ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒၊ ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီဦးေဆာင္ေသာ ျမန္မာလႊတ္ေတာ္ကိုယ္စားလွယ္အဖြဲ႕ 2nd International Forum of the Union State “Great Heritage – Common Future” ဖိုရန္တက္ေရာက္ရန္ ဘယ္လာ႐ုဇ္ႏိုင္ငံသို႔ ထြက္ခြာ



ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒၊ ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီဦးေဆာင္ေသာ ျမန္မာလႊတ္ေတာ္ကိုယ္စားလွယ္အဖြဲ႕ 2nd International Forum of the Union State “Great Heritage – Common Future” ဖိုရန္တက္ေရာက္ရန္ ဘယ္လာ႐ုဇ္ႏိုင္ငံသို႔ ထြက္ခြာ
=======================
ဇြန္ ၁၉၊ ရန္ကုန္
ဘယ္လာ႐ုစ္ႏိုင္ငံ၊ ေအာက္လႊတ္ေတာ္ ဥကၠ႒ H.E. Mr. Igor SERGEYENKO ႏွင့္ ႐ုရွားႏိုင္ငံ၊ ဒူးမားလႊတ္ေတာ္ဥကၠ႒ H.E. Mr. Vyacheslav Volodin တို႔၏ ဖိတ္ၾကားခ်က္အရ ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ ဦးေဆာင္ေသာ ျမန္မာလႊတ္ေတာ္ကိုယ္စားလွယ္အဖြဲ႕သည္ ဘယ္လာ႐ုစ္ႏိုင္ငံသို႔ 2nd International Forum of the Union State “Great Heritage – Common Future” ဖိုရန္တက္ေရာက္ရန္ ယေန႔နံနက္ ၇ နာရီခြဲအခ်ိန္တြင္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္မွ ထြက္ခြာသြားခဲ့ပါသည္။
ကိုယ္စားလွယ္အဖြဲ႕တြင္ ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီႏွင့္ ျပည္သူ႔လႊတ္ေတာ္႐ုံးမွ တာဝန္ရွိသူမ်ားပါဝင္ၿပီး အဆိုပါကိုယ္စားလွယ္အဖြဲ႕ ထြက္ခြာရာသို႔ ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးေအာင္ႏိုင္သူ၊ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ ဥကၠ႒ ဦးေဌးေအာင္၊ ဒုတိယဥကၠ႒ ဦးေက်ာ္ေက်ာ္စိုး၊ ရန္ကုန္တိုင္းေဒသႀကီး ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ေခတၱဥကၠ႒ ဦးေနဝင္းႏွင့္ တိုင္းေဒသႀကီးပါတီေကာ္မတီဝင္မ်ား၊ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ တာဝန္ရွိသူမ်ား လိုက္ပါပို႔ေဆာင္ခဲ့ၾကပါသည္။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီဦးဆောင်သော မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ 2nd International Forum of the Union State “Great Heritage – Common Future” ဖိုရန်တက်ရောက်ရန် ဘယ်လာရုဇ်နိုင်ငံသို့ ထွက်ခွာ
=======================
ဇွန် ၁၉၊ ရန်ကုန်
ဘယ်လာရုစ်နိုင်ငံ၊ အောက်လွှတ်တော် ဥက္ကဋ္ဌ H.E. Mr. Igor SERGEYENKO နှင့် ရုရှားနိုင်ငံ၊ ဒူးမားလွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Vyacheslav Volodin တို့၏ ဖိတ်ကြားချက်အရ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်သော မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ဘယ်လာရုစ်နိုင်ငံသို့ 2nd International Forum of the Union State “Great Heritage – Common Future” ဖိုရန်တက်ရောက်ရန် ယနေ့နံနက် ၇ နာရီခွဲအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားခဲ့ပါသည်။
ကိုယ်စားလှယ်အဖွဲ့တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများပါဝင်ပြီး အဆိုပါကိုယ်စားလှယ်အဖွဲ့ ထွက်ခွာရာသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးဌေးအောင်၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခေတ္တဥက္ကဋ္ဌ ဦးနေဝင်းနှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများ လိုက်ပါပို့ဆောင်ခဲ့ကြပါသည်။




