ယာဥ္ေမာင္းလိုင္စင္သက္တမ္းတိုးျခင္း အြန္လိုင္းစနစ္ျဖင့္ ေဆာင္႐ြက္မည္

ယာဥ္ေမာင္းလိုင္စင္သက္တမ္းတိုးျခင္း အြန္လိုင္းစနစ္ျဖင့္ ေဆာင္႐ြက္မည္
========================
ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာနသည္ ယာဥ္ေမာင္း လိုင္စင္ဝန္ေဆာင္မႈလုပ္ငန္းမ်ား၏ က်သင့္ေငြမ်ားကို Digital Payment စနစ္ျဖင့္ ေပးေခ်ျခင္းႏွင့္ အြန္လိုင္း စနစ္ျဖင့္ လိုင္စင္သက္တမ္းတိုးျခင္းလုပ္ငန္းမ်ားကို ဇူလိုင္ ၁၇ ရက္ မွစတင္၍ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း အသိေပးထုတ္ျပန္ထားသည္။
စနစ္အရ ခ၊ ဂ၊ ဃ၊ င ယာဥ္ေမာင္းလိုင္စင္ အမ်ိဳးအစားမ်ားကို မိမိတို႔လိုင္စင္သက္တမ္းမကုန္ဆုံးမီ ရက္ေပါင္း ၉၀အတြင္း ႀကိဳတင္၍ အြန္လိုင္းစနစ္ျဖင့္ သက္တမ္းတိုးေဆာင္႐ြက္ႏိုင္မည္ ျဖစ္သည္။
အဆိုပါ ဝန္ေဆာင္မႈကိုေနျပည္ေတာ္႐ုံးခ်ဳပ္ႏွင့္ ေနျပည္ေတာ္႐ုံး၊ ရန္ကုန္တိုင္းေဒသႀကီး -အေရွ႕ပိုင္း၊ အေနာက္ပိုင္း၊ ေတာင္ပိုင္းႏွင့္ ေျမာက္ပိုင္းခ႐ိုင္႐ုံးမ်ား၊ မႏၲေလးတိုင္းေဒသႀကီး – မႏၲေလးေတာင္ပိုင္းႏွင့္ ေျမာက္ပိုင္းခ႐ိုင္႐ုံးမ်ားအတြက္ လုပ္ေဆာင္မည္ျဖစ္ေၾကာင္းသိရသည္။
အြန္လိုင္းမွတစ္ဆင့္ ဝန္ေဆာင္မႈရယူလိုသည့္ အမ်ားျပည္သူအေနျဖင့္ မိမိတို႔၏ မိုဘိုင္းဖုန္း သို႔မဟုတ္တက္ဘလက္မ်ားတြင္ “MM Driver License E-Payment Mobile Application” ကို Google Play Store မွတစ္ဆင့္ ေဒါင္းလုဒ္ရယူ၍လြယ္ကူစြာ ေလွ်ာက္ထားႏိုင္မည္ျဖစ္သည္။
အဆိုပါစနစ္ႏွင့္ပတ္သက္၍အေသးစိတ္အခ်က္အလက္မ်ားကိုကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာန၏ တရားဝင္ဝက္ဘ္ဆိုက္မ်ားျဖစ္ေသာ www.rtad.gov.mm,myanmarrtad.com ႏွင့္ ပို႔ေဆာင္ေရး ႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာနဝက္ဘ္ဆိုက္ www.mot.gov.mm တို႔တြင္ ဝင္ေရာက္ ၾကည့္ရႈႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးခြင်း အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်မည်
========================
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် ယာဉ်မောင်း လိုင်စင်ဝန်ဆောင်မှုလုပ်ငန်းများ၏ ကျသင့်ငွေများကို Digital Payment စနစ်ဖြင့် ပေးချေခြင်းနှင့် အွန်လိုင်း စနစ်ဖြင့် လိုင်စင်သက်တမ်းတိုးခြင်းလုပ်ငန်းများကို ဇူလိုင် ၁၇ ရက် မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
စနစ်အရ ခ၊ ဂ၊ ဃ၊ င ယာဉ်မောင်းလိုင်စင် အမျိုးအစားများကို မိမိတို့လိုင်စင်သက်တမ်းမကုန်ဆုံးမီ ရက်ပေါင်း ၉၀အတွင်း ကြိုတင်၍ အွန်လိုင်းစနစ်ဖြင့် သက်တမ်းတိုးဆောင်ရွက်နိုင်မည် ဖြစ်သည်။
အဆိုပါ ဝန်ဆောင်မှုကိုနေပြည်တော်ရုံးချုပ်နှင့် နေပြည်တော်ရုံး၊ ရန်ကုန်တိုင်းဒေသကြီး -အရှေ့ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်းခရိုင်ရုံးများ၊ မန္တလေးတိုင်းဒေသကြီး – မန္တလေးတောင်ပိုင်းနှင့် မြောက်ပိုင်းခရိုင်ရုံးများအတွက် လုပ်ဆောင်မည်ဖြစ်ကြောင်းသိရသည်။
အွန်လိုင်းမှတစ်ဆင့် ဝန်ဆောင်မှုရယူလိုသည့် အများပြည်သူအနေဖြင့် မိမိတို့၏ မိုဘိုင်းဖုန်း သို့မဟုတ်တက်ဘလက်များတွင် “MM Driver License E-Payment Mobile Application” ကို Google Play Store မှတစ်ဆင့် ဒေါင်းလုဒ်ရယူ၍လွယ်ကူစွာ လျှောက်ထားနိုင်မည်ဖြစ်သည်။
အဆိုပါစနစ်နှင့်ပတ်သက်၍အသေးစိတ်အချက်အလက်များကိုကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ တရားဝင်ဝက်ဘ်ဆိုက်များဖြစ်သော www.rtad.gov.mm,myanmarrtad.com နှင့် ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာနဝက်ဘ်ဆိုက် www.mot.gov.mm တို့တွင် ဝင်ရောက် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။



