စမ္းသပ္ဆဲေဆးဝါးအသစ္တစ္ခုက အသည္းအဆီဖုံးေရာဂါကို ေပ်ာက္ကင္းေစႏိုင္

စမ္းသပ္ဆဲေဆးဝါးအသစ္တစ္ခုက အသည္းအဆီဖုံးေရာဂါကို ေပ်ာက္ကင္းေစႏိုင္
========================
အေမရိကန္ႏိုင္ငံ မီခ်ီဂန္တကၠသိုလ္မွ ေဆးဘက္ဆိုင္ရာ သုေတသနအဖြဲ႕ဟာ စမ္းသပ္ဆဲေဆးဝါးအသစ္တစ္ခုကို အသုံးျပဳၿပီး တိရစာၦန္ေတြမွာျဖစ္ပြားေနတဲ့ ျပင္းထန္အသည္းအဆီဖုံးေရာဂါကို ေအာင္ျမင္စြာ ကုသႏိုင္တယ္လို႔ သိရပါတယ္။ ဒီေဆးဝါးဟာ အူလမ္းေၾကာင္းရဲ႕ ပ်က္စီးမႈေတြကို ျပန္လည္ျပဳျပင္ ေပးျခင္းအားျဖင့္ အသည္းေရာဂါကိုပါ ေပ်ာက္ကင္းေအာင္ ကုသေပးႏိုင္တာ ျဖစ္ပါတယ္။

DT-109 လို႔ အမည္ေပးထားတဲ့ ေဆးဝါးဟာ အူလမ္းေၾကာင္းနဲ႔ အသည္းၾကားက အျပန္အလွန္ဆက္ႏႊယ္ေနတဲ့ အႏၲရာယ္ရွိဇီဝကမၼျဖစ္စဥ္ကို ၾကားျဖတ္ဟန႔္တားေပးတာပါ။ အထူးသျဖင့္ အူလမ္းေၾကာင္းထဲမွာ အမိုးနီးယားဓာတ္ေတြ ထုတ္လုပ္ၿပီး အူနံရံေတြကို ပ်က္စီးေစတဲ့ ဗက္တီးရီးယားေတြကို ႏွိမ္နင္းေပးကာ အူလမ္းေၾကာင္းရဲ႕ ခုခံအားတံတိုင္းကို ျပန္လည္သန္မာလာေစပါတယ္။ ဒါေၾကာင့္ အူလမ္းေၾကာင္းထဲက အဆိပ္အေတာက္ေတြ ေသြးထဲကတစ္ဆင့္ အသည္းဆီမေရာက္ေအာင္ တားဆီးေပးႏိုင္လို႔ အသည္းေရာင္ရမ္းတာကို ေလ်ာ့က်ေစတာ ျဖစ္ပါတယ္။

ဒီေဆးဝါးကို လူသားေတြနဲ႔ ဇီဝကမၼေဗဒခ်င္းတူတဲ့ ေမ်ာက္ေတြမွာစမ္းသပ္တဲ့အခါမွာလည္း အသည္းေရာင္ရမ္းမႈကို သိသိ

သာသာေလ်ာ့က်ေစၿပီး အသည္းက်န္းမာေရးကို ျပန္ေကာင္းလာေစတာ ေတြ႕ရပါတယ္။ ဒါ့အျပင္ ဒီေဆးဝါးကႏွလုံးနဲ႔ေသြးေၾကာဆိုင္ရာေရာဂါေတြကိုပါ ကုသရာမွာ အသုံးဝင္လာႏိုင္တယ္လို႔ သုေတသီေတြက ေမွ်ာ္လင့္ထားပါတယ္။

Ref: STD


စမ်းသပ်ဆဲဆေးဝါးအသစ်တစ်ခုက အသည်းအဆီဖုံးရောဂါကို ပျောက်ကင်းစေနိုင်
========================
အမေရိကန်နိုင်ငံ မီချီဂန်တက္ကသိုလ်မှ ဆေးဘက်ဆိုင်ရာ သုတေသနအဖွဲ့ဟာ စမ်းသပ်ဆဲဆေးဝါးအသစ်တစ်ခုကို အသုံးပြုပြီး တိရစ္ဆာန်တွေမှာဖြစ်ပွားနေတဲ့ ပြင်းထန်အသည်းအဆီဖုံးရောဂါကို အောင်မြင်စွာ ကုသနိုင်တယ်လို့ သိရပါတယ်။ ဒီဆေးဝါးဟာ အူလမ်းကြောင်းရဲ့ ပျက်စီးမှုတွေကို ပြန်လည်ပြုပြင် ပေးခြင်းအားဖြင့် အသည်းရောဂါကိုပါ ပျောက်ကင်းအောင် ကုသပေးနိုင်တာ ဖြစ်ပါတယ်။

DT-109 လို့ အမည်ပေးထားတဲ့ ဆေးဝါးဟာ အူလမ်းကြောင်းနဲ့ အသည်းကြားက အပြန်အလှန်ဆက်နွှယ်နေတဲ့ အန္တရာယ်ရှိဇီဝကမ္မဖြစ်စဉ်ကို ကြားဖြတ်ဟန့်တားပေးတာပါ။ အထူးသဖြင့် အူလမ်းကြောင်းထဲမှာ အမိုးနီးယားဓာတ်တွေ ထုတ်လုပ်ပြီး အူနံရံတွေကို ပျက်စီးစေတဲ့ ဗက်တီးရီးယားတွေကို နှိမ်နင်းပေးကာ အူလမ်းကြောင်းရဲ့ ခုခံအားတံတိုင်းကို ပြန်လည်သန်မာလာစေပါတယ်။ ဒါကြောင့် အူလမ်းကြောင်းထဲက အဆိပ်အတောက်တွေ သွေးထဲကတစ်ဆင့် အသည်းဆီမရောက်အောင် တားဆီးပေးနိုင်လို့ အသည်းရောင်ရမ်းတာကို လျော့ကျစေတာ ဖြစ်ပါတယ်။

ဒီဆေးဝါးကို လူသားတွေနဲ့ ဇီဝကမ္မဗေဒချင်းတူတဲ့ မျောက်တွေမှာစမ်းသပ်တဲ့အခါမှာလည်း အသည်းရောင်ရမ်းမှုကို သိသိ

သာသာလျော့ကျစေပြီး အသည်းကျန်းမာရေးကို ပြန်ကောင်းလာစေတာ တွေ့ရပါတယ်။ ဒါ့အပြင် ဒီဆေးဝါးကနှလုံးနဲ့သွေးကြောဆိုင်ရာရောဂါတွေကိုပါ ကုသရာမှာ အသုံးဝင်လာနိုင်တယ်လို့ သုတေသီတွေက မျှော်လင့်ထားပါတယ်။

Ref: STD