ျမန္မာအမ်ိဳးသမီးလိဂ္ၿပိဳင္ပြဲဝင္ ဝန္ႀကီးဌာန အသင္းသုံးသင္းကို တစ္ရာသီေထာက္ပံ့ေၾကး က်ပ္သိန္း ၁၀၀၀ အထိ ေပးသြားမည္ဟု MFF ဥကၠဌ ဆို

ျမန္မာအမ်ိဳးသမီးလိဂ္ၿပိဳင္ပြဲဝင္ ဝန္ႀကီးဌာန အသင္းသုံးသင္းကို တစ္ရာသီေထာက္ပံ့ေၾကး က်ပ္သိန္း ၁၀၀၀ အထိ ေပးသြားမည္ဟု MFF ဥကၠဌ ဆို
============================
ျမန္မာႏိုင္ငံေဘာလုံးအဖြဲခ်ဳပ္ (MFF) ဥကၠဌျဖစ္သူ ဦးေဇာ္ေဇာ္က ယခုရာသီမွစၿပီး ျမန္မာအမ်ိဳးသမီးလိဂ္ၿပိဳင္ပြဲဝင္ ဝန္ႀကီးဌာန အသင္းသုံးသင္းကို တစ္ရာသီေထာက္ပံ့ေၾကးအျဖစ္ က်ပ္သိန္း ၁၀၀၀ အထိ ေပးသြားမည္ျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။
ျမန္မာႏိုင္ငံေဘာလုံးအဖြဲခ်ဳပ္ (MFF) ဥကၠဌ ဦးေဇာ္ေဇာ္ဟာ ၿပီးခဲ့တဲ့ ဇြန္ ၂၁ ရက္က ျမန္မာအမ်ိဳးသမီးလိဂ္ၿပိဳင္ပြဲဝင္ သစၥာအားမာန္အမ်ိဳးသမီးအသင္းရဲ႕ အုပ္ခ်ဳပ္ေရး ပိုင္းမွ တာဝန္ရွိသူမ်ား၊ ကစားသမားမ်ားနဲ႔ ေတြ႕ဆုံခဲ့ၿပီး ဝန္ႀကီးဌာနအသင္းမ်ားကို တစ္ရာသီေထာက္ပံ့ေၾကးအျဖစ္ က်ပ္သိန္း ၁၀၀၀ အထိ ေပးသြားမွာျဖစ္ေၾကာင္း ကတိျပဳေျပာၾကားခဲ့ပါတယ္။
သစၥာအားမာန္အမ်ိဳးသမီးအသင္း ေနာက္တန္းကစားသမားျဖစ္သူ ဒီဇင္ဘာႏွင္းဟာ ဧရာဝတီအမ်ိဳးသမီးအသင္းကို ရႈးနိမ့္ခဲ့တဲ့ ပြဲအၿပီး ျပဳလုပ္တဲ့ ႐ုပ္သံအင္တာဗ်ဴးမွာ အသင္းအုပ္ခ်ဳပ္ေရးပိုင္းက ကစားသမားမ်ားအေပၚ ပံ့ပိုးမႈပိုင္းမွာ အားနည္းခ်က္မ်ားရွိမႈကို ပြင့္လင္းစြာ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။
ဒီဇင္ဘာႏွင္းရဲ႕ ထုတ္ေဖာ္ေျပာၾကားမႈေၾကာင့္ Facebook လူမႈကြန္ရက္ေပၚမွာ သစၥာအားမာန္အမ်ိဳးသမီးအသင္းရဲ႕ အုပ္ခ်ဳပ္ေရးပိုင္းမွ တာဝန္ရွိသူမ်ားနဲ႔ ျမန္မာႏိုင္ငံေဘာလုံးအဖြဲခ်ဳပ္ (MFF) အေပၚ ေဝဖန္မႈမ်ား ျမင့္တက္ခဲ့ပါတယ္။
ဒါေၾကာင့္ ျမန္မာႏိုင္ငံေဘာလုံးအဖြဲခ်ဳပ္ (MFF) ဥကၠဌ ဦးေဇာ္ေဇာ္က ၿပီးခဲ့တဲ့ ဇြန္ ၂၁ ရက္က သစၥာအားမာန္အမ်ိဳးသမီးအသင္း အုပ္ခ်ဳပ္ေရးပိုင္းက တာဝန္ရွိသူမ်ား၊ ကစားသမားမ်ားနဲ႔ ေတြ႕ဆုံခဲ့ၿပီး ယင္းကိစၥရပ္အေပၚ ၾကားဝင္ကာ ကူညီေျဖရွင္းေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။
ေတြ႕ဆုံပြဲမွာ MFF ဦးေဇာ္ေဇာ္က ပြင့္လင္းစြာ ရဲရဲတင္းတင္း ထုတ္ေဖာ္ေျပာၾကားခဲ့တဲ့ ကစားသမားေလးကို ေက်းဇူးတင္ေၾကာင္း၊ မိမိမွာ ျမန္မာႏိုင္ငံေဘာလုံးအဖြဲခ်ဳပ္ (MFF) ဥကၠဌ ျဖစ္တဲ့အတြက္ တာဝန္ရွိပါေၾကာင္း၊ ဒါေၾကာင့္ သစၥာအားမာန္အမ်ိဳးသမီးအသင္း အုပ္ခ်ဳပ္ေရးပိုင္းက တာဝန္ရွိသူမ်ားနဲ႔ ေတြ႕ဆုံေဆြးေႏြးကာ အေကာင္းဆုံးပံ့ပိုးေပးသြားမွာျဖစ္ေၾကာင္း၊ ကစားသမားမ်ားရဲ႕ အိပ္ ေဆာင္နဲ႔ ေလ့က်င့္ေရးကြင္းကိုလည္း ျပန္လည္ျပဳျပင္ေပးသြားမွာျဖစ္ေၾကာင္း၊ အစားအေသာက္နဲ႔ ေထာက္ပံ့ေၾကးမ်ားကိုလည္း ျပည့္ျပည့္၀၀ ေထာက္ပံ့သြားမွာျဖစ္ေၾကာင္း၊ ျမန္မာအမ်ိဳးသမီးလိဂ္ၿပိဳင္ပြဲဝင္ အသင္းမ်ားထဲမွ ဝန္ႀကီးဌာနအသင္း သုံးသင္းကို တစ္ရာသီေထာက္ပံ့ေၾကး က်ပ္သိန္း ၁၀၀၀ အထိ ေပးသြားမွာျဖစ္ေၾကာင္း အစရွိသျဖင့္ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ source:Eleven
မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲဝင် ဝန်ကြီးဌာန အသင်းသုံးသင်းကို တစ်ရာသီထောက်ပံ့ကြေး ကျပ်သိန်း ၁၀၀၀ အထိ ပေးသွားမည်ဟု MFF ဥက္ကဌ ဆို
============================
မြန်မာနိုင်ငံဘောလုံးအဖွဲချုပ် (MFF) ဥက္ကဌဖြစ်သူ ဦးဇော်ဇော်က ယခုရာသီမှစပြီး မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲဝင် ဝန်ကြီးဌာန အသင်းသုံးသင်းကို တစ်ရာသီထောက်ပံ့ကြေးအဖြစ် ကျပ်သိန်း ၁၀၀၀ အထိ ပေးသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံဘောလုံးအဖွဲချုပ် (MFF) ဥက္ကဌ ဦးဇော်ဇော်ဟာ ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်က မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲဝင် သစ္စာအားမာန်အမျိုးသမီးအသင်းရဲ့ အုပ်ချုပ်ရေး ပိုင်းမှ တာဝန်ရှိသူများ၊ ကစားသမားများနဲ့ တွေ့ဆုံခဲ့ပြီး ဝန်ကြီးဌာနအသင်းများကို တစ်ရာသီထောက်ပံ့ကြေးအဖြစ် ကျပ်သိန်း ၁၀၀၀ အထိ ပေးသွားမှာဖြစ်ကြောင်း ကတိပြုပြောကြားခဲ့ပါတယ်။
သစ္စာအားမာန်အမျိုးသမီးအသင်း နောက်တန်းကစားသမားဖြစ်သူ ဒီဇင်ဘာနှင်းဟာ ဧရာဝတီအမျိုးသမီးအသင်းကို ရှုးနိမ့်ခဲ့တဲ့ ပွဲအပြီး ပြုလုပ်တဲ့ ရုပ်သံအင်တာဗျူးမှာ အသင်းအုပ်ချုပ်ရေးပိုင်းက ကစားသမားများအပေါ် ပံ့ပိုးမှုပိုင်းမှာ အားနည်းချက်များရှိမှုကို ပွင့်လင်းစွာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဒီဇင်ဘာနှင်းရဲ့ ထုတ်ဖော်ပြောကြားမှုကြောင့် Facebook လူမှုကွန်ရက်ပေါ်မှာ သစ္စာအားမာန်အမျိုးသမီးအသင်းရဲ့ အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများနဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲချုပ် (MFF) အပေါ် ဝေဖန်မှုများ မြင့်တက်ခဲ့ပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲချုပ် (MFF) ဥက္ကဌ ဦးဇော်ဇော်က ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်က သစ္စာအားမာန်အမျိုးသမီးအသင်း အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူများ၊ ကစားသမားများနဲ့ တွေ့ဆုံခဲ့ပြီး ယင်းကိစ္စရပ်အပေါ် ကြားဝင်ကာ ကူညီဖြေရှင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
တွေ့ဆုံပွဲမှာ MFF ဦးဇော်ဇော်က ပွင့်လင်းစွာ ရဲရဲတင်းတင်း ထုတ်ဖော်ပြောကြားခဲ့တဲ့ ကစားသမားလေးကို ကျေးဇူးတင်ကြောင်း၊ မိမိမှာ မြန်မာနိုင်ငံဘောလုံးအဖွဲချုပ် (MFF) ဥက္ကဌ ဖြစ်တဲ့အတွက် တာဝန်ရှိပါကြောင်း၊ ဒါကြောင့် သစ္စာအားမာန်အမျိုးသမီးအသင်း အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူများနဲ့ တွေ့ဆုံဆွေးနွေးကာ အကောင်းဆုံးပံ့ပိုးပေးသွားမှာဖြစ်ကြောင်း၊ ကစားသမားများရဲ့ အိပ် ဆောင်နဲ့ လေ့ကျင့်ရေးကွင်းကိုလည်း ပြန်လည်ပြုပြင်ပေးသွားမှာဖြစ်ကြောင်း၊ အစားအသောက်နဲ့ ထောက်ပံ့ကြေးများကိုလည်း ပြည့်ပြည့်၀၀ ထောက်ပံ့သွားမှာဖြစ်ကြောင်း၊ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲဝင် အသင်းများထဲမှ ဝန်ကြီးဌာနအသင်း သုံးသင်းကို တစ်ရာသီထောက်ပံ့ကြေး ကျပ်သိန်း ၁၀၀၀ အထိ ပေးသွားမှာဖြစ်ကြောင်း အစရှိသဖြင့် ပြောကြားခဲ့တာဖြစ်ပါတယ်။ source:Eleven




