အာရွ ဒုတိယအခ်မ္းသာဆုံးသူေဌး ျဖစ္လာတဲ့ TikTok ဘီလ်ံနာ

အာရွ ဒုတိယအခ်မ္းသာဆုံးသူေဌး ျဖစ္လာတဲ့ TikTok ဘီလ်ံနာ
=============================
၇ ႏွစ္အတြင္း က်န္းယိမင္းရဲ႕ ႂကြယ္ဝမႈက ၇ ဆေက်ာ္ေတာင္ တက္လာပါတယ္။ လက္ရွိ အာရွအခ်မ္းသာဆုံး ၁၀ ဦးစာရင္းမွာေတာ့ တ႐ုတ္က ၄ ဦး အိႏၵိယ ၊ ဂ်ပန္ နဲ႔ ေဟာင္ေကာင္က ၂ ဦးစီ ပါပါတယ္။ အသက္ ၄၃ ႏွစ္အ႐ြယ္ က်န္းယိမင္းကေတာ့ ေဒၚလာ ၁၁၇ ဘီလ်ံ ခ်မ္းသာတဲ့ အိႏၵိယ စက္မႈလုပ္ငန္းရွင္ႀကီး ေဂါသမ္ အဒါနီ ၿပီးရင္ အာရွအခ်မ္းသာဆုံး ပုဂၢိဳလ္ ျဖစ္လာပါတယ္။
ByteDance တည္ေထာင္သူ TikTok သူေဌးရဲ႕ ပိုင္ဆိုင္မႈက ေဒၚလာ ၉၂.၈ ဘီလ်ံေက်ာ္ ပါတယ္။ ဗုဒၶဟူးေန႔ တစ္ရက္တည္းမွာတင္ က်န္းယိမင္းရဲ႕ ခ်မ္းသာမႈက ေဒၚလာ ၂၄ ဘီလ်ံေက်ာ္ ခုန္တက္သြားပါတယ္။
BlackRock ၊ Fidelity Investments ၊ T.Rowe Price Group တို႔လို ကမာၻေပၚက အႀကီးဆုံး ရင္းႏွီးျမႇဳပ္ႏွံေရး အဖြဲ႕အစည္းႀကီးေတြက ByteDance တန္ဖိုး ျပန္တြက္ေပးၿပီးေနာက္ သူ႔ရဲ႕ ပိုင္ဆိုင္မႈ ႐ုတ္တရပ္ ထိုးတက္သြားတာပါ။ ၂၀၁၉ မတ္လတုန္းက ေဒၚလာ ၁၃ ဘီလ်ံ ခ်မ္းသာတဲ့သူတစ္ေယာက္ အခုေလာက္ ခ်မ္းသာသြားတာ အေၾကာင္းရွိပါတယ္။
ByteDance လက္ေအာက္က TikTok က လူသုံးမ်ားေနသလို လစဥ္ေၾကးနဲ႔ သြားဖို႔ ျပင္ေနတဲ့ Doubao AI chatbot လည္း သုံးတဲ့သူ သန္း ၃၀၀ ေက်ာ္အထိ ေရာက္ေနပါၿပီ။ အေမရိကန္က TikTok လုပ္ငန္းေတြလည္း အေမရိကန္သူေဌးေတြ လက္ထဲလႊဲေပးခဲ့ၿပီမို႔ ေခါင္းျပားျပားနဲ႔ စီးပြားေရးေတြ ဆက္လုပ္လို႔ရသြားပါၿပီ။
မႏွစ္က ေဒၚလာဘီလ်ံ ၅၀ အသားတင္ ျမတ္ခဲ့တဲ့ ဒီကုမၸဏီက AI ေဈးကြက္ကို စိုးမိုးႏိုင္ေအာင္ ေဒၚလာဘီလ်ံ ၇၀ ေလာက္အထိ သုံးဖို႔လည္း စီစဥ္ေနပါတယ္။ ByteDance က အမ်ားပိုင္ ရွယ္ယာေရာင္း IPO လုပ္ဖို႔ အေကာင္းဆုံးကုမၸဏီထဲက တစ္ခုလို႔ ေျပာေနပါတယ္။
ByteDance တန္ဖိုးထိုးတက္လာခ်ိန္ ကုမၸဏီရွယ္ယာ ၂၁% ပိုင္ထားတဲ့ က်န္းယိမင္းက တ႐ုတ္မွာ ပထမ ၊ အာရွတိုက္ရဲ႕ ဒုတိယအခ်မ္းသာဆုံးပုဂၢိဳလ္ ျဖစ္လာတာပါ။ ByteDance မွာ ရာထူးတာဝန္မရွိေတာ့ေပမယ့္ သူကေတာ့ အဓိကရွယ္ယာရွင္ ျဖစ္ေနတုန္းပါပဲ။
၂၀၁၂ ခုႏွစ္က ေဘဂ်င္းၿမိဳ႕တစ္ေနရာ တိုက္ခန္းငယ္ေလးထဲမွာ သူ႔သူငယ္ခ်င္းတခ်ိဳ႕နဲ႔အတူ ByteDance ကို တည္ေထာင္ၿပီး ကမာၻေက်ာ္ေအာင္ ႐ုန္းကန္ခဲ့တာကလည္း ခ်ီးက်ဴးအံ့ဩစရာ ဇာတ္လမ္းတစ္ပုဒ္ျဖစ္ပါတယ္။
