အိႏၵိယေျမာက္ပိုင္းတြင္ မုတ္သုံမိုးေၾကာင့္ ေရႀကီးေျမၿပိဳမႈမ်ား ျဖစ္ပြားၿပီး လူ ၂၅ ဦးထက္မနည္း ေသဆုံး

အိႏၵိယေျမာက္ပိုင္းတြင္ မုတ္သုံမိုးေၾကာင့္ ေရႀကီးေျမၿပိဳမႈမ်ား ျဖစ္ပြားၿပီး လူ ၂၅ ဦးထက္မနည္း ေသဆုံး
=======================
ဇူလိုင္ ၂၁

အိႏၵိယႏိုင္ငံ ေျမာက္ပိုင္းႏွင့္ အေရွ႕ေျမာက္ပိုင္း ေဒသမ်ားတြင္ ရက္ဆက္မိုးသည္းထန္စြာ ႐ြာသြန္းမႈေၾကာင့္ ေရႀကီးျခင္းႏွင့္ ေျမၿပိဳျခင္းမ်ား ျဖစ္ပြားခဲ့ရာ လူ ၂၅ ဦးထက္မနည္း အသက္ဆုံးရႈံးခဲ့ေၾကာင္း ေဒသဆိုင္ရာ အာဏာပိုင္မ်ားက တနလၤာေန႔တြင္ တရား ဝင္ ထုတ္ျပန္ေၾကညာသည္။

သီတင္းပတ္ကုန္ရက္မ်ားအတြင္း က်ေရာက္ခဲ့ေသာ မုတ္သုံမိုးဒဏ္ေၾကာင့္ ဂ်ာမူးႏွင့္ ကက္ရွ္မီးယားေဒသအျပင္ အေရွ႕ ေျမာက္ပိုင္း နာဂလန္းျပည္နယ္တို႔တြင္ အဆိုး႐ြားဆုံး ထိခိုက္မႈမ်ား ႀကဳံေတြ႕ခဲ့ရသည္။

ကက္ရွ္မီးယားေဒသ Poonch၊ Rajouri ႏွင့္ Doda ခ႐ိုင္မ်ားတြင္ မိုးႏွင့္ဆက္စပ္ေသာ ေဘးအႏၲရာယ္မ်ားေၾကာင့္ လူ ၁၅ ဦး ေသဆုံးခဲ့ၿပီး အမ်ားအျပား ေပ်ာက္ဆုံးေနဆဲျဖစ္သည္။ Rajouri ရွိ ေရႀကီးေရလွ်ံမႈေၾကာင့္ ပိုင္ဆိုင္မႈမ်ား ပ်က္စီးခဲ့ရၿပီး စစ္တပ္ႏွင့္ ကယ္ဆယ္ေရးအဖြဲ႕မ်ားက ကေလးငယ္ ၅ ဦးအပါအဝင္ လူ ၁၁ ဦးကို အေရးေပၚ ကယ္ဆယ္ႏိုင္ခဲ့သည္။

နာဂလန္းျပည္နယ္: အဆက္မျပတ္ မိုး႐ြာသြန္းမႈေၾကာင့္ ေျမၿပိဳမႈမ်ားစြာ ျဖစ္ပြားခဲ့ရာ လူ ၉ ဦး ေသဆုံးၿပီး အနည္းဆုံး လူ ၁၅ ဦး ဒဏ္ရာရရွိခဲ့သည္။ Mon ခ႐ိုင္တြင္ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ား ဆက္လက္လုပ္ေဆာင္လ်က္ရွိသည္။

အလားတူ အိမ္နီးခ်င္း အာသံျပည္နယ္တြင္လည္း ေရႀကီးမႈေၾကာင့္ လူတစ္ဦး ေသဆုံးခဲ့ၿပီး ခ႐ိုင္ ၇ ခုမွ ျပည္သူ ၅၇,၀၀၀ ေက်ာ္ ေဘးဒဏ္သင့္ခဲ့ရသည္။

အိႏၵိယမိုးေလဝသဌာန၏ သတိေပးခ်က္အရ ဂ်ာမူးႏွင့္ ကက္ရွ္မီးယားေဒသတြင္ လာမည့္ရက္မ်ားအတြင္း မိုးသည္းထန္စြာ ႐ြာသြန္းမႈမ်ား ဆက္လက္ျဖစ္ေပၚႏိုင္ၿပီး မုတ္သုံေလအေျခ အေနမွာ တစ္ပတ္ခန႔္အထိ တည္ရွိေနဦးမည္ဟု ဆိုသည္။

ဘုရားဖူးမ်ား၏ လုံၿခဳံေရးကို အဓိကထား၍ လမ္းေၾကာင္းမ်ား ေဘးကင္းေၾကာင္း အတည္မျပဳႏိုင္မခ်င္း ႏွစ္စဥ္ က်င္းပၿမဲျဖစ္ေသာ Amarnath ဘုရားဖူးခရီးစဥ္ (ၿပီးခဲ့သည့္ႏွစ္က ဟိႏၵဴဘာသာဝင္ ၄၀၀,၀၀၀ ေက်ာ္ ပါဝင္ခဲ့) ႏွင့္ ဂ်ာမူးရွိ Vaishno Devi ဘုရားဖူးခရီး စဥ္မ်ားကို ယာယီရပ္ဆိုင္းထားေၾကာင္းလည္း အာဏာပိုင္မ်ားက ေၾကညာခဲ့သည္။

