ထိုင္းက ကေမာၻဒီးယားနယ္စပ္တြင္ ၿခံစည္း႐ိုး စတင္စိုက္ထူ

ထိုင္းက ကေမာၻဒီးယားနယ္စပ္တြင္ ၿခံစည္း႐ိုး စတင္စိုက္ထူ
===========================
၂၀၂၅ ခုႏွစ္အတြင္း တိုက္ပြဲႏွစ္ႀကိမ္ျဖစ္ပြားမႈအၿပီး ကေမာၻဒီးယားႏိုင္ငံႏွင့္ နယ္စပ္တင္းမာမႈမ်ား ဆက္ရွိေနစဥ္ ထိုင္းႏိုင္ငံကကေမာၻဒီးယားႏွင့္နယ္စပ္တစ္ေလွ်ာက္၌ ပထမဆုံးနယ္စပ္ၿခံစည္း႐ိုးအပိုင္းကို တည္ေဆာက္ၿပီးစီးခဲ့ၿပီျဖစ္ေၾကာင္း ဇူလိုင္လ၂၂ ရက္တြင္ ထုတ္ျပန္သည္။
သံဆူးႀကိဳးမ်ား၊ သံဆန္ခါမ်ားႏွင့္ ခိုင္ခံ့ေသာကြန္ကရစ္တိုင္မ်ားျဖင့္ ျပဳလုပ္ထားသည့္ ဖုန္နမ္႐ြန္ ခ႐ိုင္ရွိ အရွည္ ၁ ဒသမ ၃ကီလိုမီတာရွိၿခံစည္း႐ိုးသည္ ေရရွည္လုံၿခဳံေရးအတြက္ရည္႐ြယ္ကာ ႀကံ့ခိုင္မႈရွိရွိ တည္ေဆာက္ထားျခင္းျဖစ္ၿပီး လက္နက္ငယ္ပစ္ခတ္မႈမ်ားကို ကာကြယ္ႏိုင္ေၾကာင္း ထိုင္းတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က သတင္းေထာက္မ်ားကို ေျပာၾကားသည္။
ထို႔ျပင္ ၈၁၇ ကီလိုမီတာရွည္လ်ားသည့္ နယ္စပ္တစ္ေလွ်ာက္ ေျမျပင္အေနအထား ခြင့္ျပဳသည့္ ေနရာမ်ားတြင္ အလားတူၿခံစည္း႐ိုးကို အရွည္ ၇ ကီလိုမီတာေက်ာ္ ထပ္မံတိုးခ်ဲ႕တည္ေဆာက္ရန္ စီစဥ္ ေနေၾကာင္း၎ကဆိုသည္။ ၂၀၂၅ ခုႏွစ္ ဇူလိုင္လႏွင့္ဒီဇင္ဘာလတို႔အတြင္း ျဖစ္ပြားခဲ့ေသာ နယ္ေျမ ပိုင္ဆိုင္မႈ အျငင္းပြားဖြယ္ရာမ်ားမွတစ္ဆင့္ ေလေၾကာင္းတိုက္ခိုက္မႈမ်ားႏွင့္ လက္နက္ ႀကီးပစ္ခတ္မႈမ်ား အထိ ပါဝင္သည့္တိုက္ပြဲမ်ားျဖစ္ပြားခဲ့ရာ လူ ၁၅၀ နီးပါး ေသဆုံးၿပီး မိသားစု ၃ သိန္းခန႔္ေနရပ္စြန႔္ခြာရသည္။
ထိုင်းက ကမ္ဘောဒီးယားနယ်စပ်တွင် ခြံစည်းရိုး စတင်စိုက်ထူ
===========================
၂၀၂၅ ခုနှစ်အတွင်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားမှုအပြီး ကမ္ဘောဒီးယားနိုင်ငံနှင့် နယ်စပ်တင်းမာမှုများ ဆက်ရှိနေစဉ် ထိုင်းနိုင်ငံကကမ္ဘောဒီးယားနှင့်နယ်စပ်တစ်လျှောက်၌ ပထမဆုံးနယ်စပ်ခြံစည်းရိုးအပိုင်းကို တည်ဆောက်ပြီးစီးခဲ့ပြီဖြစ်ကြောင်း ဇူလိုင်လ၂၂ ရက်တွင် ထုတ်ပြန်သည်။
သံဆူးကြိုးများ၊ သံဆန်ခါများနှင့် ခိုင်ခံ့သောကွန်ကရစ်တိုင်များဖြင့် ပြုလုပ်ထားသည့် ဖုန်နမ်ရွန် ခရိုင်ရှိ အရှည် ၁ ဒသမ ၃ကီလိုမီတာရှိခြံစည်းရိုးသည် ရေရှည်လုံခြုံရေးအတွက်ရည်ရွယ်ကာ ကြံ့ခိုင်မှုရှိရှိ တည်ဆောက်ထားခြင်းဖြစ်ပြီး လက်နက်ငယ်ပစ်ခတ်မှုများကို ကာကွယ်နိုင်ကြောင်း ထိုင်းတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သတင်းထောက်များကို ပြောကြားသည်။
ထို့ပြင် ၈၁၇ ကီလိုမီတာရှည်လျားသည့် နယ်စပ်တစ်လျှောက် မြေပြင်အနေအထား ခွင့်ပြုသည့် နေရာများတွင် အလားတူခြံစည်းရိုးကို အရှည် ၇ ကီလိုမီတာကျော် ထပ်မံတိုးချဲ့တည်ဆောက်ရန် စီစဉ် နေကြောင်း၎င်းကဆိုသည်။ ၂၀၂၅ ခုနှစ် ဇူလိုင်လနှင့်ဒီဇင်ဘာလတို့အတွင်း ဖြစ်ပွားခဲ့သော နယ်မြေ ပိုင်ဆိုင်မှု အငြင်းပွားဖွယ်ရာများမှတစ်ဆင့် လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက် ကြီးပစ်ခတ်မှုများ အထိ ပါဝင်သည့်တိုက်ပွဲများဖြစ်ပွားခဲ့ရာ လူ ၁၅၀ နီးပါး သေဆုံးပြီး မိသားစု ၃ သိန်းခန့်နေရပ်စွန့်ခွာရသည်။




