ပီယာလိုကို အီတလီအသင္းနည္းျပသစ္အျဖစ္ ခန႔္အပ္

ပီယာလိုကို အီတလီအသင္းနည္းျပသစ္အျဖစ္ ခန႔္အပ္
======================
အီတလီႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္က လစ္လပ္ေနသည့္အသင္းနည္းျပရာထူးအတြက္ အသင္းဂႏၴဝင္ ကစားသမားေဟာင္းတစ္ဦးျဖစ္သည့္ ပီယာလိုအား ၂၀၃၀ ကမာၻ႔ဖလားၿပိဳင္ပြဲအထိ ခန႔္အပ္ခဲ့သည္။
အီတလီအသင္းသည္ ၂၀၁၄ ခုႏွစ္ ကမာၻ႔ဖလား ၿပိဳင္ပြဲတြင္ ေနာက္ဆုံးအႀကိမ္ပါဝင္ခဲ့ၿပီး ၂၀၁၈ ကမာၻ႔ ဖလားၿပိဳင္ပြဲ၊ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲႏွင့္ ၂၀၂၆ ၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲ သုံးႀကိမ္ဆက္ေျခစစ္ပြဲေအာင္ျမင္အသင္းအီတလီအသင္းသည္ အသင္းနည္းစနစ္ဒါ႐ိုက္တာ၊ အသင္းအားကစားဒါ႐ိုက္တာစသည့္ ထိပ္တန္း ရာထူးမ်ားအတြက္ အေျပာင္းအလဲမ်ားလုပ္ေဆာင္ၿပီးေနာက္ လက္ရွိတြင္လည္း နည္းျပေနရာအေျပာင္း အလဲ လုပ္ေဆာင္ခဲ့ျခင္းျဖစ္သည္။
အီတလီအသင္းက အေစာပိုင္းက လစ္လပ္ေနသည့္အသင္းနည္းျပ ရာထူးအတြက္ မန္စီးတီးအသင္း ႏွင့္လမ္းခြဲၿပီးေနာက္ အသင္းလက္မဲ့ျဖစ္ေနသည့္ နည္းျပဝါဒီယိုလာအားခန႔္အပ္ရန္ တရားဝင္ေဆြးေႏြးမႈမ်ား လုပ္ေဆာင္ခဲ့ေသာ္လည္း နည္းျပဂြါဒီယိုလာက တစ္ႏွစ္လုပ္ခလစာ စတာလင္ေပါင္ ၁၇ သန္းအထိ အလိုရွိၿပီး အီတလီႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္က စတာလင္ေပါင္ ၈ ဒသမ ၅ သန္းသာ အျမင့္ဆုံးေပးေခ်လိုသည့္အတြက္ ေဆြးေႏြးမႈမ်ားမေအာင္ျမင္ဘဲ နည္းျပပီယာလိုအား ခန႔္အပ္ရန္ႀကိဳးပမ္းခဲ့ရာမွ ခန႔္အပ္ႏိုင္ခဲ့ျခင္းျဖစ္သည္။
အသက္ ၄၇ ႏွစ္အ႐ြယ္ရွိ နည္းျပပီယာလိုသည္ ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝကို အီတလီအသင္းႏွင့္အတူ ၂၀၀၂ ခုႏွစ္မွစတင္ၿပီး ၂၀၁၅ ခုႏွစ္ အထိ ႏိုင္ငံတကာၿပိဳင္ပြဲစုံ ၁၁၇ ပြဲအထိ ပါဝင္ကစား ေပးခဲ့ၿပီး ၁၃ ဂိုးသြင္းယူႏိုင္ကာ အသင္းဂႏၲဝင္ကစားသမားတစ္ဦးအျဖစ္ သတ္မွတ္ခံထားရသူျဖစ္သည္။ အီတလီအသင္းသည္ ၂၀၀၆ ကမာၻ႔ဖလားၿပိဳင္ပြဲ၌ ခ်န္ပီယံဆုဆြတ္ခူးႏိုင္ခဲ့ရာတြင္ ပီယာလိုက အဓိက ကစားသမားအျဖစ္ ပါဝင္ခဲ့သူျဖစ္သည္။
နည္းျပပီယာလိုသည္ ၂၀၃၀ ျပည့္ႏွစ္အထိစာခ်ဳပ္ခ်ဳပ္ဆိုကာ တာဝန္ယူကိုင္တြယ္မည္ျဖစ္သည့္ အတြက္ ယူ႐ို ၂၀၂၈ ၿပိဳင္ပြဲႏွင့္ ၂၀၃၀ ကမာၻ႔ဖလားၿပိဳင္ပြဲတို႔ကို တာဝန္ယူကိုင္တြယ္မည္ျဖစ္ေၾကာင္း သိရသည္။
Ref.Fabrizio Romano
ပီယာလိုကို အီတလီအသင်းနည်းပြသစ်အဖြစ် ခန့်အပ်
======================
