ထိုင္းႏိုင္ငံ၌ ယာဥ္မေတာ္တဆမႈေၾကာင့္ အသက္ဆုံးရႈံးခဲ့သည့္ ျမန္မာအလုပ္သမားအတြက္ ပုဂၢလိကအာမခံကုမၸဏီမွ အာမခံေၾကး ဘတ္ ၁၁၀၀၀၀၀ ထုတ္ယူႏိုင္ေရး အလုပ္သမားသံအရာရွိ႐ုံးကူညီ

ထိုင္းႏိုင္ငံ၌ ယာဥ္မေတာ္တဆမႈေၾကာင့္ အသက္ဆုံးရႈံးခဲ့သည့္ ျမန္မာအလုပ္သမားအတြက္ ပုဂၢလိကအာမခံကုမၸဏီမွ အာမခံေၾကး ဘတ္ ၁၁၀၀၀၀၀ ထုတ္ယူႏိုင္ေရး အလုပ္သမားသံအရာရွိ႐ုံးကူညီ
==============================
ထိုင္းႏိုင္ငံ လေယာင္၌ ယာဥ္မေတာ္တဆမႈျဖစ္၍ အသက္ဆုံးရႈံးခဲ့သည့္ ျမန္မာအလုပ္သမားအတြက္ ပုဂၢလိကအာမခံကုမၸဏီမွ အာမခံေၾကးေငြ ဘတ္ ၁၁၀၀၀၀၀ အား ထုတ္ယူႏိုင္ေရး ကူညီေပးခဲ့ေၾကာင္း အလုပ္သမားသံအရာရွိ႐ုံးမွ သိရသည္။

ထိုင္းႏိုင္ငံ လေယာင္၌ ၂၀၂၅ ခုႏွစ္ ဩဂုတ္လတြင္ ယာဥ္မေတာ္တဆျဖစ္ရာမွ အသက္ဆုံးရႈံးခဲ့ရေၾကာင္း၊ ေသဆုံးခဲ့သည့္ အလုပ္သမားအတြက္ ပုဂၢလိကအာမခံကုမၸဏီမွ ရသင့္ရထိုက္သည့္အာမခံေၾကးေငြ ဘတ္ ၁၁၀၀၀၀၀ အား ထုတ္ယူႏိုင္ေရးကူညီေဆာင္႐ြက္ေပးခဲ့ၿပီး ယမန္ေန႔က အလုပ္သမားသံအရာရွိ႐ုံး၌ မိခင္ျဖစ္သူထံသို႔ ေပးအပ္ခဲ့သည္။

အလုပ္သမားသံအရာရွိ႐ုံးအေနျဖင့္ ျမန္မာအလုပ္သမားမ်ား၏ အလုပ္သမားေရးရာကိစၥရပ္မ်ား၊ က်န္းမာေရး၊ အာမခံေၾကး၊ လုပ္ခလစာရရွိမႈမ်ားႏွင့္ ပတ္သက္ၿပီး တာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံညႇိႏႈိင္း၍ ကူညီေပးလ်က္ရွိေၾကာင္း၊ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားအေနျဖင့္ အလုပ္သမားေရးရာကိစၥရပ္မ်ားႏွင့္ စပ္လ်ဥ္း၍ အလုပ္သမားသံအရာရွိ ဖုန္းနံပါတ္မ်ားသို႔ ႐ုံးခ်ိန္အတြင္းတိက်စြာသတင္းေပးပို႔ၿပီး အလုပ္သမားသံအရာရွိ႐ုံး(Call Center) 020030015၊ အလုပ္သမားသံမႉး(ဗန္ေကာက္) 0618108454၊ အလုပ္သမားသံအရာရွိ(ဗန္ေကာက္)0626890119၊ အလုပ္သမားသံအရာရွိ(ဗန္ေကာက္) 0652206952၊ အလုပ္သမားသံအရာရွိ(မဲေဆာက္) 0652206953၊ အလုပ္သမားသံအရာရွိ(ခ်င္းမိုင္) 0945866607၊အလုပ္သမားသံအရာရွိ(ရေနာင္း) 063-4818121 တို႔သို႔ အကူအညီေတာင္းခံ တိုင္ၾကားႏိုင္ေၾကာင္း သိရသည္။

#MWD


ထိုင်းနိုင်ငံ၌ ယာဉ်မတော်တဆမှုကြောင့် အသက်ဆုံးရှုံးခဲ့သည့် မြန်မာအလုပ်သမားအတွက် ပုဂ္ဂလိကအာမခံကုမ္ပဏီမှ အာမခံကြေး ဘတ် ၁၁၀၀၀၀၀ ထုတ်ယူနိုင်ရေး အလုပ်သမားသံအရာရှိရုံးကူညီ
==============================
ထိုင်းနိုင်ငံ လယောင်၌ ယာဉ်မတော်တဆမှုဖြစ်၍ အသက်ဆုံးရှုံးခဲ့သည့် မြန်မာအလုပ်သမားအတွက် ပုဂ္ဂလိကအာမခံကုမ္ပဏီမှ အာမခံကြေးငွေ ဘတ် ၁၁၀၀၀၀၀ အား ထုတ်ယူနိုင်ရေး ကူညီပေးခဲ့ကြောင်း အလုပ်သမားသံအရာရှိရုံးမှ သိရသည်။

ထိုင်းနိုင်ငံ လယောင်၌ ၂၀၂၅ ခုနှစ် ဩဂုတ်လတွင် ယာဉ်မတော်တဆဖြစ်ရာမှ အသက်ဆုံးရှုံးခဲ့ရကြောင်း၊ သေဆုံးခဲ့သည့် အလုပ်သမားအတွက် ပုဂ္ဂလိကအာမခံကုမ္ပဏီမှ ရသင့်ရထိုက်သည့်အာမခံကြေးငွေ ဘတ် ၁၁၀၀၀၀၀ အား ထုတ်ယူနိုင်ရေးကူညီဆောင်ရွက်ပေးခဲ့ပြီး ယမန်နေ့က အလုပ်သမားသံအရာရှိရုံး၌ မိခင်ဖြစ်သူထံသို့ ပေးအပ်ခဲ့သည်။

အလုပ်သမားသံအရာရှိရုံးအနေဖြင့် မြန်မာအလုပ်သမားများ၏ အလုပ်သမားရေးရာကိစ္စရပ်များ၊ ကျန်းမာရေး၊ အာမခံကြေး၊ လုပ်ခလစာရရှိမှုများနှင့် ပတ်သက်ပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်း၍ ကူညီပေးလျက်ရှိကြောင်း၊ မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အလုပ်သမားရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ အလုပ်သမားသံအရာရှိ ဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်းတိကျစွာသတင်းပေးပို့ပြီး အလုပ်သမားသံအရာရှိရုံး(Call Center) 020030015၊ အလုပ်သမားသံမှူး(ဗန်ကောက်) 0618108454၊ အလုပ်သမားသံအရာရှိ(ဗန်ကောက်)0626890119၊ အလုပ်သမားသံအရာရှိ(ဗန်ကောက်) 0652206952၊ အလုပ်သမားသံအရာရှိ(မဲဆောက်) 0652206953၊ အလုပ်သမားသံအရာရှိ(ချင်းမိုင်) 0945866607၊အလုပ်သမားသံအရာရှိ(ရနောင်း) 063-4818121 တို့သို့ အကူအညီတောင်းခံ တိုင်ကြားနိုင်ကြောင်း သိရသည်။

#MWD