5G အင္တာနက္ ရလာမယ့္ BMW ကား

5G အင္တာနက္ ရလာမယ့္ BMW ကား
====================
BMW Group နဲ႔ ဂ်ပန္ဆက္သြယ္ေရးကုမၸဏီ KDDI တို႔ ကားသစ္ေတြမွာ 5G SA ဝန္ေဆာင္မႈ ေပးဖို႔ ပူးေပါင္းလိုက္ပါတယ္။

KDDI က BMW ရဲ႕ တစ္ကမာၻလုံးဆိုင္ရာ ခ်ိတ္ဆက္ကားစနစ္ Connect Car Platform ကို ကိုင္ေပးတဲ့ ပါတနာထဲမွာ ပါပါတယ္။ KDD က အေမရိကန္တယ္လီကြန္းကုမၸဏီ Verizon နဲ႔လည္း ေရရွည္ လက္တြဲထားတဲ့ ကုမၸဏီပါ။

Verizon က KDDI ရဲ႕ အခ်ိတ္အဆက္နဲ႔ အေမရိကန္မွာ ေရာင္းမယ့္ BMW ကားသစ္ေတြမွာ Verizon ရဲ႕ ဆယ္လူလာကြန္ရက္ကို သုံးၿပီး 5G Standalone Connected Vehicles services ေပးေတာ့မွာပါ။

ကားေတြမွာ 5G ရလာရင္ ကားထဲက ေဖ်ာ္ေျဖေရးစနစ္ေတြ သုံးရတာ ပိုေကာင္းၿပီး Maps ၾကည့္ရတာ ပိုတိက်ျမန္ဆန္ပါလိမ့္မယ္။ ေနာက္ပိုင္းမွာ ပိုအဆင့္ျမင့္လာမယ့္ အလိုအေလ်ာက္ေမာင္းစနစ္ေတြနဲ႔ ကားအခ်င္းခ်င္း အခ်က္အလက္ဖလွယ္တဲ့စနစ္ေတြမွာ 5G နည္းပညာက မရွိမျဖစ္ အေရးပါေတာ့မွာပါ။

BMW ဘယ္ေမာ္ဒယ္ေတြမွာ 5G ရမလဲဆိုတာေတာ့ မေျပာထားေပမယ့္ အသစ္မိတ္ဆက္ထားတဲ့ iX3 ၊ iX5 တို႔လို Neue Klasse ေမာ္ဒယ္ေတြ ျဖစ္ႏိုင္တယ္လို႔ ခန႔္မွန္းေနၾကပါတယ္။

BMW အမွတ္တံဆိပ္ေအာက္က Mini brand လည္း သတင္းထုတ္ျပန္ခ်က္ထဲ ထည့္ေျပာထားတာ ျဖစ္လို႔ ေနာက္ပိုင္းထြက္ Cooper Electric ၊ Aceman နဲ႔ Countryman ေမာ္ဒယ္သစ္ေတြမွာလည္း Verizon 5G ျမင္ရဖို႔ ရွိပါတယ္။ #Duwun


5G အင်တာနက် ရလာမယ့် BMW ကား
====================
BMW Group နဲ့ ဂျပန်ဆက်သွယ်ရေးကုမ္ပဏီ KDDI တို့ ကားသစ်တွေမှာ 5G SA ဝန်ဆောင်မှု ပေးဖို့ ပူးပေါင်းလိုက်ပါတယ်။

KDDI က BMW ရဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ ချိတ်ဆက်ကားစနစ် Connect Car Platform ကို ကိုင်ပေးတဲ့ ပါတနာထဲမှာ ပါပါတယ်။ KDD က အမေရိကန်တယ်လီကွန်းကုမ္ပဏီ Verizon နဲ့လည်း ရေရှည် လက်တွဲထားတဲ့ ကုမ္ပဏီပါ။

Verizon က KDDI ရဲ့ အချိတ်အဆက်နဲ့ အမေရိကန်မှာ ရောင်းမယ့် BMW ကားသစ်တွေမှာ Verizon ရဲ့ ဆယ်လူလာကွန်ရက်ကို သုံးပြီး 5G Standalone Connected Vehicles services ပေးတော့မှာပါ။

ကားတွေမှာ 5G ရလာရင် ကားထဲက ဖျော်ဖြေရေးစနစ်တွေ သုံးရတာ ပိုကောင်းပြီး Maps ကြည့်ရတာ ပိုတိကျမြန်ဆန်ပါလိမ့်မယ်။ နောက်ပိုင်းမှာ ပိုအဆင့်မြင့်လာမယ့် အလိုအလျောက်မောင်းစနစ်တွေနဲ့ ကားအချင်းချင်း အချက်အလက်ဖလှယ်တဲ့စနစ်တွေမှာ 5G နည်းပညာက မရှိမဖြစ် အရေးပါတော့မှာပါ။

BMW ဘယ်မော်ဒယ်တွေမှာ 5G ရမလဲဆိုတာတော့ မပြောထားပေမယ့် အသစ်မိတ်ဆက်ထားတဲ့ iX3 ၊ iX5 တို့လို Neue Klasse မော်ဒယ်တွေ ဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

BMW အမှတ်တံဆိပ်အောက်က Mini brand လည်း သတင်းထုတ်ပြန်ချက်ထဲ ထည့်ပြောထားတာ ဖြစ်လို့ နောက်ပိုင်းထွက် Cooper Electric ၊ Aceman နဲ့ Countryman မော်ဒယ်သစ်တွေမှာလည်း Verizon 5G မြင်ရဖို့ ရှိပါတယ်။ #Duwun