အီတလီနိုင်ငံဘောလုံးအဖွဲ့ချုပ်က လစ်လပ်နေသည့်အသင်းနည်းပြရာထူးအတွက် အသင်းဂန္ထဝင် ကစားသမားဟောင်းတစ်ဦးဖြစ်သည့် ပီယာလိုအား ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ခန့်အပ်ခဲ့သည်။
အီတလီအသင်းသည် ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် နောက်ဆုံးအကြိမ်ပါဝင်ခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ ဖလားပြိုင်ပွဲ၊ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် ၂၀၂၆ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ သုံးကြိမ်ဆက်ခြေစစ်ပွဲအောင်မြင်အသင်းအီတလီအသင်းသည် အသင်းနည်းစနစ်ဒါရိုက်တာ၊ အသင်းအားကစားဒါရိုက်တာစသည့် ထိပ်တန်း ရာထူးများအတွက် အပြောင်းအလဲများလုပ်ဆောင်ပြီးနောက် လက်ရှိတွင်လည်း နည်းပြနေရာအပြောင်း အလဲ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
အီတလီအသင်းက အစောပိုင်းက လစ်လပ်နေသည့်အသင်းနည်းပြ ရာထူးအတွက် မန်စီးတီးအသင်း နှင့်လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေသည့် နည်းပြဝါဒီယိုလာအားခန့်အပ်ရန် တရားဝင်ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့သော်လည်း နည်းပြဂွါဒီယိုလာက တစ်နှစ်လုပ်ခလစာ စတာလင်ပေါင် ၁၇ သန်းအထိ အလိုရှိပြီး အီတလီနိုင်ငံဘောလုံးအဖွဲ့ချုပ်က စတာလင်ပေါင် ၈ ဒသမ ၅ သန်းသာ အမြင့်ဆုံးပေးချေလိုသည့်အတွက် ဆွေးနွေးမှုများမအောင်မြင်ဘဲ နည်းပြပီယာလိုအား ခန့်အပ်ရန်ကြိုးပမ်းခဲ့ရာမှ ခန့်အပ်နိုင်ခဲ့ခြင်းဖြစ်သည်။
အသက် ၄၇ နှစ်အရွယ်ရှိ နည်းပြပီယာလိုသည် ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို အီတလီအသင်းနှင့်အတူ ၂၀၀၂ ခုနှစ်မှစတင်ပြီး ၂၀၁၅ ခုနှစ် အထိ နိုင်ငံတကာပြိုင်ပွဲစုံ ၁၁၇ ပွဲအထိ ပါဝင်ကစား ပေးခဲ့ပြီး ၁၃ ဂိုးသွင်းယူနိုင်ကာ အသင်းဂန္တဝင်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်သည်။ အီတလီအသင်းသည် ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့ရာတွင် ပီယာလိုက အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့သူဖြစ်သည်။
နည်းပြပီယာလိုသည် ၂၀၃၀ ပြည့်နှစ်အထိစာချုပ်ချုပ်ဆိုကာ တာဝန်ယူကိုင်တွယ်မည်ဖြစ်သည့် အတွက် ယူရို ၂၀၂၈ ပြိုင်ပွဲနှင့် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲတို့ကို တာဝန်ယူကိုင်တွယ်မည်ဖြစ်ကြောင်း သိရသည်။
Ref.Fabrizio Romano




