ျပည္ခိုင္ၿဖိဳးပါတီ (၁၆)ႏွစ္ျပည့္ ပါတီႏွစ္ပတ္လည္ေန႔အခမ္းအနားမ်ားျပဳလုပ္




ျပည္ခိုင္ၿဖိဳးပါတီ (၁၆)ႏွစ္ျပည့္ ပါတီႏွစ္ပတ္လည္ေန႔အခမ္းအနားမ်ားျပဳလုပ္
========================
ဇြန္လ ၈၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီသည္ ၈-၆-၂၀၁၀ ရက္ေန႔တြင္ ပါတီအျဖစ္စတင္ဖြဲ႕စည္းခဲ့ၿပီး ယေန႔ ၈-၆-၂၀၂၆ ရက္ေန႔တြင္ (၁၆)ႏွစ္ျပည့္ေျမာက္ၿပီျဖစ္ပါသည္။
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ၏ (၁၆)ႏွစ္ျပည့္ေျမာက္သည့္ ပါတီႏွစ္ပတ္လည္ေန႔ အထိမ္းအမွတ္အခမ္းအနားမ်ားကို တိုင္းေဒသႀကီး/ျပည္နယ္အသီးသီးတြင္ ေဆာင္႐ြက္ၾကၿပီး ပါတီဌာနခ်ဳပ္တြင္လည္း အလံတင္အခမ္းအနားက်င္းပျပဳလုပ္ျခင္း၊ ဆရာေတာ္ သံဃာေတာ္မ်ားအား ေန႔ဆြမ္းမ်ားဆပ္ကပ္လႉဒါန္းျခင္းတို႔အား ေဆာင္႐ြက္မည္ျဖစ္ရာ ယေန႔နံနက္ ၆ နာရီအခ်ိန္တြင္ အလံတင္အခမ္းအနားအား က်င္းပျပဳလုပ္ပါသည္။
ေရွးဦးစြာ အလံတင္အခမ္းအနားကို နံနက္ ၆ နာရီအခ်ိန္တြင္ ပါတီဌာနခ်ဳပ္ အလံတိုင္ကြင္း၌ က်င္းပခဲ့ၿပီး ပါတီဗဟိုအတြင္းေရးမႉး ဦးသူရိန္ေဇာ္က ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံအလံေတာ္၊ ဌာနခ်ဳပ္မႉး ဦးေသာင္းေ႐ႊ၊ ဌာနမႉး ဦးမင္းေမာင္ေမာင္တို႔က ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံၿဖိဳးေရးပါတီအလံေတာ္တို႔အား အသီးသီးလႊင့္တင္၍ အလံတင္အခမ္းအနားသို႔ တက္ေရာက္လာသူအားလုံးက ႏိုင္ငံေတာ္အလံအား အေလးျပဳ၍ ႏိုင္ငံေတာ္သီခ်င္းသီဆိုၿပီး အလံတင္အခမ္းအနားအား ႐ုတ္သိမ္းခဲ့ပါသည္။ ဆရာေတာ္ သံဃာေတာ္မ်ားထံမွ အႏုေမာဒနာတရားနာယူျခင္းႏွင့္ ေန႔ဆြမ္းမ်ားဆပ္ကပ္လႉဒါန္းျခင္းအခမ္းအနားအား နံနက္ ၁၀ နာရီအခ်ိန္တြင္ ဆက္လက္ျပဳလုပ္မည္ျဖစ္ပါသည္။
ပြည်ခိုင်ဖြိုးပါတီ (၁၆)နှစ်ပြည့် ပါတီနှစ်ပတ်လည်နေ့အခမ်းအနားများပြုလုပ်
========================
ဇွန်လ ၈၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ၈-၆-၂၀၁၀ ရက်နေ့တွင် ပါတီအဖြစ်စတင်ဖွဲ့စည်းခဲ့ပြီး ယနေ့ ၈-၆-၂၀၂၆ ရက်နေ့တွင် (၁၆)နှစ်ပြည့်မြောက်ပြီဖြစ်ပါသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ (၁၆)နှစ်ပြည့်မြောက်သည့် ပါတီနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားများကို တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင် ဆောင်ရွက်ကြပြီး ပါတီဌာနချုပ်တွင်လည်း အလံတင်အခမ်းအနားကျင်းပပြုလုပ်ခြင်း၊ ဆရာတော် သံဃာတော်များအား နေ့ဆွမ်းများဆပ်ကပ်လှူဒါန်းခြင်းတို့အား ဆောင်ရွက်မည်ဖြစ်ရာ ယနေ့နံနက် ၆ နာရီအချိန်တွင် အလံတင်အခမ်းအနားအား ကျင်းပပြုလုပ်ပါသည်။
ရှေးဦးစွာ အလံတင်အခမ်းအနားကို နံနက် ၆ နာရီအချိန်တွင် ပါတီဌာနချုပ် အလံတိုင်ကွင်း၌ ကျင်းပခဲ့ပြီး ပါတီဗဟိုအတွင်းရေးမှူး ဦးသူရိန်ဇော်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအလံတော်၊ ဌာနချုပ်မှူး ဦးသောင်းရွှေ၊ ဌာနမှူး ဦးမင်းမောင်မောင်တို့က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီအလံတော်တို့အား အသီးသီးလွှင့်တင်၍ အလံတင်အခမ်းအနားသို့ တက်ရောက်လာသူအားလုံးက နိုင်ငံတော်အလံအား အလေးပြု၍ နိုင်ငံတော်သီချင်းသီဆိုပြီး အလံတင်အခမ်းအနားအား ရုတ်သိမ်းခဲ့ပါသည်။ ဆရာတော် သံဃာတော်များထံမှ အနုမောဒနာတရားနာယူခြင်းနှင့် နေ့ဆွမ်းများဆပ်ကပ်လှူဒါန်းခြင်းအခမ်းအနားအား နံနက် ၁၀ နာရီအချိန်တွင် ဆက်လက်ပြုလုပ်မည်ဖြစ်ပါသည်။




