သူနာျပဳသားဖြား ဒီပလိုမာ ေအာင္လက္မွတ္အပ္ႏွင္းပြဲ က်င္းပ

=======================
က်န္းမာေရးဝန္ႀကီးဌာန က်န္းမာေရးလူ႔စြမ္းအားအရင္းအျမစ္ဦးစီးဌာန သူနာျပဳသိပၸံႏွင့္ သူနာျပဳသင္တန္းေက်ာင္းမ်ား၏ သူနာျပဳသားဖြားဒီပလိုမာေအာင္လက္မွတ္အပ္ႏွင္းပြဲကို ယေန႔နံနက္ပိုင္းတြင္ ျမန္မာကြန္ဗင္းရွင္းစင္တာ (MCC) ၌ က်င္းပရာ ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးေအာင္ႏိုင္သူ၊ ဌာနဆိုင္ရာမ်ားမွတာဝန္ရွိသူမ်ား၊ သင္တန္းဆင္းသစ္လြင္သူနာျပဳမ်ား၊ ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္မ်ား တက္ေရာက္ၾကသည္။
ေအာင္လက္မွတ္အပ္ႏွင္းပြဲတြင္ ရန္ကုန္တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ဦးေအာင္ႏိုင္သူက အဖြင့္အမွာစကားေျပာၾကားၿပီး အခမ္းအနားအတြက္ ဂုဏ္ျပဳခ်ီးျမႇင့္ေငြမ်ားကို ေပးအပ္သည္။
ထို႔ေနာက္ ရန္ကုန္တကၠသိုလ္ အပန္းေျဖရိပ္သာခန္းမ၌က်င္းပသည့္ ၂၀၂၅-၂၀၂၆ ပညာသင္ႏွစ္ တကၠသိုလ္ဒီဂရီေကာလိပ္ေပါင္းစုံ(ရန္ကုန္ဇုန္)အမ်ိဳးသား၊ အမ်ိဳးသမီး ေဘာလုံးၿပိဳင္ပြဲ၊ ေဘာ္လီေဘာၿပိဳင္ပြဲႏွင့္ ဖူဆယ္ၿပိဳင္ပြဲဖြင့္ပြဲကို တက္ေရာက္ၿပီး ၿပိဳင္ပြဲမ်ားအတြက္ ဂုဏ္ျပဳခ်ီးျမႇင့္ေငြမ်ားႏွင့္ ဘင္ခရာအဖြဲ႕အား ဂုဏ္ျပဳခ်ီးျမႇင့္ေငြမ်ားကို ေပးအပ္သည္။
ယင္းေနာက္ အမ်ိဳးသားေဘာ္လီေဘာၿပိဳင္ပြဲ ပြဲစဥ္တြင္ အမ်ိဳးသားစီမံခန႔္ခြဲမႈပညာဒီဂရီေကာလိပ္အသင္းႏွင့္ ရန္ကုန္အေနာက္ပိုင္း တကၠသိုလ္အသင္းတို႔၏ ယွဥ္ၿပိဳင္မႈကို ၾကည့္ရႈအားေပးခဲ့ေၾကာင္း သိရသည္။
သူနာပြုသားဖွား ဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ ကျင်းပ
ရန်ကုန် ဇွန် ၁၄
ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန သူနာပြုသိပ္ပံနှင့် သူနာပြုသင်တန်းကျောင်းများ၏ သူနာပြုသားဖွားဒီပလိုမာအောင်လက်မှတ်အပ်နှင်းပွဲကို ယနေ့နံနက်ပိုင်းတွင် မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ သင်တန်းဆင်းသစ်လွင်သူနာပြုများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
အောင်လက်မှတ်အပ်နှင်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက အဖွင့်အမှာစကားပြောကြားပြီး အခမ်းအနားအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်သည်။
ထို့နောက် ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာခန်းမ၌ကျင်းပသည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဒီဂရီကောလိပ်ပေါင်းစုံ(ရန်ကုန်ဇုန်)အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲနှင့် ဖူဆယ်ပြိုင်ပွဲဖွင့်ပွဲကို တက်ရောက်ပြီး ပြိုင်ပွဲများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဘင်ခရာအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်သည်။
ယင်းနောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ ပွဲစဉ်တွင် အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်အသင်းနှင့် ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်အသင်းတို့၏ ယှဉ်ပြိုင်မှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။




