ေလ့က်င့္ေရး ဝတ္စုံ အ တြ က္ ေပါင္ သန္း ၂၀ တန္ စ ပြ န္ဆာ စာခ်ဳပ္ကို မန္ယူ ခ်ဳပ္ဆို

ေလ့က်င့္ေရး ဝတ္စုံအတြက္ ေပါင္ သန္း ၂၀ တန္ စပြန္ဆာ စာခ်ဳပ္ကို မန္ယူ ခ်ဳပ္ဆို
=================
မန္ယူအသင္းဟာ ေလ့က်င့္ေရး၀တ္စုံစပြန္ဆာအျဖစ္ Betway နဲ႔ လက္တြဲခဲ့ၿပီး တစ္ႏွစ္ေပါင္သန္း(၂၀) ရရွိမယ္လို႔ သိရပါတယ္။

မန္ယူအသင္းက Betway နဲ႔ ႏွစ္ရွည္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီး ေလ့က်င့္ေရး၀တ္စုံစပြန္ဆာေတြထဲမွာ တန္ဖိုးအႀကီးဆုံးအျဖစ္ မွတ္တမ္း၀င္ခဲ့ေၾကာင္း မီဒီယာေတြက ေဖာ္ျပခဲ့ပါတယ္။

မန္ယူအသင္းဟာ ၿပီးခဲ့တဲ့ရာသီမွာ ေလ့က်င့္ေရး၀တ္စုံစပြန္ဆာမရွိဘဲ ျဖတ္သန္းခဲ့ရၿပီး ဒီရာသီမွာေတာ့ ခ်န္ပီယံလိဂ္၀င္ခြင့္ ျပန္လည္ရရွိျခင္းနဲ႔အတူ ေလ့က်င့္ေရး၀တ္စုံစပြန္ဆာလည္း ျပန္လည္ရရွိခဲ့တာပါ။

မန္ယူအသင္းဟာ Betway ရဲ႕ Logo ကို အမ်ိဳးသားအသင္းနဲ႔ အမ်ိဳးသမီးအသင္းေတြရဲ႕ ၀တ္စုံရင္ဘတ္မွာ တပ္ဆင္ၿပီး အသုံးျပဳခြင့္ရရွိမွာျဖစ္ေၾကာင္း သိရပါတယ္။

ပရီးမီးယားလိဂ္ရဲ႕ စည္းမ်ဥ္းအရ လာမယ့္ ၂၀၂၆-၂၇ ရာသီကစၿပီး ေလာင္ကစားကုမၸဏီေတြရဲ႕ အမွတ္တံဆိပ္ကို အက်ႌရင္ဘတ္စပြန္ဆာအျဖစ္ အသုံးျပဳခြင့္မရွိေတာ့ေပမဲ့ ေလ့က်င့္ေရး၀တ္စုံစပြန္ဆာနဲ႔ အက်ႌလက္ေမာင္းစပြန္ဆာအျဖစ္ေတာ့ ခြင့္ျပဳေပးထားေၾကာင္း သိရပါတယ္။

ဒါေၾကာင့္ Betway က မန္ယူအသင္းရဲ႕ ေလ့က်င့္ေရး၀တ္စုံစပြန္ဆာအျဖစ္ စံခ်ိန္တင္တန္ဖိုးပမာဏနဲ႔ လက္တြဲခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရပါတယ္။


လေ့ကျင့်ရေး ဝတ်စုံအတွက် ပေါင် သန်း ၂၀ တန် စပွန်ဆာ စာချုပ်ကို မန်ယူ ချုပ်ဆို
=================
မန်ယူအသင်းဟာ လေ့ကျင့်ရေး၀တ်စုံစပွန်ဆာအဖြစ် Betway နဲ့ လက်တွဲခဲ့ပြီး တစ်နှစ်ပေါင်သန်း(၂၀) ရရှိမယ်လို့ သိရပါတယ်။

မန်ယူအသင်းက Betway နဲ့ နှစ်ရှည်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး လေ့ကျင့်ရေး၀တ်စုံစပွန်ဆာတွေထဲမှာ တန်ဖိုးအကြီးဆုံးအဖြစ် မှတ်တမ်း၀င်ခဲ့ကြောင်း မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

မန်ယူအသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ လေ့ကျင့်ရေး၀တ်စုံစပွန်ဆာမရှိဘဲ ဖြတ်သန်းခဲ့ရပြီး ဒီရာသီမှာတော့ ချန်ပီယံလိဂ်၀င်ခွင့် ပြန်လည်ရရှိခြင်းနဲ့အတူ လေ့ကျင့်ရေး၀တ်စုံစပွန်ဆာလည်း ပြန်လည်ရရှိခဲ့တာပါ။

မန်ယူအသင်းဟာ Betway ရဲ့ Logo ကို အမျိုးသားအသင်းနဲ့ အမျိုးသမီးအသင်းတွေရဲ့ ၀တ်စုံရင်ဘတ်မှာ တပ်ဆင်ပြီး အသုံးပြုခွင့်ရရှိမှာဖြစ်ကြောင်း သိရပါတယ်။

ပရီးမီးယားလိဂ်ရဲ့ စည်းမျဉ်းအရ လာမယ့် ၂၀၂၆-၂၇ ရာသီကစပြီး လောင်ကစားကုမ္ပဏီတွေရဲ့ အမှတ်တံဆိပ်ကို အင်္ကျီရင်ဘတ်စပွန်ဆာအဖြစ် အသုံးပြုခွင့်မရှိတော့ပေမဲ့ လေ့ကျင့်ရေး၀တ်စုံစပွန်ဆာနဲ့ အင်္ကျီလက်မောင်းစပွန်ဆာအဖြစ်တော့ ခွင့်ပြုပေးထားကြောင်း သိရပါတယ်။

ဒါကြောင့် Betway က မန်ယူအသင်းရဲ့ လေ့ကျင့်ရေး၀တ်စုံစပွန်ဆာအဖြစ် စံချိန်တင်တန်ဖိုးပမာဏနဲ့ လက်တွဲခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။