ဒုတိယကမာၻစစ္အၿပီး ပထမဆုံးအႀကိမ္အျဖစ္ ဂ်ပန္ႏိုင္ငံက ဗဟိုခ်ဳပ္ကိုင္မႈရွိေသာ ေထာက္လွမ္းေရးေအဂ်င္စီသစ္ တည္ေထာင္

ဒုတိယကမာၻစစ္အၿပီး ပထမဆုံးအႀကိမ္အျဖစ္ ဂ်ပန္ႏိုင္ငံက ဗဟိုခ်ဳပ္ကိုင္မႈရွိေသာ ေထာက္လွမ္းေရးေအဂ်င္စီသစ္ တည္ေထာင္
========================
ဇူလိုင္ ၁၄

ဂ်ပန္ႏိုင္ငံသည္ ႏိုင္ငံ၏ အမ်ိဳးသားလုံၿခဳံေရးကို ျမႇင့္တင္ရန္ႏွင့္ ျပည္ပႏိုင္ငံမ်ား၏ ၿခိမ္းေျခာက္မႈမ်ားကို တန္ျပန္ရန္အတြက္ ဗဟိုခ်ဳပ္ကိုင္မႈရွိေသာ ေထာက္လွမ္းေရးေအဂ်င္စီသစ္ကို တည္ ေထာင္လိုက္ၿပီျဖစ္သည္။ ဤေျခလွမ္းသည္ ဒုတိယကမာၻစစ္အၿပီး ဂ်ပန္၏ ေထာက္လွမ္းေရးသမိုင္းတြင္ အေျပာင္းအလဲအႀကီးဆုံး ျဖစ္ရပ္တစ္ခု ျဖစ္လာသည္။

အသစ္တည္ေထာင္လိုက္ေသာ ေအဂ်င္စီတြင္ အဓိကအားျဖင့္ အမ်ိဳးသားေထာက္လွမ္းေရးေကာင္စီ (National Intelligence Council)ႏွင့္ အမ်ိဳးသားေထာက္လွမ္းေရးဗ်ဴ႐ို(National Intelligence Bureau)စသည့္ အဖြဲ႕အစည္း ႏွစ္ခုပါဝင္သည္။

အမ်ိဳးသားေထာက္လွမ္းေရးေကာင္စီသည္ အစိုးရ၏ ေထာက္လွမ္းေရး သတင္းအခ်က္အလက္ စုေဆာင္းမႈႏွင့္ ခြဲ ျခမ္းစိတ္ျဖာမႈမ်ားကို ကြပ္ကဲေပးမည့္ ဗဟိုဌာနျဖစ္သည္။ အမ်ိဳး သားေထာက္လွမ္းေရးဗ်ဴ႐ိုမွာ စစ္ဆင္ေရးဆိုင္ရာ လုပ္ငန္းမ်ားကို တာဝန္ယူေဆာင္႐ြက္မည့္ ေအဂ်င္စီျဖစ္သည္။

ယခင္က ရွိၿပီးသားျဖစ္ေသာ အစိုးရအဖြဲ႕၏ ေထာက္လွမ္းေရးႏွင့္ သုေတသန႐ုံး(CIRO)ကို ယခုကဲ့သို႔ ေျပာင္းလဲဖြဲ႕စည္းလိုက္ျခင္းျဖစ္သည္။ ဂ်ပန္အစိုးရသည္ အေမရိကန္၊ ဂ်ာမနီႏွင့္ ၾသစေၾတးလ်ကဲ့သို႔ေသာ မဟာမိတ္ႏိုင္ငံမ်ား၏ အႀကံဉာဏ္မ်ားကို ရယူ၍ ဂ်ပန္ႏွင့္ကိုက္ညီမည့္ ေထာက္လွမ္းေရးပုံစံကို တည္ ေဆာက္ေနျခင္းျဖစ္သည္။

ဂ်ပန္ႏိုင္ငံအေနျဖင့္ ဤေအဂ်င္စီကို တည္ေဆာက္ရသည့္ အဓိကအေၾကာင္းရင္းမ်ားမွာ သူလွ်ိဳမ်ား၊ ႏိုင္ငံျခား၏ ဝင္ေရာက္စြက္ဖက္မႈမ်ားႏွင့္ ႏိုင္ငံျခားၿပိဳင္ဘက္မ်ားထံမွ အျခားေသာ တိုက္ခိုက္မႈမ်ားကို ကာကြယ္ရန္အတြက္ ၎၏ ကာကြယ္ ေရးစြမ္းရည္ကို ေခတ္မီေအာင္ ျပဳလုပ္ရန္ ရည္႐ြယ္ခ်က္ ျဖစ္ သည္။

