္စပ္သည့္ ေရေဘးအေျခအေနမ်ား ျဖစ္ေပၚခဲ့ၿပီး ယခု ေညာင္တုန္းကြၽန္းတာ အိပဲ့က်မႈမွာလည္း ျမစ္ေရတိုက္စားမႈႏွင့္ ဆက္စပ္ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။


ညောင်တုန်းကျွန်းတာ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ပေ ၃၀၀ ခန့် အိပဲ့ကျ၊ အရေးပေါ်ပြုပြင်မှုများ ဆောင်ရွက်နေ
===========================
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြိုနယ်ရှိ ညောင်တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ)တွင် မြစ်ရေတိုက်စားမှုကြောင့် အလျားပေ ၃၀၀၊ အနံပေ ၆၀ ခန့် တာအိပဲ့ကျမှု ဩဂုတ် ၂၅ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများက အရေးပေါ်ပြုပြင်ရေးနှင့် တာကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တာအိပဲ့ကျမှုမှာ ညောင်တုန်းမြိုနယ်၊ ချောင်းကြီးကျေးရွာအုပ်စု၊ ချောင်းဖျားကျေးရွာရှိ ညောင်တုန်းကျွန်းတာ၏ တာမိုင် (၁၀/၆) နှင့် (၁၀/၇) ကြားတွင် နံနက် ၆ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဧရာဝတီမြစ်ရေတိုက်စားမှုနှင့် ရေဝဲတိုးမှုကြောင့် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် နံနက် ၇ နာရီခွဲခန့်မှစ၍ သက်ဆိုင်ရာဌာနများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံများ ပူးပေါင်းကာ စက်ယန္တရားနှင့် လူအင်အားအသုံးပြု၍ တာအိပဲ့ကျမှု ထပ်မံမဖြစ်ပွားစေရေးအတွက် တာပန်းကာကွယ်ခြင်းနှင့် ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

လက်ရှိတွင် ပြုပြင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီး စိုးရိမ်ဖွယ်အခြေအနေမရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဇူလိုင်လနောက်ဆုံးပတ်မှစတင်၍ မြစ်ရေမြင့်တက်မှုနှင့် ဆက်စပ်သည့် ရေဘေးအခြေအနေများ ဖြစ်ပေါ်ခဲ့ပြီး ယခု ညောင်တုန်းကျွန်းတာ အိပဲ့ကျမှုမှာလည်း မြစ်ရေတိုက်စားမှုနှင့် ဆက်စပ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။