ယြမ္ ၂၀၀၀ တန္ က်န္းမာေရး လက္ စြပ္ Casio မိတ္ဆက္

ယြမ္ ၂၀၀၀ တန္ က်န္းမာေရးလက္စြပ္ Casio မိတ္ဆက္
=======================
Casio CRW-H001M-8 က လက္စြပ္ဆိုေပမယ့္ အေသးစားနာရီ mini-watch ေလးနဲ႔ ပိုတူပါတယ္။ Casio ရဲ႕ ဂႏၶဝင္ ေငြေရာင္ LCD ဒိုင္ခြက္ေပၚမွာ နာရီမ်က္ႏွာျပင္ clock face ၊ အခ်ိန္မွတ္ stopwatch နဲ႔ ျပကၡဒိန္အခ်ိန္ဇယားေတြ ၾကည့္ႏိုင္ပါတယ္။
က်န္းမာေရးသုံး စမတ္လက္စြပ္ျဖစ္လို sensor နဲ႔ ႏွလုံးခုန္တိုင္းတာ ၊ ေသြးထဲက ေအာက္ဆီဂ်င္ level စစ္တာ ၊ ကိုယ္အပူခ်ိန္နဲ႔ အိပ္စက္မႈအေျခအေန ေျခရာခံတာေတြ ပါပါတယ္။ ဒီလက္စြပ္ဝတ္ထားရင္ တစ္ေန႔ ေျခလွမ္းဘယ္ႏွစ္လွမ္း လွမ္းျဖစ္ၿပီး ကယ္လိုရီဘယ္ေလာက္ ေလာင္ကြၽမ္းတယ္ဆိုတာပါ သိႏိုင္မွာပါ။
လက္စြပ္ေသးေသးေလး ဆိုေပမယ့္ အေျပး ၊ စက္ဘီးစီး စတဲ့ sports mode ေတြ ေထာက္ပံ့ထားသလို အမ်ိဳးသမီးေတြရဲ႕ ဓမၼတာစက္ဝန္းၾကည့္တာပါ ကူညီေပးႏိုင္ပါတယ္။ ဖုန္းနဲ႔ မက္ေဆ့ခ်္ဝင္လာရင္ တုန္ခါစနစ္နဲ႔ အသိေပးပါတယ္။ဒီလက္စြပ္က small/medium/large ဆိုဒ္ ၃ မ်ိဳးနဲ႔ လာပါတယ္။
ဘက္ထရီ life ကေတာ့ သုံးတဲ့အေပၚ လိုက္ၿပီး ၄ ရက္ကေန ၆ ရက္အထိ အားခံမယ္လို ေျပာပါတယ္။ Casio လက္စြပ္က AIZO Ring app ကေနတစ္ဆင့္ ဖုန္းနဲ႔ တိုက္႐ိုက္ခ်ိတ္ၿပီးလည္း က်န္းမာေရးမွတ္တမ္းေတြ ၾကည့္လို ရပါတယ္။ Android ၊ iPhone နဲ႔ HarmonyOS အကုန္လုံးလည္း support ေပးပါတယ္။
အခုကေတာ့ တ႐ုတ္ေဈးကြက္ထဲ ၁၉၉၀ ယြမ္ (၂၉၄ ေဒၚလာဝန္းက်င္) နဲ႔ စဝင္ပါတယ္။ မၾကာခင္ Global ပါ ျဖန႔္ဖို ရွိပါတယ္။ ေဒၚလာ ၃၀၀ တန္ Casioလက္စြပ္က ရွိးထုတ္လိုေကာင္း႐ုံထက္ ပိုတဲ့ gadget ျဖစ္လာမွာပါ။ #Duwun
ယွမ် ၂၀၀၀ တန် ကျန်းမာရေးလက်စွပ် Casio မိတ်ဆက်
=======================
Casio CRW-H001M-8 က လက်စွပ်ဆိုပေမယ့် အသေးစားနာရီ mini-watch လေးနဲ့ ပိုတူပါတယ်။ Casio ရဲ့ ဂန္ဓဝင် ငွေရောင် LCD ဒိုင်ခွက်ပေါ်မှာ နာရီမျက်နှာပြင် clock face ၊ အချိန်မှတ် stopwatch နဲ့ ပြက္ခဒိန်အချိန်ဇယားတွေ ကြည့်နိုင်ပါတယ်။
ကျန်းမာရေးသုံး စမတ်လက်စွပ်ဖြစ်လို sensor နဲ့ နှလုံးခုန်တိုင်းတာ ၊ သွေးထဲက အောက်ဆီဂျင် level စစ်တာ ၊ ကိုယ်အပူချိန်နဲ့ အိပ်စက်မှုအခြေအနေ ခြေရာခံတာတွေ ပါပါတယ်။ ဒီလက်စွပ်ဝတ်ထားရင် တစ်နေ့ ခြေလှမ်းဘယ်နှစ်လှမ်း လှမ်းဖြစ်ပြီး ကယ်လိုရီဘယ်လောက် လောင်ကျွမ်းတယ်ဆိုတာပါ သိနိုင်မှာပါ။
လက်စွပ်သေးသေးလေး ဆိုပေမယ့် အပြေး ၊ စက်ဘီးစီး စတဲ့ sports mode တွေ ထောက်ပံ့ထားသလို အမျိုးသမီးတွေရဲ့ ဓမ္မတာစက်ဝန်းကြည့်တာပါ ကူညီပေးနိုင်ပါတယ်။ ဖုန်းနဲ့ မက်ဆေ့ချ်ဝင်လာရင် တုန်ခါစနစ်နဲ့ အသိပေးပါတယ်။ဒီလက်စွပ်က small/medium/large ဆိုဒ် ၃ မျိုးနဲ့ လာပါတယ်။
ဘက်ထရီ life ကတော့ သုံးတဲ့အပေါ် လိုက်ပြီး ၄ ရက်ကနေ ၆ ရက်အထိ အားခံမယ်လို ပြောပါတယ်။ Casio လက်စွပ်က AIZO Ring app ကနေတစ်ဆင့် ဖုန်းနဲ့ တိုက်ရိုက်ချိတ်ပြီးလည်း ကျန်းမာရေးမှတ်တမ်းတွေ ကြည့်လို ရပါတယ်။ Android ၊ iPhone နဲ့ HarmonyOS အကုန်လုံးလည်း support ပေးပါတယ်။
အခုကတော့ တရုတ်ဈေးကွက်ထဲ ၁၉၉၀ ယွမ် (၂၉၄ ဒေါ်လာဝန်းကျင်) နဲ့ စဝင်ပါတယ်။ မကြာခင် Global ပါ ဖြန့်ဖို ရှိပါတယ်။ ဒေါ်လာ ၃၀၀ တန် Casioလက်စွပ်က ရှိးထုတ်လိုကောင်းရုံထက် ပိုတဲ့ gadget ဖြစ်လာမှာပါ။ #Duwun



