ျမန္မာ့သစ္လုပ္ငန္း (MTE) က ေဒသအႏွံ႔မွ ထြက္ရွိသည့္ ကြၽန္းႏွင့္ သစ္မာ တန္ခ်ိန္ ၄,၁၀၀ ေက်ာ္ကို ရန္ကုန္တြင္ အိတ္ဖြင့္တင္ဒါစနစ္ျဖင့္ ေရာင္းခ်မည္

ျမန္မာ့သစ္လုပ္ငန္း (MTE) က ေဒသအႏွံ႔မွ ထြက္ရွိသည့္ ကြၽန္းႏွင့္ သစ္မာ တန္ခ်ိန္ ၄,၁၀၀ ေက်ာ္ကို ရန္ကုန္တြင္ အိတ္ဖြင့္တင္ဒါစနစ္ျဖင့္ ေရာင္းခ်မည္
========================
ဇူလိုင္ ၉

သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာ နေအာက္ရွိ ျမန္မာ့သစ္လုပ္ငန္း (Myanma Timber Enterprise – MTE)၊ ျပည္တြင္းကုန္သြယ္ေရးႏွင့္ သစ္စက္ဌာနသည္ ႏိုင္ငံေတာ္မွ ထြက္ရွိသည့္ အရည္ အေသြးျမင့္ ကြၽန္းႏွင့္ သစ္မာ သစ္လုံးမ်ားႏွင့္ သစ္ခြဲသား တန္ခ်ိန္ ၄,၁၀၀ ေက်ာ္ကို ျပည္တြင္း၊ ျပည္ပမွ စိတ္ပါဝင္စားသူမ်ားသို႔ အိတ္ဖြင့္တင္ဒါ (Open Tender) စနစ္ျဖင့္ ေရာင္းခ်သြားမည္ျဖစ္ေၾကာင္း တရားဝင္ ထုတ္ျပန္ေၾကညာလိုက္သည္။

ယခုအႀကိမ္ တင္ဒါစနစ္ျဖင့္ ေရာင္းခ်မည့္ သစ္လုံးမ်ားႏွင့္ သစ္ခြဲသားမ်ားသည္ ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ပဲခူး တိုင္းေဒသႀကီး၊ ေနျပည္ေတာ္ေကာင္စီနယ္ေျမႏွင့္ ရန္ကုန္တိုင္းေဒသႀကီးတို႔ရွိ သစ္ေတာနယ္ေျမအသီးသီးမွ စနစ္တက် ထုတ္လုပ္ထားသည့္ အဖိုးတန္ ကြၽန္းသစ္မ်ားႏွင့္ ခိုင္ခံ့ေသာ သစ္မာအမ်ိဳးအစားမ်ား ျဖစ္ၾကသည္။

အဆိုပါ ကြၽန္းႏွင့္ သစ္မာ အိတ္ဖြင့္တင္ဒါၿပိဳင္ပြဲကို ဇြန္ လ ၂၁ ရက္ေန႔ နံနက္ ၈ နာရီခြဲတြင္ ရန္ကုန္ၿမိဳ႕၊ အင္းစိန္ၿမိဳ႕နယ္ရွိ ျမန္မာ့သစ္လုပ္ငန္းခ်ဳပ္၊ ေတာ္ဝင္ခန္းမ (Tawwin Hall)၌ စနစ္တ က် က်င္းပျပဳလုပ္သြားမည္ျဖစ္ သည္။

