ေကာ္ဖီပုံမွန္ေသာက္သူမ်ားမွာ ႂကြက္သား၊ အဆီနဲ႔ေဟာ္မုန္းမ်ား ထူးျခားစြာေျပာင္းလဲမႈရွိ

ေကာ္ဖီပုံမွန္ေသာက္သူမ်ားမွာ ႂကြက္သား၊ အဆီနဲ႔ေဟာ္မုန္းမ်ား ထူးျခားစြာေျပာင္းလဲမႈရွိ
======================
ေကာ္ဖီပုံမွန္ေသာက္တာက ခႏၶာကိုယ္ တည္ေဆာက္ပုံ၊ ဇီဝျဖစ္စဥ္နဲ႔ ေဟာ္မုန္းပမာဏအေပၚ ထူးျခားတဲ့ေျပာင္းလဲမႈေတြဆက္စပ္ျဖစ္ေပၚေနတယ္လို႔ ဖင္လန္ႏိုင္ငံအူးလုတကၠသိုလ္ရဲ႕ ေလ့လာေတြ႕ရွိခ်က္အသစ္မွာေဖာ္ျပထားပါတယ္။ အဲဒီေလ့လာမႈမွာ အသက္ ၄၆ ႏွစ္အ႐ြယ္ရွိသူ ၂၂၆၄ ဦးရဲ႕ က်န္းမာေရးဆိုင္ရာအခ်က္အလက္ေတြကို အေသးစိတ္ဆန္းစစ္ခဲ့ၾကတာပါ။

သုေတသနေတြ႕ရွိခ်က္အရ ေကာ္ဖီကိုပိုေသာက္သူေတြက ခႏၶာကိုယ္အေလးခ်ိန္ၫႊန္းကိန္းတူညီေနရင္ေတာင္ ေကာ္ဖီကိုမေသာက္သူေတြထက္ စုစုေပါင္းခႏၶာကိုယ္အဆီနဲ႔ ဝမ္းဗိုက္အတြင္းကလီစာအဆီနည္းပါးၿပီး အ႐ိုးစုႂကြက္သားထုပိုမ်ားေၾကာင္း ေတြ႕ရပါတယ္။ ဒါ့အျပင္ အမ်ိဳးအစား (၂) ဆီးခ်ိဳ ေရာဂါျဖစ္ပြားမႈနဲ႔ ဆက္စပ္ေနတဲ့ Branched-Chain Amino Acids (BCAA)ပမာဏေလ်ာ့နည္းေနတာကိုလည္း အမ်ိဳးသားေရာ အမ်ိဳးသမီးမွာပါေတြ႕ရပါတယ္။

ေဟာ္မုန္းေျပာင္းလဲမႈမွာေတာ့ အမ်ိဳးသားေတြမွာ ပိုထင္ရွားတဲ့ေျပာင္းလဲမႈေတြေတြ႕ရၿပီး ေကာ္ဖီေသာက္သူ အမ်ိဳးသားေတြမွာ Total Testosterone နဲ႔ SHBG ပ႐ိုတင္းပမာဏေတြပိုျမင့္ေနကာ Free Testosterone ပမာဏကေတာ့ အနည္းငယ္ေလ်ာ့နည္းေနတာကို ေတြ႕ရပါတယ္။ အမ်ိဳးသမီးေတြမွာေတာ့ SHBG ပ႐ိုတင္း ျမင့္မားတာကိုေတြ႕ရပါတယ္။ #MWD


ကော်ဖီပုံမှန်သောက်သူများမှာ ကြွက်သား၊ အဆီနဲ့ဟော်မုန်းများ ထူးခြားစွာပြောင်းလဲမှုရှိ
======================
ကော်ဖီပုံမှန်သောက်တာက ခန္ဓာကိုယ် တည်ဆောက်ပုံ၊ ဇီဝဖြစ်စဉ်နဲ့ ဟော်မုန်းပမာဏအပေါ် ထူးခြားတဲ့ပြောင်းလဲမှုတွေဆက်စပ်ဖြစ်ပေါ်နေတယ်လို့ ဖင်လန်နိုင်ငံအူးလုတက္ကသိုလ်ရဲ့ လေ့လာတွေ့ရှိချက်အသစ်မှာဖော်ပြထားပါတယ်။ အဲဒီလေ့လာမှုမှာ အသက် ၄၆ နှစ်အရွယ်ရှိသူ ၂၂၆၄ ဦးရဲ့ ကျန်းမာရေးဆိုင်ရာအချက်အလက်တွေကို အသေးစိတ်ဆန်းစစ်ခဲ့ကြတာပါ။

သုတေသနတွေ့ရှိချက်အရ ကော်ဖီကိုပိုသောက်သူတွေက ခန္ဓာကိုယ်အလေးချိန်ညွှန်းကိန်းတူညီနေရင်တောင် ကော်ဖီကိုမသောက်သူတွေထက် စုစုပေါင်းခန္ဓာကိုယ်အဆီနဲ့ ဝမ်းဗိုက်အတွင်းကလီစာအဆီနည်းပါးပြီး အရိုးစုကြွက်သားထုပိုများကြောင်း တွေ့ရပါတယ်။ ဒါ့အပြင် အမျိုးအစား (၂) ဆီးချို ရောဂါဖြစ်ပွားမှုနဲ့ ဆက်စပ်နေတဲ့ Branched-Chain Amino Acids (BCAA)ပမာဏလျော့နည်းနေတာကိုလည်း အမျိုးသားရော အမျိုးသမီးမှာပါတွေ့ရပါတယ်။

ဟော်မုန်းပြောင်းလဲမှုမှာတော့ အမျိုးသားတွေမှာ ပိုထင်ရှားတဲ့ပြောင်းလဲမှုတွေတွေ့ရပြီး ကော်ဖီသောက်သူ အမျိုးသားတွေမှာ Total Testosterone နဲ့ SHBG ပရိုတင်းပမာဏတွေပိုမြင့်နေကာ Free Testosterone ပမာဏကတော့ အနည်းငယ်လျော့နည်းနေတာကို တွေ့ရပါတယ်။ အမျိုးသမီးတွေမှာတော့ SHBG ပရိုတင်း မြင့်မားတာကိုတွေ့ရပါတယ်။ #MWD