ျပင္သစ္ကို အႏိုင္ယူၿပီး စပိန္ ကမာၻ႔ဖလားဗိုလ္လုပြဲသို႔ တက္လွမ္း

ျပင္သစ္ကို အႏိုင္ယူၿပီး စပိန္ ကမာၻ႔ဖလားဗိုလ္လုပြဲသို႔ တက္လွမ္း
====================
ဇူလိုင္ ၁၅

၂၀၂၆ ခုႏွစ္ ကမာၻ႔ဖလားၿပိဳင္ပြဲ၏ ပထမဆုံး ဆီမီးဖိုင္နယ္ပြဲစဥ္တြင္ စပိန္အသင္းသည္ ျပင္သစ္အသင္းကို အႏိုင္ယူေက်ာ္ျဖတ္ကာ ဗိုလ္လုပြဲသို႔ တက္လွမ္းႏိုင္ခဲ့သည္။

အေမရိကန္ႏိုင္ငံ၊ တကၠဆက္ျပည္နယ္ ဒဲလပ္စ္ကြင္း၌ ယွဥ္ၿပိဳင္ခဲ့ၿပီး စပိန္အသင္းသည္ က်စ္လ်စ္ေသာ အသင္းလိုက္စုဖြဲ႕မႈမ်ားျဖင့္ ျပင္သစ္အသင္းကို ဖိအားေပးကစားကာ အႏိုင္ရလဒ္ကို ေဖာ္ေဆာင္ႏိုင္ခဲ့ျခင္းျဖစ္သည္။

စပိန္အသင္းအတြက္ ပထမဦးေဆာင္ဂိုးကို ပြဲကစားခ်ိန္ ၂၂ မိနစ္တြင္ ရရွိခဲ့ျခင္းျဖစ္ၿပီး၊ လူငယ္ၾကယ္ပြင့္ ယာမယ္ ကို ျပင္သစ္ေနာက္ခံလူ ဖ်က္ထုတ္ပုံမွားယြင္းခဲ့၍ ရရွိသည့္ ပင္နယ္တီမွတစ္ဆင့္ အိုယာဇာဘယ္လ္က အမွားအယြင္းမရွိ ကန္သြင္းယူခဲ့ျခင္းလည္း ျဖစ္သည္။

ျပင္သစ္အသင္းသည္ ပထမပိုင္းတြင္ အဓိကေနာက္ခံလူ ဝီလီယံ ဆာလီဘာ ဒဏ္ရာေၾကာင့္ လူစားလဲခဲ့ရၿပီး တိုက္စစ္ဆင္ရန္ ႐ုန္းကန္ခဲ့ရၿပီး ဒုတိယပိုင္း ျပန္လည္စတင္ၿပီးေနာက္ ကစားခ်ိန္ ၅၈ မိနစ္တြင္ အိုလ္မို၏ ဖန္တီးေပးမႈမွတစ္ဆင့္ စပိန္ေနာက္ခံလူ ပတ္ဒ႐ို ေပၚ႐ိုက ဒုတိယေျမာက္ဂိုးကို ထပ္မံသြင္းယူေပးခဲ့ျခင္းလည္း ျဖစ္သည္။

ပြဲကစားခ်ိန္အတြင္း စပိန္အသင္းက ပြဲကို ထိန္းခ်ဳပ္ေမာင္းႏွင္ခဲ့ၿပီး ျပင္သစ္အသင္း၏ တိုက္စစ္ဆင္မႈမ်ားကိုလည္း ခံစစ္ပိုင္း က အမွားယြင္းမရွိ ဟန႔္တားႏိုင္ခဲ့ျခင္းလည္း ျဖစ္သည္။

ယခု အႏိုင္ရလဒ္ေၾကာင့္ စပိန္အသင္းသည္ ယူ႐ို ၂၀၂၄ ဆီမီးဖိုင္နယ္ (၂-၁)၊ ၂၀၂၅ ေနးရွင္းလိဂ္ (၅-၄) ၿပိဳင္ပြဲမ်ားအၿပီး ျပင္သစ္အသင္းအေပၚ ေနာက္ဆုံးသုံးႀကိမ္ဆက္တိုက္ အႏိုင္ရရွိသည့္ မွတ္တမ္းေကာင္းကို ပိုင္ဆိုင္သြားခဲ့ျခင္းလည္း ျဖစ္သည္။

