အီတလီႏွင့္ေဘာ္ကန္ေဒသတို႔၌ အပူခ်ိန္အလြန္ျမင့္တက္

အီတလီႏွင့္ေဘာ္ကန္ေဒသတို႔၌ အပူခ်ိန္အလြန္ျမင့္တက္
=========================
ေတာမီးအႏၲရာယ္စိုးရိမ္ေနရဥေရာပတိုက္တစ္ဝန္းတြင္ စံခ်ိန္တင္အပူလႈိင္းျဖတ္သန္းမႈေၾကာင့္ လူေပါင္းရာခ်ီေသဆုံးကာ ေန႔စဥ္လူမႈဘဝမ်ား ထိခိုက္ပ်က္စီးေနစဥ္အီတလီႏွင့္ ေဘာ္ကန္ေဒသတို႔တြင္ လည္းအပူခ်ိန္အလြန္ျမင့္တက္မႈႏွင့္ရင္ဆိုင္ေနရၿပီး ေတာမီးေလာင္သည့္အႏၲရာယ္စိုးရိမ္ေနရေၾကာင္း သိရသည္။

ဇြန္လ ၂၀ ရက္မွစတင္ျဖစ္ပြားေသာအပူလႈိင္းေၾကာင့္ အီတလီႏိုင္ငံ ေျမာက္ပိုင္းဘိုဇာႏိုၿမိဳ႕မွ ေတာင္ပိုင္းစစၥလီကြၽန္းရွိ ပါလာမိုၿမိဳ႕အထိ ၿမိဳ႕ ၂၂ ၿမိဳ႕တြင္ အနီေရာင္အဆင့္ အပူခ်ိန္သတိေပးခ်က္ ထုတ္ျပန္ထားရသည္။ ေဘာ္ကန္ေဒသတြင္လည္း အေျခအေနဆိုး႐ြားေနၿပီး ခ႐ိုေအးရွားႏိုင္ငံရွိ ဇာဂရက္ၿမိဳ႕၊ စပလစ္ၿမိဳ႕ႏွင့္ ဒူးဘေရာ့နစ္ၿမိဳ႕တို႔တြင္လည္း အနီေရာင္အဆင့္ သတိေပးခ်က္ထုတ္ျပန္ထားသည္။

စပလစ္ၿမိဳ႕အနီးရွိ ဗစ္ကြၽန္းတြင္ထင္းရႉးေတာမ်ား ေတာမီးေလာင္ေနသျဖင့္ မီးသတ္သမားမ်ားစြာႏွင့္အတူ ေလယာဥ္ေလးစင္းျဖင့္

မီးျငႇိမ္းသတ္ေနရသည္။ အလားတူ အိမ္နီးခ်င္း ဆားဘီးယားႏိုင္ငံ၌ အပူခ်ိန္ ၃၉ ဒီဂရီစင္တီဂရိတ္အထိ ႏိုင္ေၾကာင္း သတိေပးထားၿပီး အယ္ေဘးနီးယားႏိုင္ငံတြင္လည္း ဂ်ဳံခင္းႏွင့္ သံလြင္စိုက္ခင္းမ်ားကို ေလာင္ကြၽမ္းေနေသာ ေတာမီးကို ထိန္းခ်ဳပ္ႏိုင္ရန္ ႐ုန္းကန္ေနရသည္။

ထို႔ျပင္ အတၱလႏၲိတ္သမုဒၵရာတစ္ဖက္ျခမ္းရွိ အေမရိကန္ျပည္ေထာင္စုတြင္လည္း ဇူလိုင္လ၄ ရက္တြင္ က်ေရာက္ေသာ လြတ္လပ္ေရးေန႔ အထိမ္းအမွတ္ပြဲမ်ားမက်င္းပမီ အပူခ်ိန္မွာ ၃၈ ဒီဂရီစင္တီဂရိတ္အထိ ျမင့္တက္ႏိုင္သျဖင့္ အႏၲရာယ္ရွိေသာ အပူဒဏ္ သတိေပးခ်က္မ်ားကို ထုတ္ျပန္ထားရေၾကာင္း သိရသည္။

Ref: ST


အီတလီနှင့်ဘော်ကန်ဒေသတို့၌ အပူချိန်အလွန်မြင့်တက်
=========================
တောမီးအန္တရာယ်စိုးရိမ်နေရဥရောပတိုက်တစ်ဝန်းတွင် စံချိန်တင်အပူလှိုင်းဖြတ်သန်းမှုကြောင့် လူပေါင်းရာချီသေဆုံးကာ နေ့စဉ်လူမှုဘဝများ ထိခိုက်ပျက်စီးနေစဉ်အီတလီနှင့် ဘော်ကန်ဒေသတို့တွင် လည်းအပူချိန်အလွန်မြင့်တက်မှုနှင့်ရင်ဆိုင်နေရပြီး တောမီးလောင်သည့်အန္တရာယ်စိုးရိမ်နေရကြောင်း သိရသည်။

ဇွန်လ ၂၀ ရက်မှစတင်ဖြစ်ပွားသောအပူလှိုင်းကြောင့် အီတလီနိုင်ငံ မြောက်ပိုင်းဘိုဇာနိုမြို့မှ တောင်ပိုင်းစစ္စလီကျွန်းရှိ ပါလာမိုမြို့အထိ မြို့ ၂၂ မြို့တွင် အနီရောင်အဆင့် အပူချိန်သတိပေးချက် ထုတ်ပြန်ထားရသည်။ ဘော်ကန်ဒေသတွင်လည်း အခြေအနေဆိုးရွားနေပြီး ခရိုအေးရှားနိုင်ငံရှိ ဇာဂရက်မြို့၊ စပလစ်မြို့နှင့် ဒူးဘရော့နစ်မြို့တို့တွင်လည်း အနီရောင်အဆင့် သတိပေးချက်ထုတ်ပြန်ထားသည်။

စပလစ်မြို့အနီးရှိ ဗစ်ကျွန်းတွင်ထင်းရှူးတောများ တောမီးလောင်နေသဖြင့် မီးသတ်သမားများစွာနှင့်အတူ လေယာဉ်လေးစင်းဖြင့်

မီးငြှိမ်းသတ်နေရသည်။ အလားတူ အိမ်နီးချင်း ဆားဘီးယားနိုင်ငံ၌ အပူချိန် ၃၉ ဒီဂရီစင်တီဂရိတ်အထိ နိုင်ကြောင်း သတိပေးထားပြီး အယ်ဘေးနီးယားနိုင်ငံတွင်လည်း ဂျုံခင်းနှင့် သံလွင်စိုက်ခင်းများကို လောင်ကျွမ်းနေသော တောမီးကို ထိန်းချုပ်နိုင်ရန် ရုန်းကန်နေရသည်။

ထို့ပြင် အတ္တလန္တိတ်သမုဒ္ဒရာတစ်ဖက်ခြမ်းရှိ အမေရိကန်ပြည်ထောင်စုတွင်လည်း ဇူလိုင်လ၄ ရက်တွင် ကျရောက်သော လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပွဲများမကျင်းပမီ အပူချိန်မှာ ၃၈ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်နိုင်သဖြင့် အန္တရာယ်ရှိသော အပူဒဏ် သတိပေးချက်များကို ထုတ်ပြန်ထားရကြောင်း သိရသည်။

Ref: ST