ျပည္ခိုင္ၿဖိဳးပါတီ ဗဟိုေကာ္မတီ အ စ ည္း အ ေဝးႏွင့္ ညီလာခံက်င္းပႏိုင္ ေရး ဗဟိုအလုပ္အမႈ ေဆာင္အစည္းအ ေဝး ျပဳလုပ္




ျပည္ခိုင္ၿဖိဳးပါတီ ဗဟိုေကာ္မတီအစည္းအေဝးႏွင့္ ညီလာခံက်င္းပႏိုင္ေရး ဗဟိုအလုပ္အမႈေဆာင္အစည္းအေဝးျပဳလုပ္
=================
ဩဂုတ္ ၂၄၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ သတၱမအႀကိမ္ ဗဟိုေကာ္မတီအစည္းအေဝး(၂၀၂၆)ႏွင့္ စတုတၳအႀကိမ္ ပါတီညီလာခံ(၂၀၂၆) က်င္းပႏိုင္ေရးအတြက္ ဗဟိုအလုပ္အမႈေဆာင္အစည္းအေဝးကို ၂၄-၈-၂၀၂၆ ရက္ေန႔ နံနက္ ၁၀ နာရီအခ်ိန္တြင္ ပါတီဌာနခ်ဳပ္ အစည္းအေဝးခန္း(၁)၌ ျပဳလုပ္ခဲ့ရာ ပါတီဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒ ဦးလွထြန္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ ဗဟိုအတြင္းေရးမႉးမ်ား၊ ဗဟိုအလုပ္အမႈေဆာင္မ်ား၊ ဌာနခ်ဳပ္မႉး၊ ဌာနႀကီးမႉးမ်ားႏွင့္ ဌာနမႉးမ်ား တက္ေရာက္ခဲ့ၾကပါသည္။
အစည္းအေဝးတြင္ ပါတီဥကၠ႒က အဖြင့္အမွာစကားေျပာၾကားခဲ့ၿပီး သတၱမအႀကိမ္ ဗဟိုေကာ္မတီအစည္းအေဝး(၂၀၂၆)ႏွင့္ စတုတၳအႀကိမ္ ပါတီညီလာခံ(၂၀၂၆) ေအာင္ျမင္စြာက်င္းပႏိုင္ေရး က႑အသီးသီးအလိုက္ဖြဲ႕စည္းထားေသာ ဆပ္ေကာ္မတီမ်ား၏ ေဆာင္႐ြက္ထားရွိမႈမ်ားအား ဆပ္ေကာ္မတီဥကၠ႒မ်ားက တင္ျပၾကရာ ပါတီဥကၠ႒က လိုအပ္ခ်က္မ်ားအား ျဖည့္စြက္လမ္းၫႊန္မွာၾကားပါသည္။
ထို႔ေနာက္ ဒုတိယဥကၠ႒၊ အေထြေထြအတြင္းေရးမႉးႏွင့္ တြဲဖက္အေထြေထြအတြင္းေရးမႉးတို႔က အစည္းအေဝးမ်ားႏွင့္ ညီလာခံမ်ားအတြက္ ေကာ္မတီမ်ားခြဲ၍ ေဆာင္႐ြက္ထားရွိမႈမ်ား၊ လိုအပ္ခ်က္မ်ား၊ ျပင္ဆင္ျဖည့္စြက္ေဆာင္႐ြက္ရမည့္အခ်က္မ်ားအား ရွင္းလင္းတင္ျပၾကၿပီး ပါတီဥကၠ႒ စည္းစနစ္က်စြာ ေဆာင္႐ြက္ၾကရန္၊ ဆပ္ေကာ္မတီမ်ားအလိုက္ စီမံခ်က္မ်ားေရးဆြဲ ေဆာင္႐ြက္ၾကရန္၊ ညီလာခံႏွင့္ဆက္စပ္သည့္ ကိစၥရပ္မ်ားအား ေဆြးေႏြးေျပာၾကားကာ ေန႔လည္ ၁၁း၄၅ နာရီအခ်ိန္တြင္ အစည္းအေဝးအား ရပ္နားခဲ့ေၾကာင္း သတင္းရရွိပါသည္။
ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီအစည်းအဝေးနှင့် ညီလာခံကျင်းပနိုင်ရေး ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးပြုလုပ်
=================
ဩဂုတ် ၂၄၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သတ္တမအကြိမ် ဗဟိုကော်မတီအစည်းအဝေး(၂၀၂၆)နှင့် စတုတ္ထအကြိမ် ပါတီညီလာခံ(၂၀၂၆) ကျင်းပနိုင်ရေးအတွက် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို ၂၄-၈-၂၀၂၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ပါတီဌာနချုပ် အစည်းအဝေးခန်း(၁)၌ ပြုလုပ်ခဲ့ရာ ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဌာနချုပ်မှူး၊ ဌာနကြီးမှူးများနှင့် ဌာနမှူးများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ပါတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခဲ့ပြီး သတ္တမအကြိမ် ဗဟိုကော်မတီအစည်းအဝေး(၂၀၂၆)နှင့် စတုတ္ထအကြိမ် ပါတီညီလာခံ(၂၀၂၆) အောင်မြင်စွာကျင်းပနိုင်ရေး ကဏ္ဍအသီးသီးအလိုက်ဖွဲ့စည်းထားသော ဆပ်ကော်မတီများ၏ ဆောင်ရွက်ထားရှိမှုများအား ဆပ်ကော်မတီဥက္ကဋ္ဌများက တင်ပြကြရာ ပါတီဥက္ကဋ္ဌက လိုအပ်ချက်များအား ဖြည့်စွက်လမ်းညွှန်မှာကြားပါသည်။
ထို့နောက် ဒုတိယဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးနှင့် တွဲဖက်အထွေထွေအတွင်းရေးမှူးတို့က အစည်းအဝေးများနှင့် ညီလာခံများအတွက် ကော်မတီများခွဲ၍ ဆောင်ရွက်ထားရှိမှုများ၊ လိုအပ်ချက်များ၊ ပြင်ဆင်ဖြည့်စွက်ဆောင်ရွက်ရမည့်အချက်များအား ရှင်းလင်းတင်ပြကြပြီး ပါတီဥက္ကဋ္ဌ စည်းစနစ်ကျစွာ ဆောင်ရွက်ကြရန်၊ ဆပ်ကော်မတီများအလိုက် စီမံချက်များရေးဆွဲ ဆောင်ရွက်ကြရန်၊ ညီလာခံနှင့်ဆက်စပ်သည့် ကိစ္စရပ်များအား ဆွေးနွေးပြောကြားကာ နေ့လည် ၁၁း၄၅ နာရီအချိန်တွင် အစည်းအဝေးအား ရပ်နားခဲ့ကြောင်း သတင်းရရှိပါသည်။




