ဘလူခ်ီစတန္တြင္ ရဲအရာရွိ ၁၈ ဦးကို ျပန္ေပးဆြဲသတ္ျဖတ္မႈျဖစ္ပြား၊ ပါကစၥတန္တပ္မေတာ္၏ စစ္ဆင္ေရးအတြင္း သူပုန္ ၇၅ ဦး ေသဆုံး

ဘလူခ်ီစတန္တြင္ ရဲအရာရွိ ၁၈ ဦးကို ျပန္ေပးဆြဲသတ္ျဖတ္မႈျဖစ္ပြား၊ ပါကစၥတန္တပ္မေတာ္၏ စစ္ဆင္ေရးအတြင္း သူပုန္ ၇၅ ဦး ေသဆုံး =============================
ပါကစၥတန္ႏိုင္ငံ အေနာက္ေတာင္ပိုင္း ဘလူခ်ီစတန္ျပည္နယ္တြင္ ခြဲထြက္ေရး သူပုန္အဖြဲ႕၏ အၾကမ္းဖက္တိုက္ခိုက္မႈမ်ားေၾကာင့္ ရဲတပ္ဖြဲ႕ဝင္မ်ား အစုလိုက္အၿပဳံ လိုက္ ေသဆုံးခဲ့ရၿပီးေနာက္ ပါကစၥတန္ လုံၿခဳံေရးတပ္ဖြဲ႕မ်ားက အႀကီးစားစစ္ဆင္ ေရးမ်ား ဆင္ႏႊဲကာ သူပုန္ ၇၅ ဦးကို ေခ်မႈန္းႏိုင္ခဲ့ေၾကာင္း တာ ဝန္ရွိသူမ်ားက ေသာၾကာေန႔တြင္ အတည္ျပဳေျပာၾကားခဲ့သည္။ အၾကမ္းဖက္မႈမ်ားသည္ တနလၤာေန႔ေႏွာင္းပိုင္းတြင္ ကြီတားၿမိဳ႕၏ ေရေပးေဝေရးအတြက္ အဓိကက်ေသာ မန္ဂီဆည္အနီးရွိ ရဲကင္းစခန္းကို “ဘလူခ်ီ လြတ္ေျမာက္ေရးတပ္မေတာ္ (BLA)” အဖြဲ႕က အင္အားသုံး တိုက္ခိုက္ျခင္းျဖင့္ စတင္ခဲ့သည္။
အဆိုပါတိုက္ခိုက္မႈတြင္ ရဲအရာရွိ ၉ ဦးႏွင့္ သူပုန္ ၁၅ ဦး ေသဆုံးခဲ့ၿပီး၊ ရဲတပ္ဖြဲ႕ဝင္ ၁၈ ဦးကို သူပုန္မ်ားက ျပန္ေပးဆြဲသြားခဲ့သည္။ ေနာက္ပိုင္းတြင္ ျပန္ေပးဆြဲခံရသည့္ ရဲအရာရွိ ၁၈ ဦး၏ ႐ုပ္အေလာင္းမ်ားကို အနီးရွိ ေတာင္ကုန္းမ်ားတြင္ မ်က္ လုံးအစြပ္ခံထားရၿပီး ပစ္သတ္ထားသည့္ အေနအထားျဖင့္ ျပန္ လည္ေတြ႕ရွိခဲ့ရသည္။
ယင္းသို႔ ရဲတပ္ဖြဲ႕ဝင္မ်ား ရက္စက္စြာ အသတ္ခံရမႈအၿပီးတြင္ ပါကစၥတန္တပ္မေတာ္၊ နယ္ျခားေစာင့္တပ္ႏွင့္ ရဲတပ္ဖြဲ႕တို႔ ပူး ေပါင္း၍ ေလေၾကာင္းႏွင့္ ေျမျပင္အင္အားအသုံးျပဳကာ အႀကီးစား စစ္ဆင္ေရးမ်ားကို ေဒသတစ္ခြင္ ဆင္ႏႊဲခဲ့သည္။
အဆိုပါ စစ္ဆင္ေရးအတြင္း သူပုန္ ၇၅ ဦးကို ေခ်မႈန္းႏိုင္ခဲ့ေၾကာင္း အစိုးရအရာရွိမ်ားက ထုတ္ျပန္ခဲ့သည္။ ဝန္ႀကီးခ်ဳပ္ ရွာဘာဇ္ ရွရစ္ဖ္ကလည္း ေသဆုံးသြားေသာ ရဲအရာရွိမ်ား၏ မိသားစုမ်ားႏွင့္ ေတြ႕ဆုံ၍ ေလ်ာ္ေၾကးေငြမ်ား ေထာက္ပံ့ေပး အပ္ခဲ့ၿပီး က်ဴးလြန္သူမ်ားကို ထိေရာက္စြာ အေရးယူသြားမည္ဟု ကတိျပဳခဲ့သည္။
