ဒကၡိဏသီရိၿမိဳ႕နယ္၌ မိုးသည္းထန္စြာ႐ြာသြန္း၍ ေစတီ ပုထိုးေတာ္မ်ားၿပိဳက် စာသင္ေက်ာင္း(၁)ေက်ာင္းကိုလည္း ေခတၱပိတ္ခဲ့ရ

ဒကၡိဏသီရိၿမိဳ႕နယ္၌ မိုးသည္းထန္စြာ႐ြာသြန္း၍ ေစတီ ပုထိုးေတာ္မ်ားၿပိဳက် စာသင္ေက်ာင္း(၁)ေက်ာင္းကိုလည္း ေခတၱပိတ္ခဲ့ရ
=====================
ေနျပည္ေတာ္၊ ဒကၡိဏသီရိၿမိဳ႕နယ္၌ ဇူလိုင္ ၂၂ ရက္ႏွင့္ ယေန႔ ဇူလိုင္ ၂၃ ရက္တိုက မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ ေစတီပုထိုးေတာ္မ်ားၿပိဳက်ကာ အေျခခံပညာစာသင္ေက်ာင္း(၁)ေက်ာင္းကိုေခတၱပိတ္ခဲ့ရေၾကာင္း သိရသည္။

ဒကၡိဏသီရိၿမိဳ႕နယ္၊ ကူႏွစ္လုံးဆည္စုေက်း႐ြာအုပ္စု၊ ဆည္စုေက်း႐ြာရွိ ဂူႏွစ္လုံးကုန္းေတာ္ေပၚတြင္တည္ ထားသည့္ ဉာဏ္ေတာ္အျမင့္(၃၀)ေပရွိ ေစတီတစ္ဆူ၊ ေ႐ႊခဲအင္းေက်း႐ြာအုပ္စု၊ စိုက္ခင္း(၃)ေက်း႐ြာ၊ ေ႐ႊဝါၿမိဳင္ဟိတဓရတကၠသီလာေက်ာင္းတိုက္ရွိ ဉာဏ္ေတာ္အျမင့္(၆)ေပခန႔္၊ အက်ယ္(၅)ေပခန႔္ ေစတီ(၉)ဆူအ နက္(၈)ဆူၿပိဳက်ပ်က္စီးခဲ့ေၾကာင္း သိရသည္။

ထိုျပင္ ေ႐ႊခဲအင္းေက်း႐ြာအုပ္စု၊ ေ႐ႊခဲအင္းေက်း႐ြာရွိ ေ႐ႊခဲအင္းဘုန္းေတာ္ႀကီးေက်ာင္းအားကာရံထားသည့္ အျမင့္(၆)ေပခန္႔ရွိ အုတ္နံရံၿခံစည္း႐ိုးအရွည္ေပ(၁၃၈) ေပခန႔္လည္းၿပိဳက်ပ်-က္စီးခဲ့ေၾကာင္း သိရသည္။

ထို႔အတူ ဒိုးႏြယ္ေက်း႐ြာအုပ္စု၊ ႐ြာသစ္ေက်း႐ြာအနီးရွိ ရေအာင္းေခ်ာင္းေရျမင့္တက္ကာ အ.ထ.က(ခြဲ)(႐ြာသစ္)အတြင္းေရဝင္ေရာက္ခဲ့သျဖင့္ ေက်ာင္းအားေခတၱပိတ္ထားခဲ့ရေၾကာင္း သိရသည္။


ဒက္ခိဏသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်း၍ စေတီ ပုထိုးတော်များပြိုကျ စာသင်ကျောင်း(၁)ကျောင်းကိုလည်း ခေတ္တပိတ်ခဲ့ရ
=====================
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၌ ဇူလိုင် ၂၂ ရက်နှင့် ယနေ့ ဇူလိုင် ၂၃ ရက်တိုက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စေတီပုထိုးတော်များပြိုကျကာ အခြေခံပညာစာသင်ကျောင်း(၁)ကျောင်းကိုခေတ္တပိတ်ခဲ့ရကြောင်း သိရသည်။

ဒက္ခိဏသီရိမြို့နယ်၊ ကူနှစ်လုံးဆည်စုကျေးရွာအုပ်စု၊ ဆည်စုကျေးရွာရှိ ဂူနှစ်လုံးကုန်းတော်ပေါ်တွင်တည် ထားသည့် ဉာဏ်တော်အမြင့်(၃၀)ပေရှိ စေတီတစ်ဆူ၊ ရွှေခဲအင်းကျေးရွာအုပ်စု၊ စိုက်ခင်း(၃)ကျေးရွာ၊ ရွှေဝါမြိုင်ဟိတဓရတက္ကသီလာကျောင်းတိုက်ရှိ ဉာဏ်တော်အမြင့်(၆)ပေခန့်၊ အကျယ်(၅)ပေခန့် စေတီ(၉)ဆူအ နက်(၈)ဆူပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

ထိုပြင် ရွှေခဲအင်းကျေးရွာအုပ်စု၊ ရွှေခဲအင်းကျေးရွာရှိ ရွှေခဲအင်းဘုန်းတော်ကြီးကျောင်းအားကာရံထားသည့် အမြင့်(၆)ပေခန့်ရှိ အုတ်နံရံခြံစည်းရိုးအရှည်ပေ(၁၃၈) ပေခန့်လည်းပြိုကျပျ-က်စီးခဲ့ကြောင်း သိရသည်။

ထို့အတူ ဒိုးနွယ်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာအနီးရှိ ရအောင်းချောင်းရေမြင့်တက်ကာ အ.ထ.က(ခွဲ)(ရွာသစ်)အတွင်းရေဝင်ရောက်ခဲ့သဖြင့် ကျောင်းအားခေတ္တပိတ်ထားခဲ့ရကြောင်း သိရသည်။