အေမရိကန္က အီရန္ကို ေလေၾကာင္းတိုက္ခိုက္မႈမ်ားထပ္မံျပဳလုပ္

အေမရိကန္က အီရန္ကို ေလေၾကာင္းတိုက္ခိုက္မႈမ်ားထပ္မံျပဳလုပ္
===========================
ေဟာ္မုေရလက္ၾကားကိုထိန္းခ်ဳပ္ေရးအတြက္ အေမရိကန္ႏွင့္ အီရန္တို႔ၾကား တိုက္ခိုက္မႈမ်ား ပိုမိုျပင္းထန္လာေနစဥ္ အေမရိကန္စစ္ဘက္က ဇူလိုင္လ ၁၅ ရက္တြင္ အီရန္ႏိုင္ငံအတြင္းရွိပစ္မွတ္မ်ားျဖစ္ေသာ အီရန္၏ ကမ္း႐ိုးတန္း ကာကြယ္ေရးစနစ္ႏွင့္ အနိမ့္ပ်ံဒုံးက်ည္စခန္းမ်ားကို ေလေၾကာင္းမွဗုံးႀကဲတိုက္ခိုက္မႈမ်ား ထပ္မံျပဳလုပ္ေၾကာင္း သိရသည္။

အေမရိကန္အလယ္ပိုင္းေဒသ စစ္ဌာနခ်ဳပ္၏ထုတ္ျပန္ခ်က္အရ ဇူလိုင္လ ၁၅ ရက္နံနက္ ၆ နာရီတြင္ အီရန္ႏိုင္ငံပိုင္ ဂရိတ္ တားတန႔္ကြၽန္းရွိ စစ္ဘက္ပစ္မွတ္မ်ားကို မိနစ္ ၉၀ ၾကာ အျပင္းအထန္ တိုက္ခိုက္ခဲ့ျခင္းျဖစ္သည္ဟုသိရသည္။ ယင္းမတိုင္မီ ဇူလိုင္လ ၁၄ ရက္တြင္လည္း အေမရိကန္က ၇ နာရီၾကာ ဗုံးႀကဲတိုက္ခိုက္မႈမ်ားကို လုပ္ေဆာင္ထားသည္။

အလားတူ အီရန္ႏိုင္ငံ၏အစၥလာမ္မစ္ေတာ္လွန္ေရးအေစာင့္တပ္ဖြဲ႕(IRGC)ကလည္း အေမရိကန္၏တိုက္ခိုက္မႈကို လက္တုံ႔ျပန္သည့္အေနျဖင့္ ဘာရိန္း၊ ကူဝိတ္ႏွင့္ေဂ်ာ္ဒန္ႏိုင္ငံတို႔ရွိ အေမရိကန္စစ္စခန္းမ်ားကိုတိုက္ခိုက္ခဲ့ၿပီး ေဒသတြင္း စြမ္းအင္တင္ပို႔မႈလမ္းေၾကာင္း အားလုံးကို ပိတ္ပစ္မည္ဟု ၿခိမ္းေျခာက္ထားသည္။

တစ္ခ်ိန္တည္းမွာပင္ ႏွစ္ႏိုင္ငံၾကားသေဘာတူညီခ်က္မရရွိပါက အီရန္အေပၚ ျပင္းထန္စြာတိုက္ခိုက္မႈမ်ားကို ဆက္လုပ္ သြားမည္ဟု အေမရိကန္သမၼတေဒၚနယ္ထရမ့္ကေျပာထားေၾကာင္း သိရသည္။

Ref: AGC


အမေရိကန်က အီရန်ကို လေကြောင်းတိုက်ခိုက်မှုများထပ်မံပြုလုပ်
===========================
ဟော်မုရေလက်ကြားကိုထိန်းချုပ်ရေးအတွက် အမေရိကန်နှင့် အီရန်တို့ကြား တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာနေစဉ် အမေရိကန်စစ်ဘက်က ဇူလိုင်လ ၁၅ ရက်တွင် အီရန်နိုင်ငံအတွင်းရှိပစ်မှတ်များဖြစ်သော အီရန်၏ ကမ်းရိုးတန်း ကာကွယ်ရေးစနစ်နှင့် အနိမ့်ပျံဒုံးကျည်စခန်းများကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုများ ထပ်မံပြုလုပ်ကြောင်း သိရသည်။

အမေရိကန်အလယ်ပိုင်းဒေသ စစ်ဌာနချုပ်၏ထုတ်ပြန်ချက်အရ ဇူလိုင်လ ၁၅ ရက်နံနက် ၆ နာရီတွင် အီရန်နိုင်ငံပိုင် ဂရိတ် တားတန့်ကျွန်းရှိ စစ်ဘက်ပစ်မှတ်များကို မိနစ် ၉၀ ကြာ အပြင်းအထန် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။ ယင်းမတိုင်မီ ဇူလိုင်လ ၁၄ ရက်တွင်လည်း အမေရိကန်က ၇ နာရီကြာ ဗုံးကြဲတိုက်ခိုက်မှုများကို လုပ်ဆောင်ထားသည်။

အလားတူ အီရန်နိုင်ငံ၏အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့(IRGC)ကလည်း အမေရိကန်၏တိုက်ခိုက်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် ဘာရိန်း၊ ကူဝိတ်နှင့်ဂျော်ဒန်နိုင်ငံတို့ရှိ အမေရိကန်စစ်စခန်းများကိုတိုက်ခိုက်ခဲ့ပြီး ဒေသတွင်း စွမ်းအင်တင်ပို့မှုလမ်းကြောင်း အားလုံးကို ပိတ်ပစ်မည်ဟု ခြိမ်းခြောက်ထားသည်။

တစ်ချိန်တည်းမှာပင် နှစ်နိုင်ငံကြားသဘောတူညီချက်မရရှိပါက အီရန်အပေါ် ပြင်းထန်စွာတိုက်ခိုက်မှုများကို ဆက်လုပ် သွားမည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကပြောထားကြောင်း သိရသည်။

Ref: AGC