ဘလူခ်ီစတန္ျပည္နယ္သည္ ပါကစၥတန္ႏိုင္ငံ၏ အႀကီးဆုံးျပည္နယ္ျဖစ္ၿပီး တ႐ုတ္-ပါကစၥတန္ စီးပြားေရးစႀကႍ (CPEC) စီမံကိန္းမ်ား၏ အဓိကေနရာျဖစ္သည့္အတြက္ မဟာဗ်ဴဟာေျမာက္ အလြန္အေရးပါလ်က္ရွိသည္။ သူပုန္မ်ားသည္ ပါကစၥတန္ လုံၿခဳံေရးတပ္ဖြဲ႕မ်ားအျပင္ ေဒသတြင္းရွိ တ႐ုတ္တို႔၏ အက်ိဳးစီးပြားမ်ားကိုလည္း ထပ္ခါတလဲလဲ ပစ္မွတ္ထားတိုက္ ခိုက္လ်က္ရွိသည္။
သို႔ေသာ္ ေဒသခံခြဲထြက္ေရး လက္နက္ကိုင္အဖြဲ႕မ်ားက ကိုယ္ ပိုင္အုပ္ခ်ဳပ္ခြင့္ႏွင့္ လြတ္လပ္ေရးကို ေတာင္းဆိုကာ လုံၿခဳံေရးတပ္ဖြဲ႕မ်ားအျပင္ တ႐ုတ္စီမံကိန္းမ်ားကိုပါ ပစ္မွတ္ထား၍ ဆယ္စုႏွစ္မ်ားစြာ ၾကာျမင့္သည့္ ပုန္ကန္မႈမ်ားကို လုပ္ေဆာင္လ်က္ရွိသည္။
ပါကစၥတန္၏ အႀကီးဆုံးျဖစ္ေသာ္လည္း လူဦးေရအနည္းဆုံး ျပည္နယ္ျဖစ္ေသာ ဘလူခ်ီစတန္တြင္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ သို႔မဟုတ္ လြတ္လပ္ေရးကို ေတာင္းဆိုေနၾကသည့္ လူမ်ိဳးစု ဘလူခ်ီအဖြဲ႕မ်ား ဦးေဆာင္ေသာ ဆယ္စုႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္သည့္ ခြဲထြက္ေရး သူပုန္လႈပ္ရွားမႈမ်ား ရွိေနသည္။
ဘလူချီစတန်တွင် ရဲအရာရှိ ၁၈ ဦးကို ပြန်ပေးဆွဲသတ်ဖြတ်မှုဖြစ်ပွား၊ ပါကစ္စတန်တပ်မတော်၏ စစ်ဆင်ရေးအတွင်း သူပုန် ၇၅ ဦး သေဆုံး
=============================
ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘလူချီစတန်ပြည်နယ်တွင် ခွဲထွက်ရေး သူပုန်အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ရဲတပ်ဖွဲ့ဝင်များ အစုလိုက်အပြုံ လိုက် သေဆုံးခဲ့ရပြီးနောက် ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့များက အကြီးစားစစ်ဆင် ရေးများ ဆင်နွှဲကာ သူပုန် ၇၅ ဦးကို ချေမှုန်းနိုင်ခဲ့ကြောင်း တာ ဝန်ရှိသူများက သောကြာနေ့တွင် အတည်ပြုပြောကြားခဲ့သည်။
အကြမ်းဖက်မှုများသည် တနင်္လာနေ့နှောင်းပိုင်းတွင် ကွီတားမြို့၏ ရေပေးဝေရေးအတွက် အဓိကကျသော မန်ဂီဆည်အနီးရှိ ရဲကင်းစခန်းကို “ဘလူချီ လွတ်မြောက်ရေးတပ်မတော် (BLA)” အဖွဲ့က အင်အားသုံး တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့သည်။