အာရှ ဒုတိယအချမ်းသာဆုံးသူဌေး ဖြစ်လာတဲ့ TikTok ဘီလျံနာ
=============================
၇ နှစ်အတွင်း ကျန်းယိမင်းရဲ့ ကြွယ်ဝမှုက ၇ ဆကျော်တောင် တက်လာပါတယ်။ လက်ရှိ အာရှအချမ်းသာဆုံး ၁၀ ဦးစာရင်းမှာတော့ တရုတ်က ၄ ဦး အိန္ဒိယ ၊ ဂျပန် နဲ့ ဟောင်ကောင်က ၂ ဦးစီ ပါပါတယ်။ အသက် ၄၃ နှစ်အရွယ် ကျန်းယိမင်းကတော့ ဒေါ်လာ ၁၁၇ ဘီလျံ ချမ်းသာတဲ့ အိန္ဒိယ စက်မှုလုပ်ငန်းရှင်ကြီး ဂေါသမ် အဒါနီ ပြီးရင် အာရှအချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်လာပါတယ်။
ByteDance တည်ထောင်သူ TikTok သူဌေးရဲ့ ပိုင်ဆိုင်မှုက ဒေါ်လာ ၉၂.၈ ဘီလျံကျော် ပါတယ်။ ဗုဒ္ဓဟူးနေ့ တစ်ရက်တည်းမှာတင် ကျန်းယိမင်းရဲ့ ချမ်းသာမှုက ဒေါ်လာ ၂၄ ဘီလျံကျော် ခုန်တက်သွားပါတယ်။
BlackRock ၊ Fidelity Investments ၊ T.Rowe Price Group တို့လို ကမ္ဘာပေါ်က အကြီးဆုံး ရင်းနှီးမြှုပ်နှံရေး အဖွဲ့အစည်းကြီးတွေက ByteDance တန်ဖိုး ပြန်တွက်ပေးပြီးနောက် သူ့ရဲ့ ပိုင်ဆိုင်မှု ရုတ်တရပ် ထိုးတက်သွားတာပါ။ ၂၀၁၉ မတ်လတုန်းက ဒေါ်လာ ၁၃ ဘီလျံ ချမ်းသာတဲ့သူတစ်ယောက် အခုလောက် ချမ်းသာသွားတာ အကြောင်းရှိပါတယ်။
ByteDance လက်အောက်က TikTok က လူသုံးများနေသလို လစဉ်ကြေးနဲ့ သွားဖို့ ပြင်နေတဲ့ Doubao AI chatbot လည်း သုံးတဲ့သူ သန်း ၃၀၀ ကျော်အထိ ရောက်နေပါပြီ။ အမေရိကန်က TikTok လုပ်ငန်းတွေလည်း အမေရိကန်သူဌေးတွေ လက်ထဲလွှဲပေးခဲ့ပြီမို့ ခေါင်းပြားပြားနဲ့ စီးပွားရေးတွေ ဆက်လုပ်လို့ရသွားပါပြီ။
မနှစ်က ဒေါ်လာဘီလျံ ၅၀ အသားတင် မြတ်ခဲ့တဲ့ ဒီကုမ္ပဏီက AI ဈေးကွက်ကို စိုးမိုးနိုင်အောင် ဒေါ်လာဘီလျံ ၇၀ လောက်အထိ သုံးဖို့လည်း စီစဉ်နေပါတယ်။ ByteDance က အများပိုင် ရှယ်ယာရောင်း IPO လုပ်ဖို့ အကောင်းဆုံးကုမ္ပဏီထဲက တစ်ခုလို့ ပြောနေပါတယ်။
ByteDance တန်ဖိုးထိုးတက်လာချိန် ကုမ္ပဏီရှယ်ယာ ၂၁% ပိုင်ထားတဲ့ ကျန်းယိမင်းက တရုတ်မှာ ပထမ ၊ အာရှတိုက်ရဲ့ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာတာပါ။ ByteDance မှာ ရာထူးတာဝန်မရှိတော့ပေမယ့် သူကတော့ အဓိကရှယ်ယာရှင် ဖြစ်နေတုန်းပါပဲ။
၂၀၁၂ ခုနှစ်က ဘေဂျင်းမြို့တစ်နေရာ တိုက်ခန်းငယ်လေးထဲမှာ သူ့သူငယ်ချင်းတချို့နဲ့အတူ ByteDance ကို တည်ထောင်ပြီး ကမ္ဘာကျော်အောင် ရုန်းကန်ခဲ့တာကလည်း ချီးကျူးအံ့ဩစရာ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။




