ခ်ဲလ္ဆီးေတာင္ပံကစားသမား ဂါနာခ်ိဳ ကို ဗီလာအသင္းက အငွားေခၚယူ

ခ်ဲလ္ဆီးေတာင္ပံကစားသမား ဂါနာခ်ိဳ ကို ဗီလာအသင္းက အငွားေခၚယူ
=======================
ခ်ယ္လ္ဆီးေတာင္ပံကစားသမား ဂါနာခ်ိဳဟာ အက္စတြန္ဗီလာအသင္းထံ တစ္ႏွစ္အငွားစာခ်ဳပ္နဲ႔ ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။ ဂါနာခ်ိဳ(၂၂ ႏွစ္)ရဲ႕အေျပာင္းအေ႐ႊ႕မွာ အၿပီးသတ္ဝယ္ယူခြင့္ရွိတဲ့အခ်က္လည္း ပါဝင္ပါတယ္။ ပြဲကစားခြင့္ အေရအတြက္၊ အျခားအခ်က္အလက္တခ်ိဳအေပၚ မူတည္ၿပီး အၿပီးသတ္အေျပာင္းအေ႐ႊ႕ ျဖစ္လာမွာပါ။ ခ်ယ္လ္ဆီးအသင္းအေနနဲ႔ အၿပီးသတ္အေျပာင္းအေ႐ႊ႕ျဖစ္ရင္ မန္ယူႏိုက္တက္ကေန ေခၚယူခ်ိန္က ေပါင္ သန္း ၄၀ ေလာက္ ျပန္ရဖို႔ရွိပါတယ္။
ချဲလ်ဆီးတောင်ပံကစားသမား ဂါနာချို ကို ဗီလာအသင်းက အငှားခေါ်ယူ
=======================
ချယ်လ်ဆီးတောင်ပံကစားသမား ဂါနာချိုဟာ အက်စတွန်ဗီလာအသင်းထံ တစ်နှစ်အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ ဂါနာချို(၂၂ နှစ်)ရဲ့အပြောင်းအရွှေ့မှာ အပြီးသတ်ဝယ်ယူခွင့်ရှိတဲ့အချက်လည်း ပါဝင်ပါတယ်။ ပွဲကစားခွင့် အရေအတွက်၊ အခြားအချက်အလက်တချိုအပေါ် မူတည်ပြီး အပြီးသတ်အပြောင်းအရွှေ့ ဖြစ်လာမှာပါ။ ချယ်လ်ဆီးအသင်းအနေနဲ့ အပြီးသတ်အပြောင်းအရွှေ့ဖြစ်ရင် မန်ယူနိုက်တက်ကနေ ခေါ်ယူချိန်က ပေါင် သန်း ၄၀ လောက် ပြန်ရဖို့ရှိပါတယ်။