အဆိုပါေအဂ်င္စီသစ္ကို တည္ေထာင္ရန္ ဥပေဒမူၾကမ္းအား ဂ်ပန္အမ်ိဳးသားလႊတ္ေတာ္၏ အထက္လႊတ္ေတာ္က ေမလတြင္ အတည္ျပဳခဲ့သည္။ အထက္လႊတ္ေတာ္မတိုင္မီ တစ္လအလိုတြင္ ေအာက္လႊတ္ေတာ္၌ အတည္ျပဳၿပီးျဖစ္ခဲ့သည္။

ေဒၚနယ္ထရမ့္၏ အေမရိကန္အစိုးရလက္ထက္တြင္ အေမရိကန္၏ ေထာက္လွမ္းေရးအကူအညီအေပၚ ဆယ္စုႏွစ္မ်ားစြာ အားထားလာခဲ့ၿပီးေနာက္ႏွင့္ ဂ်ပန္ဖြဲ႕စည္းပုံအေျခခံဥပေဒတြင္ ၿငိမ္းခ်မ္းေရးဝါဒီသေဘာထားကို ထည့္သြင္းထားခဲ့ၿပီးေနာက္၊ ဝန္ႀကီးခ်ဳပ္ ဆာေနး တာကာအီခ်ီက ဤဥပေဒသည္ ႏိုင္ငံ၏ သူလွ်ိဳလုပ္ငန္းစြမ္းရည္ကို ခိုင္မာေစရန္အတြက္ “ပထမဆုံးေျခ လွမ္း” တစ္ရပ္ျဖစ္ေၾကာင္း ေဖာ္ျပခဲ့သည္။

တာကာအီခ်ီသည္ အေမရိကန္၏ CIA ကို ပုံတူတည္ ေဆာက္ေနျခင္းမဟုတ္ေသာ္လည္း၊ အေမရိကန္၊ ဂ်ာမနီႏွင့္ ၾသစေၾတးလ်တို႔အပါအဝင္ အေနာက္တိုင္း မဟာမိတ္ႏိုင္ငံမ်ားက ဂ်ပန္အစိုးရအား ေထာက္လွမ္းေရးေအဂ်င္စီသစ္ တည္ေထာင္ရာ တြင္ အႀကံဉာဏ္ေပးေနေၾကာင္း New York Times က ေဖာ္ျပခဲ့သည္။

တိုက်ိဳသည္ ေျမာက္ကိုရီးယား၊ ႐ုရွားႏွင့္ တ႐ုတ္တို႔ ကဲ့သို႔ အိမ္နီးခ်င္းႏိုင္ငံမ်ားထံမွ ၿခိမ္းေျခာက္မႈမ်ား ရင္ဆိုင္ေနရၿပီး ၎တို႔၏ ႀကိဳးပမ္းခ်က္မ်ားကို တန္ျပန္ရန္ အမ်ိဳးသားေထာက္ လွမ္းေရးေအဂ်င္စီ လိုအပ္ေၾကာင္း ေျပာၾကားခဲ့သည္။

ဂ်ပန္၏ လက္ရွိဗဟိုခ်ဳပ္ကိုင္မႈမရွိေသာ တည္ေဆာက္ပုံအတြင္း အဓိက အတားအဆီးမွာ အျခားေအဂ်င္စီမ်ား သို႔မဟုတ္ အဖြဲ႕အစည္းမ်ားထံမွ ပူးေပါင္းေဆာင္႐ြက္မႈကို အတင္းအက်ပ္ ေတာင္းဆိုႏိုင္သည့္ သို႔မဟုတ္ ေထာက္လွမ္း ေရး အခ်က္အလက္မ်ား ျပန႔္က်ဲေနျခင္းကို တားဆီးႏိုင္သည့္ အာဏာရွိသူ မည္သူမွ် မရွိျခင္းျဖစ္ေၾကာင္း ကြၽမ္းက်င္သူမ်ားက ေျပာသည္။

ေနာက္ထပ္အခက္အခဲတစ္ခုမွာ လက္ရွိဂ်ပန္ဥပေဒမ်ားအရ ေထာက္လွမ္းေရးလုပ္ငန္းတြင္ ပါဝင္ပတ္သက္သည္ဟု သံသယရွိေသာ ႏိုင္ငံျခားကိုယ္စားလွယ္မ်ား၏ ဆက္သြယ္ေရးကို ၾကားျဖတ္ဖမ္းယူရန္ သို႔မဟုတ္ တရားစြဲဆိုရန္ ဥပေဒေၾကာင္းအရ ခိုင္မာမႈမရွိသည့္အတြက္ အခက္အခဲရွိေနျခင္းျဖစ္သည္။

