iPhone အသစ္ရဲ႕အခ်က္အလက္မ်ား Caviar မွာထြက္ေပၚလာ

iPhone အသစ္ရဲ႕အခ်က္အလက္မ်ား Caviar မွာထြက္ေပၚလာ
================
တရားဝင္မိတ္ဆက္ရျခင္းမရွိေသးတဲ့Apple ရဲ႕ iPhone 18 Pro စီးရီးနဲ႔ ပထမဆုံး ေခါက္ဖုန္းအမ်ိဳးအစားျဖစ္တဲ့ iPhone Ultra တို႔ရဲ႕ အေသးစိတ္အခ်က္အလက္ေတြက ဆန္းသစ္တဲ့ဒီဇိုင္းေတြနဲ႔ ဇိမ္ခံဖုန္းေတြကိုျပဳျပင္မြမ္းမံ ေရာင္းခ်ေလ့ရွိတဲ့ ႐ုရွားအေျခစိုက္ Caviar ကုမၸဏီဆီကေနထြက္ေပၚလာပါတယ္။ သူတို႔ဆီကထြက္ေပၚလာမႈအရ Apple ရဲ႕ကုန္ပစၥည္းအသစ္မိတ္ဆက္ပြဲကို စက္တင္ဘာလ ၉ ရက္မွာ က်င္းပသြားမယ္လို႔သိရပါတယ္။

ဒါ့အျပင္ သူ႔ဆီကေနထြက္ေပၚလာတဲ့အခ်က္အလက္ေတြအရ iPhone 18 Pro နဲ႔Pro Max မွာဆိုရင္ Dynamic Island ရဲ႕အ႐ြယ္အစား ပိုမိုေသးငယ္သြားပါမယ္။2nm နည္းပညာသုံး A20 Pro Chip ကိုအသုံးျပဳထားၿပီး ကင္မရာမွာ Aperture ေျပာင္းလဲႏိုင္တဲ့စနစ္ပါဝင္လာပါမယ္။ ပထမဆုံး ေခါက္ဖုန္းအမ်ိဳးအစား iPhone Ultra ကို တိုက္ေတနီယံ ကိုယ္ထည္နဲ႔ျပဳလုပ္ထားၿပီး ပတၱာအပိုင္းကို Liquid Metal နည္းပညာနဲ႔ စီမံထားတာေၾကာင့္ ဖုန္းေခါက္ထားခ်ိန္မွာ ၉ မီလီမီတာနဲ႔ ျဖန႔္ထားခ်ိန္မွာ ၄ ဒသမ ၉ မီလီမီတာသာထူမွာျဖစ္ပါတယ္။ ကင္မရာႏွင့္ စြမ္းေဆာင္ရည္ပိုင္းမွာဆိုရင္ ေနာက္ဘက္မွာ 48MP ကင္မရာႏွစ္လုံးပါဝင္ၿပီး ေရွ႕ဘက္မွာေတာ့ ဖန္သားျပင္ေအာက္ျမႇဳပ္ထားတဲ့ 24MP Selfie ကင္မရာပါဝင္လာမွာပါ။

Ref:GA


iPhone အသစ်ရဲ့အချက်အလက်များ Caviar မှာထွက်ပေါ်လာ
================
တရားဝင်မိတ်ဆက်ရခြင်းမရှိသေးတဲ့Apple ရဲ့ iPhone 18 Pro စီးရီးနဲ့ ပထမဆုံး ခေါက်ဖုန်းအမျိုးအစားဖြစ်တဲ့ iPhone Ultra တို့ရဲ့ အသေးစိတ်အချက်အလက်တွေက ဆန်းသစ်တဲ့ဒီဇိုင်းတွေနဲ့ ဇိမ်ခံဖုန်းတွေကိုပြုပြင်မွမ်းမံ ရောင်းချလေ့ရှိတဲ့ ရုရှားအခြေစိုက် Caviar ကုမ္ပဏီဆီကနေထွက်ပေါ်လာပါတယ်။ သူတို့ဆီကထွက်ပေါ်လာမှုအရ Apple ရဲ့ကုန်ပစ္စည်းအသစ်မိတ်ဆက်ပွဲကို စက်တင်ဘာလ ၉ ရက်မှာ ကျင်းပသွားမယ်လို့သိရပါတယ်။

ဒါ့အပြင် သူ့ဆီကနေထွက်ပေါ်လာတဲ့အချက်အလက်တွေအရ iPhone 18 Pro နဲ့Pro Max မှာဆိုရင် Dynamic Island ရဲ့အရွယ်အစား ပိုမိုသေးငယ်သွားပါမယ်။2nm နည်းပညာသုံး A20 Pro Chip ကိုအသုံးပြုထားပြီး ကင်မရာမှာ Aperture ပြောင်းလဲနိုင်တဲ့စနစ်ပါဝင်လာပါမယ်။ ပထမဆုံး ခေါက်ဖုန်းအမျိုးအစား iPhone Ultra ကို တိုက်တေနီယံ ကိုယ်ထည်နဲ့ပြုလုပ်ထားပြီး ပတ္တာအပိုင်းကို Liquid Metal နည်းပညာနဲ့ စီမံထားတာကြောင့် ဖုန်းခေါက်ထားချိန်မှာ ၉ မီလီမီတာနဲ့ ဖြန့်ထားချိန်မှာ ၄ ဒသမ ၉ မီလီမီတာသာထူမှာဖြစ်ပါတယ်။ ကင်မရာနှင့် စွမ်းဆောင်ရည်ပိုင်းမှာဆိုရင် နောက်ဘက်မှာ 48MP ကင်မရာနှစ်လုံးပါဝင်ပြီး ရှေ့ဘက်မှာတော့ ဖန်သားပြင်အောက်မြှုပ်ထားတဲ့ 24MP Selfie ကင်မရာပါဝင်လာမှာပါ။  #MWD _Ref:GA