အဆိုပါတိုက်ခိုက်မှုတွင် ရဲအရာရှိ ၉ ဦးနှင့် သူပုန် ၁၅ ဦး သေဆုံးခဲ့ပြီး၊ ရဲတပ်ဖွဲ့ဝင် ၁၈ ဦးကို သူပုန်များက ပြန်ပေးဆွဲသွားခဲ့သည်။ နောက်ပိုင်းတွင် ပြန်ပေးဆွဲခံရသည့် ရဲအရာရှိ ၁၈ ဦး၏ ရုပ်အလောင်းများကို အနီးရှိ တောင်ကုန်းများတွင် မျက် လုံးအစွပ်ခံထားရပြီး ပစ်သတ်ထားသည့် အနေအထားဖြင့် ပြန် လည်တွေ့ရှိခဲ့ရသည်။
ယင်းသို့ ရဲတပ်ဖွဲ့ဝင်များ ရက်စက်စွာ အသတ်ခံရမှုအပြီးတွင် ပါကစ္စတန်တပ်မတော်၊ နယ်ခြားစောင့်တပ်နှင့် ရဲတပ်ဖွဲ့တို့ ပူး ပေါင်း၍ လေကြောင်းနှင့် မြေပြင်အင်အားအသုံးပြုကာ အကြီးစား စစ်ဆင်ရေးများကို ဒေသတစ်ခွင် ဆင်နွှဲခဲ့သည်။
အဆိုပါ စစ်ဆင်ရေးအတွင်း သူပုန် ၇၅ ဦးကို ချေမှုန်းနိုင်ခဲ့ကြောင်း အစိုးရအရာရှိများက ထုတ်ပြန်ခဲ့သည်။ ဝန်ကြီးချုပ် ရှာဘာဇ် ရှရစ်ဖ်ကလည်း သေဆုံးသွားသော ရဲအရာရှိများ၏ မိသားစုများနှင့် တွေ့ဆုံ၍ လျော်ကြေးငွေများ ထောက်ပံ့ပေး အပ်ခဲ့ပြီး ကျူးလွန်သူများကို ထိရောက်စွာ အရေးယူသွားမည်ဟု ကတိပြုခဲ့သည်။
ဘလူချီစတန်ပြည်နယ်သည် ပါကစ္စတန်နိုင်ငံ၏ အကြီးဆုံးပြည်နယ်ဖြစ်ပြီး တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) စီမံကိန်းများ၏ အဓိကနေရာဖြစ်သည့်အတွက် မဟာဗျူဟာမြောက် အလွန်အရေးပါလျက်ရှိသည်။ သူပုန်များသည် ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့များအပြင် ဒေသတွင်းရှိ တရုတ်တို့၏ အကျိုးစီးပွားများကိုလည်း ထပ်ခါတလဲလဲ ပစ်မှတ်ထားတိုက် ခိုက်လျက်ရှိသည်။
သို့သော် ဒေသခံခွဲထွက်ရေး လက်နက်ကိုင်အဖွဲ့များက ကိုယ် ပိုင်အုပ်ချုပ်ခွင့်နှင့် လွတ်လပ်ရေးကို တောင်းဆိုကာ လုံခြုံရေးတပ်ဖွဲ့များအပြင် တရုတ်စီမံကိန်းများကိုပါ ပစ်မှတ်ထား၍ ဆယ်စုနှစ်များစွာ ကြာမြင့်သည့် ပုန်ကန်မှုများကို လုပ်ဆောင်လျက်ရှိသည်။
ပါကစ္စတန်၏ အကြီးဆုံးဖြစ်သော်လည်း လူဦးရေအနည်းဆုံး ပြည်နယ်ဖြစ်သော ဘလူချီစတန်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် သို့မဟုတ် လွတ်လပ်ရေးကို တောင်းဆိုနေကြသည့် လူမျိုးစု ဘလူချီအဖွဲ့များ ဦးဆောင်သော ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်သည့် ခွဲထွက်ရေး သူပုန်လှုပ်ရှားမှုများ ရှိနေသည်။