သစ္အိတ္ဖြင့္တင္ဒါ တင္သြင္းလိုသည့္ စီးပြားေရးလုပ္ငန္းရွင္မ်ားႏွင့္ စိတ္ပါဝင္စားသူမ်ားအေနျဖင့္ လိုအပ္သည့္ စည္း ကမ္းခ်က္မ်ားႏွင့္ အေသးစိတ္အခ်က္အလက္မ်ားကို ျမန္မာ့သစ္လုပ္ငန္း၏ တရားဝင္ဝက္ဘ္ဆိုက္ျဖစ္ေသာ www.mte.gov.mm တြင္ ဝင္ေရာက္ေလ့လာႏိုင္သည့္အျပင္၊ ျပည္တြင္းကုန္သြယ္ေရးႏွင့္ သစ္စက္ဌာန၏ တာဝန္ခံဖုန္းနံပါတ္မ်ားျဖစ္သည့္ ၀၉-၇၉၅၇၀၀၄၃၉ ႏွင့္ ၀၉-၄၀၂၇၀၅၅၁၅ တို႔သို႔ တိုက္႐ိုက္ဆက္သြယ္ ေမးျမန္းႏိုင္ေၾကာင္း အိတ္ဖြင့္တင္ဒါက်င္း ပေရးေကာ္မတီက အသိေပးထုတ္ျပန္ထားသည္။


မြန်မာ့သစ်လုပ်ငန်း (MTE) က ဒေသအနှံ့မှ ထွက်ရှိသည့် ကျွန်းနှင့် သစ်မာ တန်ချိန် ၄,၁၀၀ ကျော်ကို ရန်ကုန်တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည်
========================
ဇူလိုင် ၉

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာ နအောက်ရှိ မြန်မာ့သစ်လုပ်ငန်း (Myanma Timber Enterprise – MTE)၊ ပြည်တွင်းကုန်သွယ်ရေးနှင့် သစ်စက်ဌာနသည် နိုင်ငံတော်မှ ထွက်ရှိသည့် အရည် အသွေးမြင့် ကျွန်းနှင့် သစ်မာ သစ်လုံးများနှင့် သစ်ခွဲသား တန်ချိန် ၄,၁၀၀ ကျော်ကို ပြည်တွင်း၊ ပြည်ပမှ စိတ်ပါဝင်စားသူများသို့ အိတ်ဖွင့်တင်ဒါ (Open Tender) စနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာလိုက်သည်။

ယခုအကြိမ် တင်ဒါစနစ်ဖြင့် ရောင်းချမည့် သစ်လုံးများနှင့် သစ်ခွဲသားများသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပဲခူး တိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ရှိ သစ်တောနယ်မြေအသီးသီးမှ စနစ်တကျ ထုတ်လုပ်ထားသည့် အဖိုးတန် ကျွန်းသစ်များနှင့် ခိုင်ခံ့သော သစ်မာအမျိုးအစားများ ဖြစ်ကြသည်။

အဆိုပါ ကျွန်းနှင့် သစ်မာ အိတ်ဖွင့်တင်ဒါပြိုင်ပွဲကို ဇွန် လ ၂၁ ရက်နေ့ နံနက် ၈ နာရီခွဲတွင် ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းချုပ်၊ တော်ဝင်ခန်းမ (Tawwin Hall)၌ စနစ်တ ကျ ကျင်းပပြုလုပ်သွားမည်ဖြစ် သည်။

သစ်အိတ်ဖွင့်တင်ဒါ တင်သွင်းလိုသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် စိတ်ပါဝင်စားသူများအနေဖြင့် လိုအပ်သည့် စည်း ကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကို မြန်မာ့သစ်လုပ်ငန်း၏ တရားဝင်ဝက်ဘ်ဆိုက်ဖြစ်သော www.mte.gov.mm တွင် ဝင်ရောက်လေ့လာနိုင်သည့်အပြင်၊ ပြည်တွင်းကုန်သွယ်ရေးနှင့် သစ်စက်ဌာန၏ တာဝန်ခံဖုန်းနံပါတ်များဖြစ်သည့် ၀၉-၇၉၅၇၀၀၄၃၉ နှင့် ၀၉-၄၀၂၇၀၅၅၁၅ တို့သို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ကြောင်း အိတ်ဖွင့်တင်ဒါကျင်း ပရေးကော်မတီက အသိပေးထုတ်ပြန်ထားသည်။