ျပည္သူ႕လႊတ္ေတာ္ ဥကၠ႒၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ ဘယ္လာ႐ုစ္နိုင္ငံတြင္က်င္းပေသာ 2nd International Forum of the Union State Great Heritage Common Future ဖိုရမ္ တက္ေရာက္ရာမွ ျပန္လည္ေရာက္ရွိ

ျပည္သူ႕လႊတ္ေတာ္ ဥကၠ႒၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ ဘယ္လာ႐ုစ္နိုင္ငံတြင္က်င္းပေသာ 2nd International Forum of the Union State Great Heritage Common Future ဖိုရမ္ တက္ေရာက္ရာမွ ျပန္လည္ေရာက္ရွိ

==================

ဇြန္ ၂၄၊ ရန္ကုန္

ဘယ္လာ႐ုစ္နိုင္ငံ၊ ဘရက္စ္ၿမိဳ႕တြင္ က်င္းပျပဳလုပ္သည့္ 2nd International Forum of the Union State Great Heritage Common Future ဖိုရမ္တက္ေရာက္ရာမွ ျပန္လည္ထြက္ခြာလာသည့္ ျပည္သူ႕လႊတ္ေတာ္ ဥကၠ႒၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕သည္ ၂၄-၆-၂၀၂၆ ရက္ေန႕ ည ၈ နာရီ ၅ မိနစ္အခ်ိန္တြင္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ ျပန္လည္ေရာက္ရွိခဲ့ပါသည္။

ျပည္သူ႕လႊတ္ေတာ္ ဥကၠ႒၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕အား ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ ဥကၠ႒ ဦးေဌးေအာင္၊ ဒုတိယဥကၠ႒ ဦးေက်ာ္ေက်ာ္စိုး၊ ရန္ကုန္တိုင္းေဒသႀကီး ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ေခတၱဥကၠ႒ ဦးေနဝင္းႏွင့္ တိုင္းပါတီေကာ္မတီဝင္မ်ား၊ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ တာဝန္ရွိသူမ်ားက ႀကိဳဆိုႏႈတ္ဆက္ခဲ့ၾကပါသည္။


ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဘယ်လာရုစ်နိုင်ငံတွင်ကျင်းပသော 2nd International Forum of the Union State “Great Heritage – Common Future” ဖိုရမ် တက်ရောက်ရာမှ ပြန်လည်ရောက်ရှိ

==================
ဇွန် ၂၄၊ ရန်ကုန်

ဘယ်လာရုစ်နိုင်ငံ၊ ဘရက်စ်မြို့တွင် ကျင်းပပြုလုပ်သည့် 2nd International Forum of the Union State “Great Heritage – Common Future” ဖိုရမ်တက်ရောက်ရာမှ ပြန်လည်ထွက်ခွာလာသည့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၄-၆-၂၀၂၆ ရက်နေ့ ည ၈ နာရီ ၅ မိနစ်အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးဌေးအောင်၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခေတ္တဥက္ကဋ္ဌ ဦးနေဝင်းနှင့် တိုင်းပါတီကော်မတီဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြပါသည်။