ထိုင္းဘုရင့္ဖလား ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲ ျမန္မာယွဥ္ၿပိဳင္မည္

ထိုင္းဘုရင့္ဖလား ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲ ျမန္မာယွဥ္ၿပိဳင္မည္
=======================
(၃၉) ႀကိမ္ေျမာက္ ထိုင္းဘုရင့္ဖလား ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲကို ျမန္မာအမ်ိဳးသား၊ အမ်ိဳးသမီး ပိုက္ေက်ာ္ျခင္းလက္ေ႐ြးစင္အသင္းမ်ား ဝင္ေရာက္ယွဥ္ၿပိဳင္သြားမွာျဖစ္ေၾကာင္း သိရပါတယ္။

ထိုင္းဘုရင့္ဖလား ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲ ကို ၾသဂုတ္ ၃ ရက္မွ ၁၁ ရက္အထိ ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳရွိ Fashion Island Tetminal -21 မွာ က်င္းပျပဳလုပ္မွာ ျဖစ္ပါတယ္။

ၿပိဳင္ပြဲကို ႏိုင္ငံေပါင္း ၁၉ ႏိုင္ငံက အမ်ိဳးသား၊ အမ်ိဳးသမီးပိုက္ေက်ာ္ျခင္းအသင္းမ်ား ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမွာျဖစ္ၿပီး အမ်ိဳးအစား ေျခာက္မ်ိဳး ထည့္သြင္းက်င္းပမွာျဖစ္ေၾကာင္း သိရပါတယ္။

ျမန္မာပိုက္ေက်ာ္ျခင္းအဖြဲဟာ ၿပိဳင္ပြဲကို အုပ္ခ်ဳပ္၊နည္းျပ ေျခာက္ဦး၊ အမ်ိဳးသားကစားသမား ၁၅ ဦး၊ အမ်ိဳးသမီး ကစားသမား ကိုးဦးတိုနဲ႔ ဝင္ေရာက္ယွဥ္ၿပိဳင္သြားမွာျဖစ္ေၾကာင္း သိရပါတယ္။

ျမန္မာအမ်ိဳးသား ပိုက္ေက်ာ္ျခင္းအသင္းဟာ သုံး ေယာက္တြဲအသင္းလိုက္(Men Team Regu)၊ ေလးေယာက္တြဲ(Men Quadrant) နဲ႔ ကြင္းသြင္းျခင္းခတ္(Men Hoop) အမ်ိဳးအစားတိုမွာ ယွဥ္ၿပိဳင္မွာ ျဖစ္ပါတယ္။

ျမန္မာအမ်ိဳးသမီးပိုက္ေက်ာ္ျခင္းအသင္းဟာ ႏွစ္ေယာက္တြဲ(Women Doublr)၊ ေလးေယာက္တြဲ(Women Quadrant) နဲ႔ ကြင္းသြင္းျခင္းခတ္(Women Hoop) အမ်ိဳးအ စားတို႔မွာ ယွဥ္ၿပိဳင္မွာ ျဖစ္ပါတယ္။


ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ မြန်မာယှဉ်ပြိုင်မည်
=======================
(၃၉) ကြိမ်မြောက် ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲကို မြန်မာအမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းလက်ရွေးစင်အသင်းများ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း သိရပါတယ်။

ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ ကို သြဂုတ် ၃ ရက်မှ ၁၁ ရက်အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြိုရှိ Fashion Island Tetminal -21 မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

ပြိုင်ပွဲကို နိုင်ငံပေါင်း ၁၉ နိုင်ငံက အမျိုးသား၊ အမျိုးသမီးပိုက်ကျော်ခြင်းအသင်းများ ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး အမျိုးအစား ခြောက်မျိုး ထည့်သွင်းကျင်းပမှာဖြစ်ကြောင်း သိရပါတယ်။

မြန်မာပိုက်ကျော်ခြင်းအဖွဲဟာ ပြိုင်ပွဲကို အုပ်ချုပ်၊နည်းပြ ခြောက်ဦး၊ အမျိုးသားကစားသမား ၁၅ ဦး၊ အမျိုးသမီး ကစားသမား ကိုးဦးတိုနဲ့ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း သိရပါတယ်။

မြန်မာအမျိုးသား ပိုက်ကျော်ခြင်းအသင်းဟာ သုံး ယောက်တွဲအသင်းလိုက်(Men Team Regu)၊ လေးယောက်တွဲ(Men Quadrant) နဲ့ ကွင်းသွင်းခြင်းခတ်(Men Hoop) အမျိုးအစားတိုမှာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

မြန်မာအမျိုးသမီးပိုက်ကျော်ခြင်းအသင်းဟာ နှစ်ယောက်တွဲ(Women Doublr)၊ လေးယောက်တွဲ(Women Quadrant) နဲ့ ကွင်းသွင်းခြင်းခတ်(Women Hoop) အမျိုးအ စားတို့မှာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။