စပိန္အသင္းသည္ ဗိုလ္လုပြဲ၌ (အာဂ်င္တီးနား သို႔မဟုတ္ အဂၤလန္အသင္း) ႏွင့္ ရင္ဆိုင္ရမည္ျဖစ္သည္။


ပြင်သစ်ကို အနိုင်ယူပြီး စပိန် ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ တက်လှမ်း
====================
ဇူလိုင် ၁၅

၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ပထမဆုံး ဆီမီးဖိုင်နယ်ပွဲစဉ်တွင် စပိန်အသင်းသည် ပြင်သစ်အသင်းကို အနိုင်ယူကျော်ဖြတ်ကာ ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့သည်။

အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ် ဒဲလပ်စ်ကွင်း၌ ယှဉ်ပြိုင်ခဲ့ပြီး စပိန်အသင်းသည် ကျစ်လျစ်သော အသင်းလိုက်စုဖွဲ့မှုများဖြင့် ပြင်သစ်အသင်းကို ဖိအားပေးကစားကာ အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။

စပိန်အသင်းအတွက် ပထမဦးဆောင်ဂိုးကို ပွဲကစားချိန် ၂၂ မိနစ်တွင် ရရှိခဲ့ခြင်းဖြစ်ပြီး၊ လူငယ်ကြယ်ပွင့် ယာမယ် ကို ပြင်သစ်နောက်ခံလူ ဖျက်ထုတ်ပုံမှားယွင်းခဲ့၍ ရရှိသည့် ပင်နယ်တီမှတစ်ဆင့် အိုယာဇာဘယ်လ်က အမှားအယွင်းမရှိ ကန်သွင်းယူခဲ့ခြင်းလည်း ဖြစ်သည်။

ပြင်သစ်အသင်းသည် ပထမပိုင်းတွင် အဓိကနောက်ခံလူ ဝီလီယံ ဆာလီဘာ ဒဏ်ရာကြောင့် လူစားလဲခဲ့ရပြီး တိုက်စစ်ဆင်ရန် ရုန်းကန်ခဲ့ရပြီး ဒုတိယပိုင်း ပြန်လည်စတင်ပြီးနောက် ကစားချိန် ၅၈ မိနစ်တွင် အိုလ်မို၏ ဖန်တီးပေးမှုမှတစ်ဆင့် စပိန်နောက်ခံလူ ပတ်ဒရို ပေါ်ရိုက ဒုတိယမြောက်ဂိုးကို ထပ်မံသွင်းယူပေးခဲ့ခြင်းလည်း ဖြစ်သည်။

ပွဲကစားချိန်အတွင်း စပိန်အသင်းက ပွဲကို ထိန်းချုပ်မောင်းနှင်ခဲ့ပြီး ပြင်သစ်အသင်း၏ တိုက်စစ်ဆင်မှုများကိုလည်း ခံစစ်ပိုင်း က အမှားယွင်းမရှိ ဟန့်တားနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

ယခု အနိုင်ရလဒ်ကြောင့် စပိန်အသင်းသည် ယူရို ၂၀၂၄ ဆီမီးဖိုင်နယ် (၂-၁)၊ ၂၀၂၅ နေးရှင်းလိဂ် (၅-၄) ပြိုင်ပွဲများအပြီး ပြင်သစ်အသင်းအပေါ် နောက်ဆုံးသုံးကြိမ်ဆက်တိုက် အနိုင်ရရှိသည့် မှတ်တမ်းကောင်းကို ပိုင်ဆိုင်သွားခဲ့ခြင်းလည်း ဖြစ်သည်။

စပိန်အသင်းသည် ဗိုလ်လုပွဲ၌ (အာဂျင်တီးနား သို့မဟုတ် အင်္ဂလန်အသင်း) နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။