အီရန္က ေဟာ္မုေရလက္ၾကားကို ျပန္ပိတ္

အီရန္က ေဟာ္မုေရလက္ၾကားကို ျပန္ပိတ္
=====================
အေမရိကန္ႏိုင္ငံက လုပ္ေဆာင္ေနေသာ တိုက္ခိုက္မႈကို မရပ္မခ်င္းေဟာ္မုေရလက္ၾကားကို ပိတ္ထားမည္ျဖစ္ေၾကာင္း အီရန္၏အစၥလာမ္မစ္ေတာ္လွန္ေရးအေစာင့္တပ္ဖြဲ႕က ဇူလိုင္လ ၁၂ ရက္တြင္ထုတ္ျပန္ထားသည္။ အီရန္အေနျဖင့္ ကုန္သြယ္ေရးသေဘၤာမ်ားအတြက္ ထိုေရလက္ၾကားကို မျဖစ္မေနဖြင့္ေပးရမည္ဟု အေမရိကန္က ဖိအားေပးေတာင္းဆိုမႈမ်ား ျပဳလုပ္ၿပီးေနာက္ အီရန္က ယခုကဲ့သို႔တုံ႔ျပန္လာျခင္းျဖစ္သည္။

ထို႔ျပင္ အေမရိကန္က ေနာက္ထပ္အမွားတစ္ခုကိုက်ဴးလြန္ႏိုင္ေစေရးအတြက္ တိုက္ခိုက္မႈမ်ားကိုလုပ္ေဆာင္လာလွ်င္ အီရန္ႏိုင္ငံ၏ ျပင္းထန္ေသာတုံ႔ျပန္မႈႏွင့္ ရင္ဆိုင္ရမည္ျဖစ္ေၾကာင္း၊ ေဒသတြင္းရွိ အေမရိကန္၏ စစ္စခန္းမ်ားအားလုံး ပစ္မွတ္ထား တိုက္ခိုက္ခံရမည္ျဖစ္ေၾကာင္း ေတာ္လွန္ေရးအေစာင့္တပ္ဖြဲ႕ကထုတ္ျပန္ထားသည္။

အေမရိကန္ႏွင့္ အီရန္တို႔ၾကားအျပန္အလွန္တိုက္ခိုက္မႈမ်ား ျဖစ္ပြားေနစဥ္ ေဟာ္မုေရလက္ၾကားကို ပိတ္လိုက္ၿပီျဖစ္ေၾကာင္း အီရန္က ေျပာလာျခင္းျဖစ္သည္။ တစ္ဖက္တြင္မူ ေဟာ္မုေရလက္ၾကား ေတာင္ပိုင္းလမ္းေၾကာင္းကို ဖြင့္ထားဆဲျဖစ္ေၾကာင္း အေမရိကန္စစ္ဘက္ကေျပာထားသည္။

Ref: RT, Xinhua


အီရန်က ဟော်မုရေလက်ကြားကို ပြန်ပိတ်
=====================
အမေရိကန်နိုင်ငံက လုပ်ဆောင်နေသော တိုက်ခိုက်မှုကို မရပ်မချင်းဟော်မုရေလက်ကြားကို ပိတ်ထားမည်ဖြစ်ကြောင်း အီရန်၏အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ဇူလိုင်လ ၁၂ ရက်တွင်ထုတ်ပြန်ထားသည်။ အီရန်အနေဖြင့် ကုန်သွယ်ရေးသင်္ဘောများအတွက် ထိုရေလက်ကြားကို မဖြစ်မနေဖွင့်ပေးရမည်ဟု အမေရိကန်က ဖိအားပေးတောင်းဆိုမှုများ ပြုလုပ်ပြီးနောက် အီရန်က ယခုကဲ့သို့တုံ့ပြန်လာခြင်းဖြစ်သည်။

ထို့ပြင် အမေရိကန်က နောက်ထပ်အမှားတစ်ခုကိုကျူးလွန်နိုင်စေရေးအတွက် တိုက်ခိုက်မှုများကိုလုပ်ဆောင်လာလျှင် အီရန်နိုင်ငံ၏ ပြင်းထန်သောတုံ့ပြန်မှုနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း၊ ဒေသတွင်းရှိ အမေရိကန်၏ စစ်စခန်းများအားလုံး ပစ်မှတ်ထား တိုက်ခိုက်ခံရမည်ဖြစ်ကြောင်း တော်လှန်ရေးအစောင့်တပ်ဖွဲ့ကထုတ်ပြန်ထားသည်။

အမေရိကန်နှင့် အီရန်တို့ကြားအပြန်အလှန်တိုက်ခိုက်မှုများ ဖြစ်ပွားနေစဉ် ဟော်မုရေလက်ကြားကို ပိတ်လိုက်ပြီဖြစ်ကြောင်း အီရန်က ပြောလာခြင်းဖြစ်သည်။ တစ်ဖက်တွင်မူ ဟော်မုရေလက်ကြား တောင်ပိုင်းလမ်းကြောင်းကို ဖွင့်ထားဆဲဖြစ်ကြောင်း အမေရိကန်စစ်ဘက်ကပြောထားသည်။

Ref: RT, Xinhua