စပိန္နည္းျပပုံ တက္တူးထိုးလိုက္တဲ့ ကူကူရယ္လာ

စပိန္နည္းျပပုံ တက္တူးထိုးလိုက္တဲ့ ကူကူရယ္လာ
=================
ရီးယဲလ္မက္ဒရစ္ဘယ္ေနာက္ခံလူ ကစားသမားသစ္ ကူကူရယ္လာဟာ သူ႔ရဲ႕ စပိန္လက္ေ႐ြးစင္အသင္းနည္းျပ လူးဝစ္ ဒယ္လာဖြန္ေတရဲ႕ ႐ုပ္ပုံကို ခႏၶာကိုယ္မွာ တက္တူးထိုးခဲ့ပါတယ္။
နည္းျပ ဖြန္ေတက စပိန္အသင္းကို ကမာၻ႔ဖလားခ်န္ပီယံဆုႀကီး ရရွိေအာင္ စြမ္းေဆာင္ေပးခဲ့သူပါ။ ကူကူရယ္လာကေတာ့ နည္းျပအေပၚထားတဲ့ သူ႔ရဲ႕ကတိကို အခုလို တည္ခဲ့တာ ျဖစ္ပါတယ္။
ကူကူရယ္လာဟာ ကမာၻ႔ဖလားၿပိဳင္ပြဲႀကီး မစတင္ခင္တုန္းက နည္းျပ လူးဝစ္ ဒယ္လာ ဖြန္ေတကို ကတိတခု ေပးထားခဲ့တာပါ။
စပိန္အသင္း ကမာၻ႔ဖလားရရွိခဲ့ရင္ နည္းျပရဲ႕ပုံကို သူ႔ခႏၶာကိုယ္မွာ တက္တူးထိုးမယ္လို႔ သူက ကတိျပဳခဲ့တာပါ။
အခုေတာ့ စပိန္အသင္း ကမာၻ႔ဖလားဆုႀကီး ရရွိခဲ့လို႔ ကတိအတိုင္း တက္တူးထိုးၿပီး ကတိတည္ခဲ့တာ ျဖစ္ပါတယ္။
စပိန်နည်းပြပုံ တက်တူးထိုးလိုက်တဲ့ ကူကူရယ်လာ
=================
ရီးယဲလ်မက်ဒရစ်ဘယ်နောက်ခံလူ ကစားသမားသစ် ကူကူရယ်လာဟာ သူ့ရဲ့ စပိန်လက်ရွေးစင်အသင်းနည်းပြ လူးဝစ် ဒယ်လာဖွန်တေရဲ့ ရုပ်ပုံကို ခန္ဓာကိုယ်မှာ တက်တူးထိုးခဲ့ပါတယ်။
နည်းပြ ဖွန်တေက စပိန်အသင်းကို ကမ္ဘာ့ဖလားချန်ပီယံဆုကြီး ရရှိအောင် စွမ်းဆောင်ပေးခဲ့သူပါ။ ကူကူရယ်လာကတော့ နည်းပြအပေါ်ထားတဲ့ သူ့ရဲ့ကတိကို အခုလို တည်ခဲ့တာ ဖြစ်ပါတယ်။
ကူကူရယ်လာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး မစတင်ခင်တုန်းက နည်းပြ လူးဝစ် ဒယ်လာ ဖွန်တေကို ကတိတခု ပေးထားခဲ့တာပါ။
စပိန်အသင်း ကမ္ဘာ့ဖလားရရှိခဲ့ရင် နည်းပြရဲ့ပုံကို သူ့ခန္ဓာကိုယ်မှာ တက်တူးထိုးမယ်လို့ သူက ကတိပြုခဲ့တာပါ။
အခုတော့ စပိန်အသင်း ကမ္ဘာ့ဖလားဆုကြီး ရရှိခဲ့လို့ ကတိအတိုင်း တက်တူးထိုးပြီး ကတိတည်ခဲ့တာ ဖြစ်ပါတယ်။




