Esports World Cup 2026 ၿပိဳင္ ပြဲမွာ YG အသင္း ဒုတိယရရွိခဲ့

Esports World Cup 2026 ၿပိဳင္ပြဲမွာ YG အသင္း ဒုတိယရရွိခဲ့
=======================
၂၀၂၆ Esports ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ ျမန္မာႏိုင္ငံကိုယ္စားျပဳ Yangon Galacticos(YG)အသင္း ဒုတိယဆုဆြတ္ခူးရရွိေၾကာင္းသိရသည္။ ျမန္မာႏိုင္ငံကိုယ္စားျပဳ Yangon Galacticos အသင္းသည္ ျပင္သစ္ႏိုင္ငံ Paris ၿမိဳ႕၌က်င္းပသည့္ ၂၀၂၆ Esports ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ ကမာၻတစ္ဝန္းမွ ထိပ္တန္း Mobile Legends: Bang Bang အသင္းမ်ားႏွင့္ယွဥ္ၿပိဳင္ခဲ့ၿပီး အဆင့္ဆင့္ေသာပြဲစဥ္မ်ားကို ေအာင္ျမင္စြာေက်ာ္ျဖတ္ကာ Grand Final အဆင့္အထိ တက္ေရာက္ႏိုင္ခဲ့သည္။

ယခုေအာင္ျမင္မႈသည္ Yangon Galacticos အသင္း၏ မဆုတ္မနစ္ေသာႀကိဳးစားအားထုတ္မႈ၊ စည္းလုံးညီၫြတ္မႈ၊ တိက်ေသာနည္းဗ်ဴဟာမ်ားႏွင့္ ကမာၻ႔အဆင့္ၿပိဳင္ဘက္မ်ားကိုယွဥ္ၿပိဳင္ႏိုင္သည့္ ျမန္မာ့ Esports စြမ္းရည္ကို ကမာၻ႔စင္ျမင့္ေပၚတြင္ထပ္မံသက္ေသျပႏိုင္ခဲ့သည့္ သမိုင္းဝင္မွတ္တိုင္တစ္ခုျဖစ္သည္။ ၂၀၂၆ Esports ကမာၻ႔ဖလားၿပိဳင္ပြဲ Mobile Legends : Bang Bang ၿပိဳင္ပြဲတြင္ 1st Runner-Up (ဒုတိယဆု)ရရွိခဲ့သည့္အတြက္ Yangon Galacticosအ သင္းသည္ ဆုေၾကးေငြ အေမရိကန္ေဒၚလာ ၅၀၀၀၀၀ (ခန႔္မွန္းျမန္မာက်ပ္ေငြ ၂၀၀၀၀၀၀၀၀၀ က်ပ္ / က်ပ္သိန္း ၂၀၀၀၀ ခန႔္)ကို ရရွိခဲ့ေၾကာင္းသိရသည္။

ခ်န္ပီယံ Team Spirit အသင္းက ဆုေၾကး ေဒၚလာ တစ္သန္း ဆြတ္ခူးခဲ့ၿပီး YG အသင္းမွာ ေဒၚလာ ငါးသိန္း ရရွိခဲ့ပါသည္။ ယင္းေအာင္ျမင္မႈသည္ Yangon Galacticos အသင္းအတြက္သာမက ျမန္မာႏိုင္ငံရွိ Esports ကစားသမားမ်ားႏွင့္ မ်ိဳးဆက္သစ္ကစားသမားမ်ားအတြက္ ႏိုင္ငံတကာစင္ျမင့္ေပၚသို႔တက္လွမ္းႏိုင္မည့္ လမ္းေၾကာင္းမ်ားကို ပိုမိုေဖာ္ေဆာင္ေပးႏိုင္သည့္ အေရးပါေသာေအာင္ျမင္မႈတစ္ရပ္လည္းျဖစ္သည္။

