ေပၚတူဂီနည္းျပအျဖစ္မွ ထြက္မည္ဟု မာတီနက္ဇ္

ေပၚတူဂီနည္းျပအျဖစ္မွ ထြက္မည္ဟု မာတီနက္ဇ္ အတည္ျပဳ
————————————–
ကမၻာ့ဖလားၿပိဳင္ပြဲ ၁၆ သင္းအဆင့္မွာ စပိန္အသင္းကိုရႈံးနိမ့္ခဲ့ၿပီးေနာက္ ေပၚတူဂီအသင္း နည္းျပအျဖစ္ကေန ထြက္ခြာမွာျဖစ္တယ္လို႔ နည္းျပ မာတီနက္ဇ္က အတည္ျပဳသြားခဲ့ၿပီး အခုႏွစ္ကမၻာ့ဖလားမွာ ေပၚတူဂီအသင္း ရလဒ္က က်ရႈံးမႈတစ္ခုမဟုတ္ဘူးလို႔ ကာကြယ္သြားပါတယ္။
ေပၚတူဂီအသင္းနဲ႕ စပိန္အသင္းတို႔ပြဲမွာ စပိန္ အသင္းက လူစားဝင္ကစားသမား မီရီနိုရဲ႕ နာက်င္အခ်ိန္ပိုသြင္းဂိုးနဲ႕ အနိုင္ရၿပီး ကြာတားဖိုင္နယ္ကို တက္သြား ခဲ့ပါတယ္။
၂၀၂၃ ခုႏွစ္မွာ ေပၚတူဂီအသင္းကို စတင္တာဝန္ယူခဲ့တဲ့ နည္းျပ မာတီနက္ဇ္ရဲ႕ စာခ်ဳပ္ကလည္း အခုကမၻာ့ဖလားၿပိဳင္ပြဲအၿပီးမွာ ကုန္ဆုံးမွာျဖစ္ပါတယ္။
မာတီနက္ဇ္လက္ထက္မွာ ေပၚတူဂီအသင္းက ယူရို ၂၀၂၄ ကြာတားဖိုင္နယ္က ထြက္ခဲ့ရသလို အခုကမၻာ့ဖလားမွာလည္း ၁၆ သင္းအဆင့္ကေန ထြက္ခဲ့ရတာျဖစ္ပါတယ္။
ေပၚတူဂီအသင္းဟာ အခုႏွစ္ကမၻာ့ဖလားမွာ ေတာင့္တင္းတဲ့ ကစားသမားအစုအဖြဲ႕ကို ပိုင္ဆိုင္ထားခဲ့ေပမဲ့ ၁၆ သင္းအဆင့္ကေနပဲ လွည့္ျပန္ခဲ့ရၿပီး ဒီရလဒ္အေပၚ ေဝဖန္မႈေတြလည္းရွိေနပါတယ္။
နည္းျပ မာတီနက္ဇ္ကေတာ့ ေပၚတူဂီအသင္းက အခုၿပိဳင္ပြဲမွာ ခ်န္ပီယံျဖစ္ဖို႔ ေရပန္းစားတဲ့အသင္းတစ္သင္းကို ရႈံးနိမ့္ခဲ့တာျဖစ္လို႔ ရလဒ္ပိုင္း အရ က်ရႈံးမႈတစ္ခုမဟုတ္ဘူးလို႔ ကာကြယ္သြားပါတယ္။
အခုပြဲက ေပၚတူဂီတိုက္စစ္မႉး ေရာ္နယ္ဒို အတြက္လည္း ကစားသမားဘဝ ကမၻာ့ဖလားေနာက္ဆုံးပြဲစဥ္ျဖစ္ခဲ့ပါတယ္။
ပေါ်တူဂီနည်းပြအဖြစ်မှ ထွက်မည်ဟု မာတီနက်ဇ် အတည်ပြု
————————————–
ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်းအဆင့်မှာ စပိန်အသင်းကိုရှုံးနိမ့်ခဲ့ပြီးနောက် ပေါ်တူဂီအသင်း နည်းပြအဖြစ်ကနေ ထွက်ခွာမှာဖြစ်တယ်လို့ နည်းပြ မာတီနက်ဇ်က အတည်ပြုသွားခဲ့ပြီး အခုနှစ်ကမ္ဘာ့ဖလားမှာ ပေါ်တူဂီအသင်း ရလဒ်က ကျရှုံးမှုတစ်ခုမဟုတ်ဘူးလို့ ကာကွယ်သွားပါတယ်။
ပေါ်တူဂီအသင်းနဲ့ စပိန်အသင်းတို့ပွဲမှာ စပိန် အသင်းက လူစားဝင်ကစားသမား မီရီနိုရဲ့ နာကျင်အချိန်ပိုသွင်းဂိုးနဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်ကို တက်သွား ခဲ့ပါတယ်။
၂၀၂၃ ခုနှစ်မှာ ပေါ်တူဂီအသင်းကို စတင်တာဝန်ယူခဲ့တဲ့ နည်းပြ မာတီနက်ဇ်ရဲ့ စာချုပ်ကလည်း အခုကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ကုန်ဆုံးမှာဖြစ်ပါတယ်။
မာတီနက်ဇ်လက်ထက်မှာ ပေါ်တူဂီအသင်းက ယူရို ၂၀၂၄ ကွာတားဖိုင်နယ်က ထွက်ခဲ့ရသလို အခုကမ္ဘာ့ဖလားမှာလည်း ၁၆ သင်းအဆင့်ကနေ ထွက်ခဲ့ရတာဖြစ်ပါတယ်။
ပေါ်တူဂီအသင်းဟာ အခုနှစ်ကမ္ဘာ့ဖလားမှာ တောင့်တင်းတဲ့ ကစားသမားအစုအဖွဲ့ကို ပိုင်ဆိုင်ထားခဲ့ပေမဲ့ ၁၆ သင်းအဆင့်ကနေပဲ လှည့်ပြန်ခဲ့ရပြီး ဒီရလဒ်အပေါ် ဝေဖန်မှုတွေလည်းရှိနေပါတယ်။
နည်းပြ မာတီနက်ဇ်ကတော့ ပေါ်တူဂီအသင်းက အခုပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ ရေပန်းစားတဲ့အသင်းတစ်သင်းကို ရှုံးနိမ့်ခဲ့တာဖြစ်လို့ ရလဒ်ပိုင်း အရ ကျရှုံးမှုတစ်ခုမဟုတ်ဘူးလို့ ကာကွယ်သွားပါတယ်။
အခုပွဲက ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒို အတွက်လည်း ကစားသမားဘဝ ကမ္ဘာ့ဖလားနောက်ဆုံးပွဲစဉ်ဖြစ်ခဲ့ပါတယ်။