အိႏၵိယႏိုင္ငံတစ္ဝန္းတြင္ ေႏြရာသီကာလရွည္ၾကာၿပီးေနာက္ ေရာက္ရွိလာတတ္သည့္ မုတ္သုံမိုးရာသီအတြင္း ေရႀကီးျခင္းႏွင့္ ဆက္စပ္မေတာ္တဆမႈမ်ားမွာ ႏွစ္စဥ္ ျဖစ္ပြားေလ့ရွိၿပီး ႏိုင္ငံ၏ အစိတ္အပိုင္းအမ်ားအျပားတြင္ ျပင္းထန္ေသာ ေရရွားပါးမႈႏွင့္ မိုးေခါင္ေရရွားမႈ ျပႆနာမ်ားကိုလည္း ရင္ဆိုင္ေနရသည္။


အိန္ဒိယမြောက်ပိုင်းတွင် မုတ်သုံမိုးကြောင့် ရေကြီးမြေပြိုမှုများ ဖြစ်ပွားပြီး လူ ၂၅ ဦးထက်မနည်း သေဆုံး
=======================
ဇူလိုင် ၂၁

အိန္ဒိယနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်း ဒေသများတွင် ရက်ဆက်မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပွားခဲ့ရာ လူ ၂၅ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက တနင်္လာနေ့တွင် တရား ဝင် ထုတ်ပြန်ကြေညာသည်။

သီတင်းပတ်ကုန်ရက်များအတွင်း ကျရောက်ခဲ့သော မုတ်သုံမိုးဒဏ်ကြောင့် ဂျာမူးနှင့် ကက်ရှ်မီးယားဒေသအပြင် အရှေ့ မြောက်ပိုင်း နာဂလန်းပြည်နယ်တို့တွင် အဆိုးရွားဆုံး ထိခိုက်မှုများ ကြုံတွေ့ခဲ့ရသည်။

ကက်ရှ်မီးယားဒေသ Poonch၊ Rajouri နှင့် Doda ခရိုင်များတွင် မိုးနှင့်ဆက်စပ်သော ဘေးအန္တရာယ်များကြောင့် လူ ၁၅ ဦး သေဆုံးခဲ့ပြီး အများအပြား ပျောက်ဆုံးနေဆဲဖြစ်သည်။ Rajouri ရှိ ရေကြီးရေလျှံမှုကြောင့် ပိုင်ဆိုင်မှုများ ပျက်စီးခဲ့ရပြီး စစ်တပ်နှင့် ကယ်ဆယ်ရေးအဖွဲ့များက ကလေးငယ် ၅ ဦးအပါအဝင် လူ ၁၁ ဦးကို အရေးပေါ် ကယ်ဆယ်နိုင်ခဲ့သည်။

နာဂလန်းပြည်နယ်: အဆက်မပြတ် မိုးရွာသွန်းမှုကြောင့် မြေပြိုမှုများစွာ ဖြစ်ပွားခဲ့ရာ လူ ၉ ဦး သေဆုံးပြီး အနည်းဆုံး လူ ၁၅ ဦး ဒဏ်ရာရရှိခဲ့သည်။ Mon ခရိုင်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

အလားတူ အိမ်နီးချင်း အာသံပြည်နယ်တွင်လည်း ရေကြီးမှုကြောင့် လူတစ်ဦး သေဆုံးခဲ့ပြီး ခရိုင် ၇ ခုမှ ပြည်သူ ၅၇,၀၀၀ ကျော် ဘေးဒဏ်သင့်ခဲ့ရသည်။

အိန္ဒိယမိုးလေဝသဌာန၏ သတိပေးချက်အရ ဂျာမူးနှင့် ကက်ရှ်မီးယားဒေသတွင် လာမည့်ရက်များအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများ ဆက်လက်ဖြစ်ပေါ်နိုင်ပြီး မုတ်သုံလေအခြေ အနေမှာ တစ်ပတ်ခန့်အထိ တည်ရှိနေဦးမည်ဟု ဆိုသည်။

ဘုရားဖူးများ၏ လုံခြုံရေးကို အဓိကထား၍ လမ်းကြောင်းများ ဘေးကင်းကြောင်း အတည်မပြုနိုင်မချင်း နှစ်စဉ် ကျင်းပမြဲဖြစ်သော Amarnath ဘုရားဖူးခရီးစဉ် (ပြီးခဲ့သည့်နှစ်က ဟိန္ဒူဘာသာဝင် ၄၀၀,၀၀၀ ကျော် ပါဝင်ခဲ့) နှင့် ဂျာမူးရှိ Vaishno Devi ဘုရားဖူးခရီး စဉ်များကို ယာယီရပ်ဆိုင်းထားကြောင်းလည်း အာဏာပိုင်များက ကြေညာခဲ့သည်။

အိန္ဒိယနိုင်ငံတစ်ဝန်းတွင် နွေရာသီကာလရှည်ကြာပြီးနောက် ရောက်ရှိလာတတ်သည့် မုတ်သုံမိုးရာသီအတွင်း ရေကြီးခြင်းနှင့် ဆက်စပ်မတော်တဆမှုများမှာ နှစ်စဉ် ဖြစ်ပွားလေ့ရှိပြီး နိုင်ငံ၏ အစိတ်အပိုင်းအများအပြားတွင် ပြင်းထန်သော ရေရှားပါးမှုနှင့် မိုးခေါင်ရေရှားမှု ပြဿနာများကိုလည်း ရင်ဆိုင်နေရသည်။