ဒုတိယကမာၻစစ္ကာလက စစ္ေရးေစာင့္ၾကည့္မႈမ်ား၏ ဆိုး ႐ြားေသာမွတ္တမ္းမ်ားေၾကာင့္ ဂ်ပန္ျပည္သူအခ်ိဳ႕က စိုးရိမ္မႈမ်ား ရွိခဲ့ေသာ္လည္း၊ လက္ရွိလူထုစစ္တမ္းမ်ားအရ ဂ်ပန္လူ ငယ္မ်ိဳးဆက္သစ္မ်ားမွာ ဤကဲ့သို႔ေသာ ေထာက္လွမ္းေရး ျပဳ ျပင္ေျပာင္းလဲမႈကို ပိုမိုလက္ခံလာၾကသည္။ ဤဥပေဒသည္ ႏိုင္ငံသားမ်ားကို ျပန္လည္ေစာင့္ၾကည့္ရန္ မဟုတ္ဘဲ ႏိုင္ငံလုံၿခဳံ ေရးကို ကာကြယ္ရန္သာျဖစ္ေၾကာင္း ကြၽမ္းက်င္သူမ်ားက ရွင္းျပထားသည္။


ဒုတိယကမ္ဘာစစ်အပြီး ပထမဆုံးအကြိမ်အဖြစ် ဂျပန်နိုင်ငံက ဗဟိုချုပ်ကိုင်မှုရှိသော ထောက်လှမ်းရေးအေဂျင်စီသစ် တည်ထောင်
========================
ဇူလိုင် ၁၄

ဂျပန်နိုင်ငံသည် နိုင်ငံ၏ အမျိုးသားလုံခြုံရေးကို မြှင့်တင်ရန်နှင့် ပြည်ပနိုင်ငံများ၏ ခြိမ်းခြောက်မှုများကို တန်ပြန်ရန်အတွက် ဗဟိုချုပ်ကိုင်မှုရှိသော ထောက်လှမ်းရေးအေဂျင်စီသစ်ကို တည် ထောင်လိုက်ပြီဖြစ်သည်။ ဤခြေလှမ်းသည် ဒုတိယကမ္ဘာစစ်အပြီး ဂျပန်၏ ထောက်လှမ်းရေးသမိုင်းတွင် အပြောင်းအလဲအကြီးဆုံး ဖြစ်ရပ်တစ်ခု ဖြစ်လာသည်။

အသစ်တည်ထောင်လိုက်သော အေဂျင်စီတွင် အဓိကအားဖြင့် အမျိုးသားထောက်လှမ်းရေးကောင်စီ (National Intelligence Council)နှင့် အမျိုးသားထောက်လှမ်းရေးဗျူရို(National Intelligence Bureau)စသည့် အဖွဲ့အစည်း နှစ်ခုပါဝင်သည်။

အမျိုးသားထောက်လှမ်းရေးကောင်စီသည် အစိုးရ၏ ထောက်လှမ်းရေး သတင်းအချက်အလက် စုဆောင်းမှုနှင့် ခွဲ ခြမ်းစိတ်ဖြာမှုများကို ကွပ်ကဲပေးမည့် ဗဟိုဌာနဖြစ်သည်။ အမျိုး သားထောက်လှမ်းရေးဗျူရိုမှာ စစ်ဆင်ရေးဆိုင်ရာ လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်မည့် အေဂျင်စီဖြစ်သည်။

ယခင်က ရှိပြီးသားဖြစ်သော အစိုးရအဖွဲ့၏ ထောက်လှမ်းရေးနှင့် သုတေသနရုံး(CIRO)ကို ယခုကဲ့သို့ ပြောင်းလဲဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။ ဂျပန်အစိုးရသည် အမေရိကန်၊ ဂျာမနီနှင့် သြစတြေးလျကဲ့သို့သော မဟာမိတ်နိုင်ငံများ၏ အကြံဉာဏ်များကို ရယူ၍ ဂျပန်နှင့်ကိုက်ညီမည့် ထောက်လှမ်းရေးပုံစံကို တည် ဆောက်နေခြင်းဖြစ်သည်။

ဂျပန်နိုင်ငံအနေဖြင့် ဤအေဂျင်စီကို တည်ဆောက်ရသည့် အဓိကအကြောင်းရင်းများမှာ သူလျှိုများ၊ နိုင်ငံခြား၏ ဝင်ရောက်စွက်ဖက်မှုများနှင့် နိုင်ငံခြားပြိုင်ဘက်များထံမှ အခြားသော တိုက်ခိုက်မှုများကို ကာကွယ်ရန်အတွက် ၎င်း၏ ကာကွယ် ရေးစွမ်းရည်ကို ခေတ်မီအောင် ပြုလုပ်ရန် ရည်ရွယ်ချက် ဖြစ် သည်။

