တရားမဝင္ အြန္လိုင္းေလာင္း ကစားမႈ ႏွိမ္နင္းေရးအရွိန္ျမႇင့္၊ သံသယျဖစ္ဖြယ္ ဆင္းမ္ကတ္ ၁ သိန္းခြဲနီးပါးႏွင့္ Mobile Wallet အေကာင့္ ၁,၀၀၀ ေက်ာ္ကို အၿပီးတိုင္ပိတ္သိမ္းၿပီး ႏိုင္ငံေတာ္ဘ႑ာအျဖစ္ သိမ္းဆည္း

တရားမဝင္ အြန္လိုင္းေလာင္း ကစားမႈ ႏွိမ္နင္းေရးအရွိန္ျမႇင့္၊ သံသယျဖစ္ဖြယ္ ဆင္းမ္ကတ္ ၁ သိန္းခြဲနီးပါးႏွင့္ Mobile Wallet အေကာင့္ ၁,၀၀၀ ေက်ာ္ကို အၿပီးတိုင္ပိတ္သိမ္းၿပီး ႏိုင္ငံေတာ္ဘ႑ာအျဖစ္ သိမ္းဆည္း
=======================
ဇြန္ ၂၂
ျမန္မာႏိုင္ငံအတြင္း ဒီဂ်စ္တယ္နည္းပညာသုံး တရားမဝင္ အြန္လိုင္းေလာင္းကစားမႈမ်ားႏွင့္ ေငြေၾကးလႊဲေျပာင္းမႈမ်ားကို ထိေရာက္စြာ တားဆီးႏွိမ္နင္းႏိုင္ရန္အတြက္ သံသယျဖစ္ဖြယ္ ဆင္းမ္ကတ္ (SIM Card) ၁ သိန္းခြဲနီးပါးကို အၿပီးတိုင္ပယ္ဖ်က္ခဲ့ၿပီး၊ ေလာင္းကစားလုပ္ငန္းမ်ားႏွင့္ ဆက္ႏႊယ္ေနသည့္ Mobile Wallet အေကာင့္ ၁,၀၀၀ ေက်ာ္ကို ပိတ္သိမ္း၍ ေငြေၾကးမ်ားကို ႏိုင္ငံေတာ္ဘ႑ာအျဖစ္ သိမ္းဆည္းခဲ့ေၾကာင္း သိရသည္။
ဒီဂ်စ္တယ္ဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ ဆက္သြယ္ေရးဝန္ ႀကီးဌာန ဒုတိယဝန္ႀကီး ဦးသက္ဝင္းေအာင္က ဇြန္လ ၁၉ ရက္ေန႔က ျပဳ လုပ္ခဲ့သည့္ ျပည္သူ႔လႊတ္ေတာ္အစည္းအေဝးတြင္ ေျမာက္ဥကၠလာပမဲဆႏၵနယ္မွ လႊတ္ေတာ္အမတ္ ဦးေနလင္းေအာင္၏ တရားမဝင္ ေလာင္းကစားဝဘ္ဆိုက္မ်ားႏွင့္ အပလီေကးရွင္းမ်ား၊ ဒီဂ်စ္တယ္ေငြေပးေခ်မႈအေကာင့္မ်ားႏွင့္ ဖုန္းနံပါတ္မ်ားကို ေဖာ္ထုတ္ပိတ္ဆို႔ေရး ႀကိဳးပမ္းမႈမ်ားႏွင့္ ပတ္သက္သည့္ ေမးျမန္းခ်က္ကို ေျဖၾကားရာ၌ ယခုကဲ့သို႔ ထည့္သြင္းရွင္းလင္းခဲ့ျခင္း ျဖစ္သည္။
ယခုႏွိမ္နင္းမႈမ်ားကို ဒီဂ်စ္တယ္ဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာနႏွင့္ ျပည္ထဲေရးဝန္ႀကီးဌာနတို႔ ပူးေပါင္း၍ အရွိန္အဟုန္ျမႇင့္ ေဆာင္႐ြက္ေနျခင္း ျဖစ္သည္။ အာဏာပိုင္မ်ား ၏ ထုတ္ျပန္ခ်က္အရ ၂၀၂၅ ခုႏွစ္၊ ဇန္နဝါ ရီလမွ ၂၀၂၆ ခုႏွစ္၊ ဧၿပီလအထိ ကာလအတြင္း အိုင္ပီ(IP)ကန႔္သတ္ခ်က္မ်ား အသုံး ျပဳကာ ျမန္မာႏိုင္ငံအတြင္း ဝင္ေရာက္ၾကည့္ရႈေနသည့္ တရားမဝင္ အြန္လိုင္းေလာင္း ကစားဝဘ္ဆိုက္ႏွင့္ အပလီေကးရွင္း စုစုေပါင္း ၁၀၂ ခုကို ပိတ္ဆို႔ႏိုင္ခဲ့သည္။
