၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ ခ်န္ပီယံဆုဖလားဆြတ္ခူးႏိုင္ခဲ့သည့္ စပိန္အသင္း ဆုေၾကး အေမရိကန္ေဒၚလာ သန္း ၅၀ ရရွိ

၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ ခ်န္ပီယံဆုဖလားဆြတ္ခူးႏိုင္ခဲ့သည့္ စပိန္အသင္း ဆုေၾကး အေမရိကန္ေဒၚလာ သန္း ၅၀ ရရွိ
==========================
၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ ခ်န္ပီယံဆုဖလား ဆြတ္ခူးႏိုင္ခဲ့သည့္ စပိန္အသင္းအေနျဖင့္ ခ်န္ပီယံ ဆုေၾကးအျဖစ္ အေမရိကန္ေဒၚလာ သန္း ၅၀ ရရွိခဲ့ေၾကာင္း သိရသည္။
ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္(ဖီဖာ)က ၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲကို ၿပိဳင္ပြဲဝင္အသင္း ၄၈ သင္းျဖင့္ အသင္း အေရအတြက္ တိုးျမႇင့္က်င္းပခဲ့ၿပီး ခ်န္ပီယံဆုေၾကးကိုလည္း ၿပီးခဲ့သည့္ၿပိဳင္ပြဲမ်ားထက္ တိုးျမႇင့္ကာ အေမရိကန္ေဒၚလာ သန္း ၅၀ ခ်ီးျမႇင့္ေပးအပ္ခဲ့ျခင္း ျဖစ္သည္။
ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္(ဖီဖာ)က ၂၀၂၆ ကမာၻ႔ ဖလားၿပိဳင္ပြဲတြင္ ဆုေၾကးတိုးျမႇင့္ေပးအပ္မႈ အေနျဖင့္ အုပ္စုအဆင့္မွစတင္ၿပီး ဗိုလ္လုပြဲအထိ အဆင့္ သတ္မွတ္ခ်က္အလိုက္ အသီးသီးခ်ီးျမႇင့္ေပးအပ္ခဲ့ျခင္း ျဖစ္ၿပီး ၿပိဳင္ပြဲဝင္အသင္းမ်ားအေနျဖင့္ အုပ္စုအဆင့္ မွစတင္၍ ဆုေၾကးရရွိခဲ့ျခင္းျဖစ္သည္။
၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ အုပ္စုအဆင့္မွ ထြက္ခြာခဲ့ရသည့္ အသင္းမ်ားအေနျဖင့္ ဆုေၾကး အျဖစ္ အေမရိကန္ေဒၚလာ ကိုးသန္းစီ၊ ၃၂ သင္းရႈံးထြက္အဆင့္မွထြက္ခြာခဲ့ရသည့္ အသင္းမ်ားအေနျဖင့္ ၁၁ သန္းစီ၊ ၁၆ သင္း ရႈံးထြက္အဆင့္မွ ထြက္ခြာခဲ့ရသည့္ အသင္းမ်ားအေနျဖင့္ ၁၅ သန္းစီ၊ ကြာတားဖိုင္နယ္အဆင့္မွ ထြက္ခြာခဲ့ရသည့္အသင္း မ်ားအေနျဖင့္ ၁၉ သန္းစီ၊ ဆီမီးဖိုင္နယ္အဆင့္မွ ထြက္ခြာခဲ့ရ သည့္အသင္းမ်ားအေနျဖင့္ ၂၇ သန္းစီ၊ တတိယဆုရရွိသည့္အသင္းအေနျဖင့္ ၂၉ သန္း၊ ဒုတိယဆုရရွိ သည့္အသင္းအေနျဖင့္ ၃၃ သန္းတို႔ကို အသီးသီးခ်ီးျမႇင့္ေပးအပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ _Ref:CNBC
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချန်ပီယံဆုဖလားဆွတ်ခူးနိုင်ခဲ့သည့် စပိန်အသင်း ဆုကြေး အမေရိကန်ဒေါ်လာ သန်း ၅၀ ရရှိ
==========================
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချန်ပီယံဆုဖလား ဆွတ်ခူးနိုင်ခဲ့သည့် စပိန်အသင်းအနေဖြင့် ချန်ပီယံ ဆုကြေးအဖြစ် အမေရိကန်ဒေါ်လာ သန်း ၅၀ ရရှိခဲ့ကြောင်း သိရသည်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၄၈ သင်းဖြင့် အသင်း အရေအတွက် တိုးမြှင့်ကျင်းပခဲ့ပြီး ချန်ပီယံဆုကြေးကိုလည်း ပြီးခဲ့သည့်ပြိုင်ပွဲများထက် တိုးမြှင့်ကာ အမေရိကန်ဒေါ်လာ သန်း ၅၀ ချီးမြှင့်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ၂၀၂၆ ကမ္ဘာ့ ဖလားပြိုင်ပွဲတွင် ဆုကြေးတိုးမြှင့်ပေးအပ်မှု အနေဖြင့် အုပ်စုအဆင့်မှစတင်ပြီး ဗိုလ်လုပွဲအထိ အဆင့် သတ်မှတ်ချက်အလိုက် အသီးသီးချီးမြှင့်ပေးအပ်ခဲ့ခြင်း ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်းများအနေဖြင့် အုပ်စုအဆင့် မှစတင်၍ ဆုကြေးရရှိခဲ့ခြင်းဖြစ်သည်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရသည့် အသင်းများအနေဖြင့် ဆုကြေး အဖြစ် အမေရိကန်ဒေါ်လာ ကိုးသန်းစီ၊ ၃၂ သင်းရှုံးထွက်အဆင့်မှထွက်ခွာခဲ့ရသည့် အသင်းများအနေဖြင့် ၁၁ သန်းစီ၊ ၁၆ သင်း ရှုံးထွက်အဆင့်မှ ထွက်ခွာခဲ့ရသည့် အသင်းများအနေဖြင့် ၁၅ သန်းစီ၊ ကွာတားဖိုင်နယ်အဆင့်မှ ထွက်ခွာခဲ့ရသည့်အသင်း များအနေဖြင့် ၁၉ သန်းစီ၊ ဆီမီးဖိုင်နယ်အဆင့်မှ ထွက်ခွာခဲ့ရ သည့်အသင်းများအနေဖြင့် ၂၇ သန်းစီ၊ တတိယဆုရရှိသည့်အသင်းအနေဖြင့် ၂၉ သန်း၊ ဒုတိယဆုရရှိ သည့်အသင်းအနေဖြင့် ၃၃ သန်းတို့ကို အသီးသီးချီးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ _Ref:CNBC




