ကိုလံဘီယာတြင္ ၂၁ ရာစုအတြင္း အင္အားအျပင္းဆုံး ငလ်င္လႈပ္၊ လူ ၁၁၁ ဦးထက္မနည္း ေသဆုံး

ကိုလံဘီယာတြင္ ၂၁ ရာစုအတြင္း အင္အားအျပင္းဆုံး ငလ်င္လႈပ္၊ လူ ၁၁၁ ဦးထက္မနည္း ေသဆုံး
====================
ကိုလံဘီယာႏိုင္ငံ အေနာက္ပိုင္းတြင္ ဩဂုတ္ ၁၀ ရက္က အင္အား ၇ ဒသမ ၄ မဂၢနီက်ဳဒ္ရွိ အင္အားျပင္းငလ်င္ လႈပ္ခတ္ခဲ့ရာ လူ ၁၁၁ ဦးထက္မနည္း ေသဆုံးခဲ့ေၾကာင္း အာဏာပိုင္မ်ားက ေျပာၾကားသည္။

အေမရိကန္ ဘူမိေဗဒတိုင္းတာေရးဌာန (USGS) ၏ အဆိုအရ ငလ်င္သည္ ေျမေအာက္အနက္ ၁၀၇ ကီလိုမီတာခန႔္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

ငလ်င္ဗဟိုခ်က္မွာ လူေနထိုင္မႈနည္းပါးသည့္ Chocó ျပည္နယ္ရွိ San José del Palmar ၿမိဳ႕အနီးတြင္ တည္ရွိခဲ့ၿပီး ငလ်င္ေၾကာင့္ အဆိုး႐ြားဆုံး ေသဆုံးမႈမ်ားမွာ Risaralda ျပည္နယ္တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ကိုလံဘီယာႏိုင္ငံ၏ ဒုတိယအႀကီးဆုံးၿမိဳ႕ျဖစ္သည့္ Cali ၿမိဳ႕တြင္လည္း ငလ်င္ဒဏ္ကို ျပင္းထန္စြာ ခံစားခဲ့ရေသာ္လည္း ေသဆုံးသူရွိ၊ မရွိႏွင့္ပတ္သက္၍ ေဒသခံအာဏာပိုင္မ်ားက အတည္ျပဳႏိုင္ျခင္း မရွိေသးေၾကာင္း Reuters က ေဖာ္ျပသည္။

ကိုလံဘီယာ ဘူမိေဗဒဌာနက ယင္းငလ်င္သည္ ၂၁ ရာစုအတြင္း ကိုလံဘီယာႏိုင္ငံတြင္ မွတ္တမ္းတင္ထားသည့္ အင္အားအျပင္းဆုံး ငလ်င္ ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

ကိုလံဘီယာႏိုင္ငံသည္ အဓိက ကမာၻေျမထုခ်ပ္ျပားမ်ား ဆုံစည္းရာေဒသတြင္ တည္ရွိေသာေၾကာင့္ ကမာၻေပၚတြင္ ငလ်င္လႈပ္ခတ္မႈ အမ်ားဆုံးေဒသမ်ားထဲမွ တစ္ခုျဖစ္သည္။

သို႔ေသာ္ ကိုလံဘီယာတြင္ ျဖစ္ပြားသည့္ ငလ်င္အမ်ားအျပားမွာ ေျမေအာက္အနက္ပိုင္း၌ ျဖစ္ေပၚေလ့ရွိသျဖင့္ ေျမျပင္ေပၚသို႔ ေရာက္ရွိခ်ိန္တြင္ ငလ်င္၏ ျပင္းအား ေလ်ာ့က်ေလ့ရွိေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ရာစုႏွစ္အတြင္း ကိုလံဘီယာႏိုင္ငံ၌ ရစ္ခ္တာစေကး ၇ အထက္ရွိ အင္အားျပင္းငလ်င္မ်ား ျဖစ္ပြားမႈမွာ အနည္းငယ္သာရွိခဲ့ေၾကာင္း သိရသည္။

ယခုငလ်င္သည္ ကိုလံဘီယာသမၼတသစ္ Abelardo De La Espriella က်မ္းသစၥာက်ိန္ဆိုၿပီး ရက္ပိုင္းအၾကာတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။


ကိုလံဘီယာတွင် ၂၁ ရာစုအတွင်း အင်အားအပြင်းဆုံး ငလျင်လှုပ်၊ လူ ၁၁၁ ဦးထက်မနည်း သေဆုံး
====================
ကိုလံဘီယာနိုင်ငံ အနောက်ပိုင်းတွင် ဩဂုတ် ၁၀ ရက်က အင်အား ၇ ဒသမ ၄ မဂ္ဂနီကျုဒ်ရှိ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ရာ လူ ၁၁၁ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်။

အမေရိကန် ဘူမိဗေဒတိုင်းတာရေးဌာန (USGS) ၏ အဆိုအရ ငလျင်သည် မြေအောက်အနက် ၁၀၇ ကီလိုမီတာခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ငလျင်ဗဟိုချက်မှာ လူနေထိုင်မှုနည်းပါးသည့် Chocó ပြည်နယ်ရှိ San José del Palmar မြို့အနီးတွင် တည်ရှိခဲ့ပြီး ငလျင်ကြောင့် အဆိုးရွားဆုံး သေဆုံးမှုများမှာ Risaralda ပြည်နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကိုလံဘီယာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် Cali မြို့တွင်လည်း ငလျင်ဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရသော်လည်း သေဆုံးသူရှိ၊ မရှိနှင့်ပတ်သက်၍ ဒေသခံအာဏာပိုင်များက အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း Reuters က ဖော်ပြသည်။

ကိုလံဘီယာ ဘူမိဗေဒဌာနက ယင်းငလျင်သည် ၂၁ ရာစုအတွင်း ကိုလံဘီယာနိုင်ငံတွင် မှတ်တမ်းတင်ထားသည့် အင်အားအပြင်းဆုံး ငလျင် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ကိုလံဘီယာနိုင်ငံသည် အဓိက ကမ္ဘာမြေထုချပ်ပြားများ ဆုံစည်းရာဒေသတွင် တည်ရှိသောကြောင့် ကမ္ဘာပေါ်တွင် ငလျင်လှုပ်ခတ်မှု အများဆုံးဒေသများထဲမှ တစ်ခုဖြစ်သည်။

သို့သော် ကိုလံဘီယာတွင် ဖြစ်ပွားသည့် ငလျင်အများအပြားမှာ မြေအောက်အနက်ပိုင်း၌ ဖြစ်ပေါ်လေ့ရှိသဖြင့် မြေပြင်ပေါ်သို့ ရောက်ရှိချိန်တွင် ငလျင်၏ ပြင်းအား လျော့ကျလေ့ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ရာစုနှစ်အတွင်း ကိုလံဘီယာနိုင်ငံ၌ ရစ်ခ်တာစကေး ၇ အထက်ရှိ အင်အားပြင်းငလျင်များ ဖြစ်ပွားမှုမှာ အနည်းငယ်သာရှိခဲ့ကြောင်း သိရသည်။

ယခုငလျင်သည် ကိုလံဘီယာသမ္မတသစ် Abelardo De La Espriella ကျမ်းသစ္စာကျိန်ဆိုပြီး ရက်ပိုင်းအကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။