ေျမစာပုံ ၿပိဳက်လို႔ ဖားကန႔္မွာ ေရမေဆးေက်ာက္ ရွာေဖြသူ ၇ ဦးေသဆုံး

ေျမစာပုံ ၿပိဳက်လို႔ ဖားကန႔္မွာ ေရမေဆးေက်ာက္ ရွာေဖြသူ ၇ ဦးေသဆုံး
====================
ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္၊ နမ့္ေမွာ္ေက်း႐ြာမွာ ေျမစာပုံ ၿပိဳက်လို႔ ေရမေဆးေက်ာက္ရွာေဖြသူ ၇ ဦး ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။
နမ့္ေမွာ္႐ြာက ေက်ာက္စိမ္းလုပ္ကြက္တစ္ခုျဖစ္တဲ့ သုံးသိန္းေမွာ္ ေျမစာပုံဟာ ဇြန္လ ၂၈ ရက္ေန႔ မေန႔က မနက္ပိုင္းမွာ မိုးအဆမတန္႐ြာသြန္းၿပီး မိုးေရႀကီးမႈေၾကာင့္ ၿပိဳက်ခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။
ေရမေဆးေက်ာက္ရွာေဖြေနသူေတြ ေက်ာက္ရွာေဖြေနစဥ္မွာ ေျမစာပုံၿပိဳက်ခဲ့တာေၾကာင္ ေရမေဆးသမား ၇ ဦး ေျမစာပုံပိၿပီး ေသဆုံးသြားခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။
ၿပီးခဲ့တဲ့ မတ္လ ၁၇ ရက္ေန႔ကလည္း ဖားကန႔္ၿမိဳ႕နယ္၊ ေမွာ္စီစာေက်း႐ြာက ေက်ာက္စိမ္း လုပ္ကြက္တစ္ခုမွာ ေျမစာပုံၿပိဳက်ခဲ့လို႔ ေက်ာက္စိမ္းကုမၸဏီတစ္ခုက ဝန္ထမ္း ၅ ဦး ေျမစာပုံပိၿပီး ေသဆုံးသြားခဲ့တဲ့ ျဖစ္စဥ္တစ္ခုလည္း ရွိခဲ့ပါတယ္။
ဖားကန႔္ၿမိဳ႕နယ္မွာ ေျမစာပုံအေဟာင္းေတြၾကား ေရမေဆးေက်ာက္ရွာေဖြသူေတြမွာ ေျမစာၿပိဳက်လို႔ ေသဆုံးေနရတဲ့ ျဖစ္စဥ္ေတြဟာလည္း ႏွစ္စဥ္ႏွစ္တိုင္း ရွိေနတာျဖစ္ပါတယ္။
မြေစာပုံ ပြိုကျလို့ ဖားကန့်မှာ ရေမဆေးကျောက် ရှာဖွေသူ ၇ ဦးသေဆုံး
====================
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ့်မှော်ကျေးရွာမှာ မြေစာပုံ ပြိုကျလို့ ရေမဆေးကျောက်ရှာဖွေသူ ၇ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
နမ့်မှော်ရွာက ကျောက်စိမ်းလုပ်ကွက်တစ်ခုဖြစ်တဲ့ သုံးသိန်းမှော် မြေစာပုံဟာ ဇွန်လ ၂၈ ရက်နေ့ မနေ့က မနက်ပိုင်းမှာ မိုးအဆမတန်ရွာသွန်းပြီး မိုးရေကြီးမှုကြောင့် ပြိုကျခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ရေမဆေးကျောက်ရှာဖွေနေသူတွေ ကျောက်ရှာဖွေနေစဉ်မှာ မြေစာပုံပြိုကျခဲ့တာကြောင် ရေမဆေးသမား ၇ ဦး မြေစာပုံပိပြီး သေဆုံးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာက ကျောက်စိမ်း လုပ်ကွက်တစ်ခုမှာ မြေစာပုံပြိုကျခဲ့လို့ ကျောက်စိမ်းကုမ္ပဏီတစ်ခုက ဝန်ထမ်း ၅ ဦး မြေစာပုံပိပြီး သေဆုံးသွားခဲ့တဲ့ ဖြစ်စဉ်တစ်ခုလည်း ရှိခဲ့ပါတယ်။
ဖားကန့်မြို့နယ်မှာ မြေစာပုံအဟောင်းတွေကြား ရေမဆေးကျောက်ရှာဖွေသူတွေမှာ မြေစာပြိုကျလို့ သေဆုံးနေရတဲ့ ဖြစ်စဉ်တွေဟာလည်း နှစ်စဉ်နှစ်တိုင်း ရှိနေတာဖြစ်ပါတယ်။




