ဂါနာခ်ိဳကို ျပန္ေရာင္းခ်ရန္ ခ်ယ္လ္ဆီးျပင္ဆင္

ဂါနာခ်ိဳကို ျပန္ေရာင္းခ်ရန္ ခ်ယ္လ္ဆီးျပင္ဆင္
================
ခ်ယ္လ္ဆီးအသင္းဟာ အာဂ်င္တီးနားေတာင္ပံကစားသမား ဂါနာခ်ိဳကို ျပန္ေရာင္းခ်ဖို႔ ဆုံးျဖတ္ခဲ့ၿပီး ေျပာင္းေ႐ႊ႕ေၾကးသတ္မွတ္ထားတယ္လို႔ သိရပါတယ္။
ကမာၻ႔ဖလားမကစားတဲ့ ခ်ယ္လ္ဆီးအသင္းသားေတြဟာ ၿပီးခဲ့တဲ့ၾကာသပေတးေန႔မွာ အသင္းနဲ႔ လာေရာက္ပူးေပါင္းရမွာျဖစ္ေပမဲ့ ဂါနာခ်ိဳကေတာ့ ေရာက္မလာခဲ့ပါဘူး။
ခ်ယ္လ္ဆီးအသင္းက ဂါနာခ်ိဳရဲ႕ေျပာင္းေ႐ႊ႕ေၾကးကို ျပည္ပကလပ္ေတြအေနနဲ႔ ယူ႐ို သန္း ၅၀၊ ပရီးမီးယားလိဂ္ကလပ္ေတြအေနနဲ႔ ေပါင္ ၄၅ သန္း သတ္မွတ္ထားတယ္လို သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။
ဂါနာခ်ိဳကေတာ့ စီးရီးေအကလပ္ ႐ိုးမားအသင္းထံ ေျပာင္းေ႐ႊ႕ကစားလိုေနတယ္လို႔ သိရပါတယ္။
႐ိုးမားအသင္းက ဂါနာခ်ိဳကို ကနဦးအငွားနဲ႔သာ ေခၚယူလိုၿပီး ခ်ယ္လ္ဆီးအသင္းကေတာ့ အၿပီးတိုင္ေရာင္းခ်ဖို႔သာ စဥ္းစားမွာျဖစ္တယ္။
ဂါနာခ်ိဳဟာ ၿပီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ္မွာ ၂၄ ပြဲ ကစားခဲ့ရေပမဲ့ ၁၀ ပြဲက လူစားဝင္ကစားရၿပီး တစ္ဂိုးသာ သြင္းႏိုင္ခဲ့ပါတယ္။
၎ဟာ ၿပီးခဲ့တဲ့ႏွစ္ကမွ မန္ယူႏိုက္တက္ကေန ေပါင္ သန္း ၄၀ နဲ႔ ခ်ယ္လ္ဆီးကို ေရာက္လာခဲ့တာပါ။
မန္ယူႏိုက္တက္အေနနဲ႔ ဂါနာခ်ိဳရဲ႕ အေျပာင္းအေ႐ႊ႕ကေန ၁၀ ရာခိုင္ႏႈန္းခံစားခြင့္ ရွိပါတယ္။
ဂါနာချိုကို ပြန်ရောင်းချရန် ချယ်လ်ဆီးပြင်ဆင်
================
ချယ်လ်ဆီးအသင်းဟာ အာဂျင်တီးနားတောင်ပံကစားသမား ဂါနာချိုကို ပြန်ရောင်းချဖို့ ဆုံးဖြတ်ခဲ့ပြီး ပြောင်းရွှေ့ကြေးသတ်မှတ်ထားတယ်လို့ သိရပါတယ်။
ကမ္ဘာ့ဖလားမကစားတဲ့ ချယ်လ်ဆီးအသင်းသားတွေဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့မှာ အသင်းနဲ့ လာရောက်ပူးပေါင်းရမှာဖြစ်ပေမဲ့ ဂါနာချိုကတော့ ရောက်မလာခဲ့ပါဘူး။
ချယ်လ်ဆီးအသင်းက ဂါနာချိုရဲ့ပြောင်းရွှေ့ကြေးကို ပြည်ပကလပ်တွေအနေနဲ့ ယူရို သန်း ၅၀၊ ပရီးမီးယားလိဂ်ကလပ်တွေအနေနဲ့ ပေါင် ၄၅ သန်း သတ်မှတ်ထားတယ်လို သတင်းတွေက ဖော်ပြခဲ့ပါတယ်။
ဂါနာချိုကတော့ စီးရီးအေကလပ် ရိုးမားအသင်းထံ ပြောင်းရွှေ့ကစားလိုနေတယ်လို့ သိရပါတယ်။
ရိုးမားအသင်းက ဂါနာချိုကို ကနဦးအငှားနဲ့သာ ခေါ်ယူလိုပြီး ချယ်လ်ဆီးအသင်းကတော့ အပြီးတိုင်ရောင်းချဖို့သာ စဉ်းစားမှာဖြစ်တယ်။
ဂါနာချိုဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ ၂၄ ပွဲ ကစားခဲ့ရပေမဲ့ ၁၀ ပွဲက လူစားဝင်ကစားရပြီး တစ်ဂိုးသာ သွင်းနိုင်ခဲ့ပါတယ်။
၎င်းဟာ ပြီးခဲ့တဲ့နှစ်ကမှ မန်ယူနိုက်တက်ကနေ ပေါင် သန်း ၄၀ နဲ့ ချယ်လ်ဆီးကို ရောက်လာခဲ့တာပါ။
မန်ယူနိုက်တက်အနေနဲ့ ဂါနာချိုရဲ့ အပြောင်းအရွှေ့ကနေ ၁၀ ရာခိုင်နှုန်းခံစားခွင့် ရှိပါတယ်။