ျမန္မာႏိုင္ငံအီလက္ထေရာနစ္အားကစားအဖြဲ႕ခ်ဳပ္(MESF)သည္ ျမန္မာႏိုင္ငံကိုယ္စားျပဳ Yangon Galacticos အသင္း၏ သမိုင္းဝင္ေအာင္ျမင္မႈကို ဂုဏ္ယူစြာမွတ္တမ္းတင္ေၾကာင္းႏွင့္ ျမန္မာ့ Esports အနာဂတ္ခ်န္ပီယံမ်ားဆက္လက္ေပၚထြက္လာေစရန္ႏွင့္ Esports ေလာက ပိုမိုဖြံ႕ၿဖိဳးတိုးတက္လာေစရန္ ဆက္လက္ႀကိဳးပမ္းသြားမည္ျဖစ္ေၾကာင္းသိရသည္။


Esports World Cup 2026 ပြိုင်ပွဲမှာ YG အသင်း ဒုတိယရရှိခဲ့
=======================
၂၀၂၆ Esports ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု Yangon Galacticos(YG)အသင်း ဒုတိယဆုဆွတ်ခူးရရှိကြောင်းသိရသည်။ မြန်မာနိုင်ငံကိုယ်စားပြု Yangon Galacticos အသင်းသည် ပြင်သစ်နိုင်ငံ Paris မြို့၌ကျင်းပသည့် ၂၀၂၆ Esports ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကမ္ဘာတစ်ဝန်းမှ ထိပ်တန်း Mobile Legends: Bang Bang အသင်းများနှင့်ယှဉ်ပြိုင်ခဲ့ပြီး အဆင့်ဆင့်သောပွဲစဉ်များကို အောင်မြင်စွာကျော်ဖြတ်ကာ Grand Final အဆင့်အထိ တက်ရောက်နိုင်ခဲ့သည်။

ယခုအောင်မြင်မှုသည် Yangon Galacticos အသင်း၏ မဆုတ်မနစ်သောကြိုးစားအားထုတ်မှု၊ စည်းလုံးညီညွတ်မှု၊ တိကျသောနည်းဗျူဟာများနှင့် ကမ္ဘာ့အဆင့်ပြိုင်ဘက်များကိုယှဉ်ပြိုင်နိုင်သည့် မြန်မာ့ Esports စွမ်းရည်ကို ကမ္ဘာ့စင်မြင့်ပေါ်တွင်ထပ်မံသက်သေပြနိုင်ခဲ့သည့် သမိုင်းဝင်မှတ်တိုင်တစ်ခုဖြစ်သည်။ ၂၀၂၆ Esports ကမ္ဘာ့ဖလားပြိုင်ပွဲ Mobile Legends : Bang Bang ပြိုင်ပွဲတွင် 1st Runner-Up (ဒုတိယဆု)ရရှိခဲ့သည့်အတွက် Yangon Galacticosအ သင်းသည် ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၅၀၀၀၀၀ (ခန့်မှန်းမြန်မာကျပ်ငွေ ၂၀၀၀၀၀၀၀၀၀ ကျပ် / ကျပ်သိန်း ၂၀၀၀၀ ခန့်)ကို ရရှိခဲ့ကြောင်းသိရသည်။

ချန်ပီယံ Team Spirit အသင်းက ဆုကြေး ဒေါ်လာ တစ်သန်း ဆွတ်ခူးခဲ့ပြီး YG အသင်းမှာ ဒေါ်လာ ငါးသိန်း ရရှိခဲ့ပါသည်။ ယင်းအောင်မြင်မှုသည် Yangon Galacticos အသင်းအတွက်သာမက မြန်မာနိုင်ငံရှိ Esports ကစားသမားများနှင့် မျိုးဆက်သစ်ကစားသမားများအတွက် နိုင်ငံတကာစင်မြင့်ပေါ်သို့တက်လှမ်းနိုင်မည့် လမ်းကြောင်းများကို ပိုမိုဖော်ဆောင်ပေးနိုင်သည့် အရေးပါသောအောင်မြင်မှုတစ်ရပ်လည်းဖြစ်သည်။

မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ်(MESF)သည် မြန်မာနိုင်ငံကိုယ်စားပြု Yangon Galacticos အသင်း၏ သမိုင်းဝင်အောင်မြင်မှုကို ဂုဏ်ယူစွာမှတ်တမ်းတင်ကြောင်းနှင့် မြန်မာ့ Esports အနာဂတ်ချန်ပီယံများဆက်လက်ပေါ်ထွက်လာစေရန်နှင့် Esports လောက ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းသိရသည်။