ထို႔ျပင္ တရားမဝင္ ဘ႑ာေရးအေကာင့္မ်ား ဖြင့္လွစ္လႈပ္ရွားရန္ အသုံးျပဳခဲ့သည့္ ဆင္းမ္ကတ္ ၁,၁၂၀ ကို ပိတ္ပစ္ခဲ့သည့္အျပင္၊ ၂၀၂၅ ခုႏွစ္၊ မတ္လမွ ၂၀၂၆ ခုႏွစ္၊ ေမလအထိ ကာလအတြင္း အြန္လိုင္းေလာင္းကစားႏွင့္ ဆက္ႏႊယ္ၿပီး ပမာဏတူ မက္ေဆ့ခ္် (SMS) မ်ားကို အစုလိုက္အၿပဳံလိုက္ ျဖန႔္ေဝေနသည့္ သံသယျဖစ္ဖြယ္ ဆင္းမ္ကတ္ စုစုေပါင္း ၁၄၃,၄၀၉ ကတ္ကို အၿပီးတိုင္ စနစ္အတြင္းမွ ပယ္ဖ်က္ႏိုင္ခဲ့သည္။
တစ္ၿပိဳင္နက္တည္းမွာပင္ ျပည္ထဲေရးဝန္ႀကီးဌာနသည္ အြန္လိုင္းစေလာ့ဂိမ္း (Slot Game) မ်ားႏွင့္ ေလာင္းကစားေၾကာ္ျငာမ်ား ႐ိုက္ကူးထုတ္လုပ္ရာတြင္ ပါဝင္ပတ္သက္ေနသည့္ ႐ုပ္ရွင္ သ႐ုပ္ေဆာင္မ်ား၊ လူမႈကြန္ရက္ အင္ဖလူရန္ဆာ (Influencers)မ်ားႏွင့္ အျခားကာယကံရွင္မ်ားကိုလည္း ဥပေဒအရ ထိေရာက္စြာ အေရးယူမႈမ်ား စတင္ေဆာင္႐ြက္ေနၿပီ ျဖစ္ သည္။
ေလာင္းကစားလုပ္ငန္းမ်ားႏွင့္ ဆက္ႏႊယ္ၿပီး အၿမဲတမ္းပိတ္သိမ္းလိုက္သည့္ Mobile Wallet အေကာင့္ ၁,၀၀၀ ေက်ာ္အတြင္းရွိ က်န္ရွိေငြမ်ားကိုလည္း ဥပေဒလုပ္ထုံး လုပ္နည္းမ်ားႏွင့္အညီ သိမ္းဆည္းကာ ႏိုင္ငံေတာ္ဘ႑ာအျဖစ္သို႔ လႊဲေျပာင္းေပးအပ္လ်က္ရွိေၾကာင္း ဒုတိယဝန္ႀကီးက အတည္ျပဳေျပာၾကားခဲ့သည္။
#PAN
တရားမဝင် အွန်လိုင်းလောင်း ကစားမှု နှိမ်နင်းရေးအရှိန်မြှင့်၊ သံသယဖြစ်ဖွယ် ဆင်းမ်ကတ် ၁ သိန်းခွဲနီးပါးနှင့် Mobile Wallet အကောင့် ၁,၀၀၀ ကျော်ကို အပြီးတိုင်ပိတ်သိမ်းပြီး နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်း
=======================
ဇွန် ၂၂
မြန်မာနိုင်ငံအတွင်း ဒီဂျစ်တယ်နည်းပညာသုံး တရားမဝင် အွန်လိုင်းလောင်းကစားမှုများနှင့် ငွေကြေးလွှဲပြောင်းမှုများကို ထိရောက်စွာ တားဆီးနှိမ်နင်းနိုင်ရန်အတွက် သံသယဖြစ်ဖွယ် ဆင်းမ်ကတ် (SIM Card) ၁ သိန်းခွဲနီးပါးကို အပြီးတိုင်ပယ်ဖျက်ခဲ့ပြီး၊ လောင်းကစားလုပ်ငန်းများနှင့် ဆက်နွှယ်နေသည့် Mobile Wallet အကောင့် ၁,၀၀၀ ကျော်ကို ပိတ်သိမ်း၍ ငွေကြေးများကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့ကြောင်း သိရသည်။
ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန် ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က ဇွန်လ ၁၉ ရက်နေ့က ပြု လုပ်ခဲ့သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မြောက်ဥက္ကလာပမဲဆန္ဒနယ်မှ လွှတ်တော်အမတ် ဦးနေလင်းအောင်၏ တရားမဝင် လောင်းကစားဝဘ်ဆိုက်များနှင့် အပလီကေးရှင်းများ၊ ဒီဂျစ်တယ်ငွေပေးချေမှုအကောင့်များနှင့် ဖုန်းနံပါတ်များကို ဖော်ထုတ်ပိတ်ဆို့ရေး ကြိုးပမ်းမှုများနှင့် ပတ်သက်သည့် မေးမြန်းချက်ကို ဖြေကြားရာ၌ ယခုကဲ့သို့ ထည့်သွင်းရှင်းလင်းခဲ့ခြင်း ဖြစ်သည်။
ယခုနှိမ်နင်းမှုများကို ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေခြင်း ဖြစ်သည်။ အာဏာပိုင်များ ၏ ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါ ရီလမှ ၂၀၂၆ ခုနှစ်၊ ဧပြီလအထိ ကာလအတွင်း အိုင်ပီ(IP)ကန့်သတ်ချက်များ အသုံး ပြုကာ မြန်မာနိုင်ငံအတွင်း ဝင်ရောက်ကြည့်ရှုနေသည့် တရားမဝင် အွန်လိုင်းလောင်း ကစားဝဘ်ဆိုက်နှင့် အပလီကေးရှင်း စုစုပေါင်း ၁၀၂ ခုကို ပိတ်ဆို့နိုင်ခဲ့သည်။
ထို့ပြင် တရားမဝင် ဘဏ္ဍာရေးအကောင့်များ ဖွင့်လှစ်လှုပ်ရှားရန် အသုံးပြုခဲ့သည့် ဆင်းမ်ကတ် ၁,၁၂၀ ကို ပိတ်ပစ်ခဲ့သည့်အပြင်၊ ၂၀၂၅ ခုနှစ်၊ မတ်လမှ ၂၀၂၆ ခုနှစ်၊ မေလအထိ ကာလအတွင်း အွန်လိုင်းလောင်းကစားနှင့် ဆက်နွှယ်ပြီး ပမာဏတူ မက်ဆေ့ခ်ျ (SMS) များကို အစုလိုက်အပြုံလိုက် ဖြန့်ဝေနေသည့် သံသယဖြစ်ဖွယ် ဆင်းမ်ကတ် စုစုပေါင်း ၁၄၃,၄၀၉ ကတ်ကို အပြီးတိုင် စနစ်အတွင်းမှ ပယ်ဖျက်နိုင်ခဲ့သည်။
တစ်ပြိုင်နက်တည်းမှာပင် ပြည်ထဲရေးဝန်ကြီးဌာနသည် အွန်လိုင်းစလော့ဂိမ်း (Slot Game) များနှင့် လောင်းကစားကြော်ငြာများ ရိုက်ကူးထုတ်လုပ်ရာတွင် ပါဝင်ပတ်သက်နေသည့် ရုပ်ရှင် သရုပ်ဆောင်များ၊ လူမှုကွန်ရက် အင်ဖလူရန်ဆာ (Influencers)များနှင့် အခြားကာယကံရှင်များကိုလည်း ဥပဒေအရ ထိရောက်စွာ အရေးယူမှုများ စတင်ဆောင်ရွက်နေပြီ ဖြစ် သည်။
လောင်းကစားလုပ်ငန်းများနှင့် ဆက်နွှယ်ပြီး အမြဲတမ်းပိတ်သိမ်းလိုက်သည့် Mobile Wallet အကောင့် ၁,၀၀၀ ကျော်အတွင်းရှိ ကျန်ရှိငွေများကိုလည်း ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ သိမ်းဆည်းကာ နိုင်ငံတော်ဘဏ္ဍာအဖြစ်သို့ လွှဲပြောင်းပေးအပ်လျက်ရှိကြောင်း ဒုတိယဝန်ကြီးက အတည်ပြုပြောကြားခဲ့သည်။
#PAN