အဆိုပါအေဂျင်စီသစ်ကို တည်ထောင်ရန် ဥပဒေမူကြမ်းအား ဂျပန်အမျိုးသားလွှတ်တော်၏ အထက်လွှတ်တော်က မေလတွင် အတည်ပြုခဲ့သည်။ အထက်လွှတ်တော်မတိုင်မီ တစ်လအလိုတွင် အောက်လွှတ်တော်၌ အတည်ပြုပြီးဖြစ်ခဲ့သည်။

ဒေါ်နယ်ထရမ့်၏ အမေရိကန်အစိုးရလက်ထက်တွင် အမေရိကန်၏ ထောက်လှမ်းရေးအကူအညီအပေါ် ဆယ်စုနှစ်များစွာ အားထားလာခဲ့ပြီးနောက်နှင့် ဂျပန်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ငြိမ်းချမ်းရေးဝါဒီသဘောထားကို ထည့်သွင်းထားခဲ့ပြီးနောက်၊ ဝန်ကြီးချုပ် ဆာနေး တာကာအီချီက ဤဥပဒေသည် နိုင်ငံ၏ သူလျှိုလုပ်ငန်းစွမ်းရည်ကို ခိုင်မာစေရန်အတွက် “ပထမဆုံးခြေ လှမ်း” တစ်ရပ်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

တာကာအီချီသည် အမေရိကန်၏ CIA ကို ပုံတူတည် ဆောက်နေခြင်းမဟုတ်သော်လည်း၊ အမေရိကန်၊ ဂျာမနီနှင့် သြစတြေးလျတို့အပါအဝင် အနောက်တိုင်း မဟာမိတ်နိုင်ငံများက ဂျပန်အစိုးရအား ထောက်လှမ်းရေးအေဂျင်စီသစ် တည်ထောင်ရာ တွင် အကြံဉာဏ်ပေးနေကြောင်း New York Times က ဖော်ပြခဲ့သည်။

တိုကျိုသည် မြောက်ကိုရီးယား၊ ရုရှားနှင့် တရုတ်တို့ ကဲ့သို့ အိမ်နီးချင်းနိုင်ငံများထံမှ ခြိမ်းခြောက်မှုများ ရင်ဆိုင်နေရပြီး ၎င်းတို့၏ ကြိုးပမ်းချက်များကို တန်ပြန်ရန် အမျိုးသားထောက် လှမ်းရေးအေဂျင်စီ လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဂျပန်၏ လက်ရှိဗဟိုချုပ်ကိုင်မှုမရှိသော တည်ဆောက်ပုံအတွင်း အဓိက အတားအဆီးမှာ အခြားအေဂျင်စီများ သို့မဟုတ် အဖွဲ့အစည်းများထံမှ ပူးပေါင်းဆောင်ရွက်မှုကို အတင်းအကျပ် တောင်းဆိုနိုင်သည့် သို့မဟုတ် ထောက်လှမ်း ရေး အချက်အလက်များ ပြန့်ကျဲနေခြင်းကို တားဆီးနိုင်သည့် အာဏာရှိသူ မည်သူမျှ မရှိခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။

နောက်ထပ်အခက်အခဲတစ်ခုမှာ လက်ရှိဂျပန်ဥပဒေများအရ ထောက်လှမ်းရေးလုပ်ငန်းတွင် ပါဝင်ပတ်သက်သည်ဟု သံသယရှိသော နိုင်ငံခြားကိုယ်စားလှယ်များ၏ ဆက်သွယ်ရေးကို ကြားဖြတ်ဖမ်းယူရန် သို့မဟုတ် တရားစွဲဆိုရန် ဥပဒေကြောင်းအရ ခိုင်မာမှုမရှိသည့်အတွက် အခက်အခဲရှိနေခြင်းဖြစ်သည်။

ဒုတိယကမ္ဘာစစ်ကာလက စစ်ရေးစောင့်ကြည့်မှုများ၏ ဆိုး ရွားသောမှတ်တမ်းများကြောင့် ဂျပန်ပြည်သူအချို့က စိုးရိမ်မှုများ ရှိခဲ့သော်လည်း၊ လက်ရှိလူထုစစ်တမ်းများအရ ဂျပန်လူ ငယ်မျိုးဆက်သစ်များမှာ ဤကဲ့သို့သော ထောက်လှမ်းရေး ပြု ပြင်ပြောင်းလဲမှုကို ပိုမိုလက်ခံလာကြသည်။ ဤဥပဒေသည် နိုင်ငံသားများကို ပြန်လည်စောင့်ကြည့်ရန် မဟုတ်ဘဲ နိုင်ငံလုံခြုံ ရေးကို ကာကွယ်ရန်သာဖြစ်ကြောင်း ကျွမ်းကျင်သူများက ရှင်းပြထားသည်။