အီတလီစီးရီးေအၿပိဳင္ပြဲႏွင့္ ဂ်ာမန္ဘြန္ဒက္စ္လီဂါၿပိဳင္ပြဲမ်ား ၾသဂုတ္လ ၂၂ ရက္တြင္ စတင္က်င္းပမည္

အီတလီစီးရီးေအၿပိဳင္ပြဲႏွင့္ ဂ်ာမန္ဘြန္ဒက္စ္လီဂါၿပိဳင္ပြဲမ်ား ၾသဂုတ္လ ၂၂ ရက္တြင္ စတင္က်င္းပမည္
===========================
လာမည့္ ၂၀၂၆-၂၀၂၇ ေဘာလုံးရာသီ ဥေရာပထိပ္တန္းလိဂ္ငါးခုမွ အီတလီစီးရီး ေအၿပိဳင္ပြဲႏွင့္ ဂ်ာမန္ဘြန္ဒက္စ္လီဂါ ၿပိဳင္ပြဲတို႔ကို လာမည့္ၾသဂုတ္လ ၂၂ ရက္တြင္ စတင္ က်င္းပမည္ျဖစ္ေၾကာင္း သက္ဆိုင္ရာလိဂ္မ်ား၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

ၿပီးခဲ့သည့္ ၂၀၂၅-၂၀၂၆ ေဘာလုံးရာသီ အီတလီစီးရီးေအၿပိဳင္ပြဲ၌ ၿပိဳင္ပြဲၿပီးဆုံးခ်ိန္တြင္ ခရီမိုနီစီအသင္း၊ ဗီ႐ိုနာအသင္းႏွင့္ ပီဆာအသင္း တို႔က အီတလီစီးရီးဘီၿပိဳင္ပြဲသို႔ တန္းဆင္းခဲ့ ရၿပီး အီတလီစီးရီးဘီၿပိဳင္ပြဲမွ ဗီနီစီယာအသင္း က ခ်န္ပီယံ၊ ဖ႐ိုစီႏိုနီအသင္းက အဆင့္ (၂)ျဖင့္ အီတလီစီးရီးေအၿပိဳင္ပြဲသို႔ တိုက္႐ိုက္တန္းတက္လာႏိုင္ကာ မြန္ဆာအသင္းက ရႈံးထြက္အဆင့္မွ အႏိုင္ရရွိခဲ့ၿပီး တန္းတက္လာႏိုင္ျခင္းျဖစ္သည္။

လာမည့္ ၂၀၂၆-၂၀၂၇ ေဘာလုံးရာသီ အီတလီစီးရီးေအၿပိဳင္ပြဲကို ၾသဂုတ္လ ၂၂ ရက္ မွ စတင္က်င္းပမည္ျဖစ္ၿပီး ၿပိဳင္ပြဲကို ၂၀၂၇ ခုႏွစ္ ေမလ ၃၀ ရက္တြင္ ၿပီးဆုံးမည္ျဖစ္သည္။

အလားတူ ၿပီးခဲ့သည့္ ၂၀၂၅-၂၀၂၆ေဘာလုံး ရာသီဂ်ာမန္ဘြန္ဒက္စ္လီဂါ ၿပိဳင္ပြဲတြင္လည္း ဝုဖ္ဘတ္အသင္း၊ ဟီဒန္ဟိန္းအသင္းႏွင့္ စိန႔္ေပၚလီအသင္းတို႔က ဂ်ာမန္ဘြန္ဒက္စ္လီဂါ လိဂ္-၂ ၿပိဳင္ပြဲသို႔ တန္းဆင္းခဲ့ရၿပီး ဂ်ာမန္ဘြန္ ဒက္စ္လီဂါလိဂ္-၂ ၿပိဳင္ပြဲမွ ေရွာ္လ္ေကးအသင္းက ခ်န္ပီယံအသင္းအျဖစ္ ဂ်ာမန္ဘြန္ဒက္စ္လီဂါၿပိဳင္ပြဲသို႔ ျပန္လည္တန္းတက္ လာႏိုင္ကာ အယ္ဗာဘတ္အသင္းက အဆင့္(၂)ျဖင့္ တိုက္႐ိုက္တန္းတက္လာႏိုင္ၿပီး ပါဒါဘြန္း အသင္းက ရႈံးထြက္အဆင့္တြင္ ဝုဖ္ဘတ္ အသင္းကို အႏိုင္ရရွိၿပီးေနာက္ တန္းတက္လာ ႏိုင္ခဲ့ျခင္းျဖစ္သည္။

