အသက္ ၁၅ ႏွစ္ေအာက္ကေလးမ်ားကို လူမႈမီဒီယာ သုံးစြဲမႈပိတ္ပင္ရန္ ဒိန္းမတ္အစိုးရစီစဥ္

အသက္ ၁၅ ႏွစ္ေအာက္ကေလးမ်ားကို လူမႈမီဒီယာ သုံးစြဲမႈပိတ္ပင္ရန္ ဒိန္းမတ္အစိုးရစီစဥ္
==================
အသက္ ၁၅ ႏွစ္ေအာက္ ကေလးမ်ား လူမႈမီဒီယာသုံးစြဲမႈပိတ္ပင္ရန္ စီစဥ္ထားေၾကာင္း ဒိန္းမတ္အစိုးရက ႏိုဝင္ဘာလ ၇ ရက္တြင္ သတင္းထုတ္ျပန္ထားသည္။
ကေလးငယ္မ်ား လူမႈမီဒီယာသုံးစြဲမႈကိုကန႔္သတ္ရန္ ဒိန္းမတ္ဝန္ႀကီးခ်ဳပ္ မက္တီဖရက္ဒရစ္ဆင္ က ၿပီးခဲ့သည့္လအတြင္း တိုက္တြန္းခဲ့ၿပီးေနာက္ အသက္ ၁၅ ႏွစ္ေအာက္ကေလးမ်ား လူမႈမီဒီယာသုံးစြဲမႈကို ပိတ္ပင္ရန္ ဒိန္းမတ္အစိုးရက စီစဥ္ထားျခင္းျဖစ္သည္။
အသက္ ၁၅ ႏွစ္ေအာက္ကေလးမ်ား လူမႈမီဒီယာသုံးစြဲမႈ ပိတ္ပင္ ေရးအစီအစဥ္ကို ဒိန္းမတ္လႊတ္ေတာ္အတြင္းရွိ ႏိုင္ငံေရးပါတီအမ်ားစုက သေဘာတူထားေၾကာင္း ဒိန္းမတ္ ဒစ္ဂ်စ္တယ္ နည္းပညာဝန္ႀကီးဌာန ဝန္ႀကီး ကာ႐ိုလင္း စတာဂီေအာ္လ္ဆန္က သတင္းထုတ္ျပန္ထားသည္။
လူမႈမီဒီယာမ်ားကို အလြန္အကြၽံသုံးစြဲမႈေၾကာင့္ ကေလးမ်ား၏ စိတ္က်န္းမာေရးအေပၚ ဆိုးက်ိဳး သက္ေရာက္မႈရွိလာမည့္အေရးကို ဒိန္းမတ္အစိုးရက စိုးရိမ္ေနေၾကာင္း သိရသည္။ ဒိန္းမတ္ကေလးငယ္မ်ား သုံးစြဲမႈအမ်ားဆုံး လူမႈမီဒီယာမ်ားထဲတြင္ Youtube၊ Instagram၊ Tik Tok၊ Snapchat တို႔လည္း ပါဝင္ေနသည္။
လူမႈမီဒီယာမ်ားသည္ ဒိန္းမတ္ကေလးငယ္မ်ား၏ အခ်ိန္၊ ကေလးဘဝႏွင့္ က်န္းမာေရးတို႔ကို ဖ်က္ဆီး ေနေၾကာင္း ဒိန္းမတ္ဒစ္ဂ်စ္တယ္ နည္းပညာဝန္ႀကီးက ေျပာၾကားခဲ့သည္။
အသက် ၁၅ နှစ်အောက်ကလေးများကို လူမှုမီဒီယာ သုံးစွဲမှုပိတ်ပင်ရန် ဒိန်းမတ်အစိုးရစီစဉ်
==================
အသက် ၁၅ နှစ်အောက် ကလေးများ လူမှုမီဒီယာသုံးစွဲမှုပိတ်ပင်ရန် စီစဉ်ထားကြောင်း ဒိန်းမတ်အစိုးရက နိုဝင်ဘာလ ၇ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ကလေးငယ်များ လူမှုမီဒီယာသုံးစွဲမှုကိုကန့်သတ်ရန် ဒိန်းမတ်ဝန်ကြီးချုပ် မက်တီဖရက်ဒရစ်ဆင် က ပြီးခဲ့သည့်လအတွင်း တိုက်တွန်းခဲ့ပြီးနောက် အသက် ၁၅ နှစ်အောက်ကလေးများ လူမှုမီဒီယာသုံးစွဲမှုကို ပိတ်ပင်ရန် ဒိန်းမတ်အစိုးရက စီစဉ်ထားခြင်းဖြစ်သည်။
အသက် ၁၅ နှစ်အောက်ကလေးများ လူမှုမီဒီယာသုံးစွဲမှု ပိတ်ပင် ရေးအစီအစဉ်ကို ဒိန်းမတ်လွှတ်တော်အတွင်းရှိ နိုင်ငံရေးပါတီအများစုက သဘောတူထားကြောင်း ဒိန်းမတ် ဒစ်ဂျစ်တယ် နည်းပညာဝန်ကြီးဌာန ဝန်ကြီး ကာရိုလင်း စတာဂီအော်လ်ဆန်က သတင်းထုတ်ပြန်ထားသည်။
လူမှုမီဒီယာများကို အလွန်အကျွံသုံးစွဲမှုကြောင့် ကလေးများ၏ စိတ်ကျန်းမာရေးအပေါ် ဆိုးကျိုး သက်ရောက်မှုရှိလာမည့်အရေးကို ဒိန်းမတ်အစိုးရက စိုးရိမ်နေကြောင်း သိရသည်။ ဒိန်းမတ်ကလေးငယ်များ သုံးစွဲမှုအများဆုံး လူမှုမီဒီယာများထဲတွင် Youtube၊ Instagram၊ Tik Tok၊ Snapchat တို့လည်း ပါဝင်နေသည်။
လူမှုမီဒီယာများသည် ဒိန်းမတ်ကလေးငယ်များ၏ အချိန်၊ ကလေးဘဝနှင့် ကျန်းမာရေးတို့ကို ဖျက်ဆီး နေကြောင်း ဒိန်းမတ်ဒစ်ဂျစ်တယ် နည်းပညာဝန်ကြီးက ပြောကြားခဲ့သည်။