၂၀၂၆-၂၀၂၇ ေဘာလုံးရာသီ ဂ်ာမန္ဘြန္ဒက္စ္လီဂါၿပိဳင္ပြဲကို လာမည့္ၾသဂုတ္လ ၂၂ ရက္မွ စတင္က်င္းပမည္ျဖစ္ၿပီး ၂၀၂၇ ခုႏွစ္ ေမလ ၂၂ ရက္တြင္ ၿပီးဆုံးမည္ျဖစ္ေၾကာင္း သိရသည္။

Ref:Transfermarket


အီတလီစီးရီးအေပြိုင်ပွဲနှင့် ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲများ သြဂုတ်လ ၂၂ ရက်တွင် စတင်ကျင်းပမည်
===========================
လာမည့် ၂၀၂၆-၂၀၂၇ ဘောလုံးရာသီ ဥရောပထိပ်တန်းလိဂ်ငါးခုမှ အီတလီစီးရီး အေပြိုင်ပွဲနှင့် ဂျာမန်ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲတို့ကို လာမည့်သြဂုတ်လ ၂၂ ရက်တွင် စတင် ကျင်းပမည်ဖြစ်ကြောင်း သက်ဆိုင်ရာလိဂ်များ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ အီတလီစီးရီးအေပြိုင်ပွဲ၌ ပြိုင်ပွဲပြီးဆုံးချိန်တွင် ခရီမိုနီစီအသင်း၊ ဗီရိုနာအသင်းနှင့် ပီဆာအသင်း တို့က အီတလီစီးရီးဘီပြိုင်ပွဲသို့ တန်းဆင်းခဲ့ ရပြီး အီတလီစီးရီးဘီပြိုင်ပွဲမှ ဗီနီစီယာအသင်း က ချန်ပီယံ၊ ဖရိုစီနိုနီအသင်းက အဆင့် (၂)ဖြင့် အီတလီစီးရီးအေပြိုင်ပွဲသို့ တိုက်ရိုက်တန်းတက်လာနိုင်ကာ မွန်ဆာအသင်းက ရှုံးထွက်အဆင့်မှ အနိုင်ရရှိခဲ့ပြီး တန်းတက်လာနိုင်ခြင်းဖြစ်သည်။

လာမည့် ၂၀၂၆-၂၀၂၇ ဘောလုံးရာသီ အီတလီစီးရီးအေပြိုင်ပွဲကို သြဂုတ်လ ၂၂ ရက် မှ စတင်ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲကို ၂၀၂၇ ခုနှစ် မေလ ၃၀ ရက်တွင် ပြီးဆုံးမည်ဖြစ်သည်။

အလားတူ ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ဘောလုံး ရာသီဂျာမန်ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲတွင်လည်း ဝုဖ်ဘတ်အသင်း၊ ဟီဒန်ဟိန်းအသင်းနှင့် စိန့်ပေါ်လီအသင်းတို့က ဂျာမန်ဘွန်ဒက်စ်လီဂါ လိဂ်-၂ ပြိုင်ပွဲသို့ တန်းဆင်းခဲ့ရပြီး ဂျာမန်ဘွန် ဒက်စ်လီဂါလိဂ်-၂ ပြိုင်ပွဲမှ ရှော်လ်ကေးအသင်းက ချန်ပီယံအသင်းအဖြစ် ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲသို့ ပြန်လည်တန်းတက် လာနိုင်ကာ အယ်ဗာဘတ်အသင်းက အဆင့်(၂)ဖြင့် တိုက်ရိုက်တန်းတက်လာနိုင်ပြီး ပါဒါဘွန်း အသင်းက ရှုံးထွက်အဆင့်တွင် ဝုဖ်ဘတ် အသင်းကို အနိုင်ရရှိပြီးနောက် တန်းတက်လာ နိုင်ခဲ့ခြင်းဖြစ်သည်။

၂၀၂၆-၂၀၂၇ ဘောလုံးရာသီ ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲကို လာမည့်သြဂုတ်လ ၂၂ ရက်မှ စတင်ကျင်းပမည်ဖြစ်ပြီး ၂၀၂၇ ခုနှစ် မေလ ၂၂ ရက်တွင် ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။

Ref:Transfermarket