၂၀၂၆ ဥေရာပစူပါဖလားဗိုလ္လုပြဲကို ၾသဂုတ္လ ၁၂ ရက္တြင္ ဂ်ာမနီႏိုင္ငံ လိုက္ပဇစ္အသင္းအိမ္ကြင္း၌ က်င္းပမည္

၂၀၂၆ ဥေရာပစူပါဖလားဗိုလ္လုပြဲကို ၾသဂုတ္လ ၁၂ ရက္တြင္ ဂ်ာမနီႏိုင္ငံ လိုက္ပဇစ္အသင္းအိမ္ကြင္း၌ က်င္းပမည္
==================================
ခ်န္ပီယံလိဂ္ဖလားခ်န္ပီယံႏွင့္ ယူ႐ိုပါလိဂ္ဖလားခ်န္ပီယံအသင္းတို႔ယွဥ္ၿပိဳင္ကစားမည့္ ၂၀၂၆ ဥေရာပ စူပါဖလားဗိုလ္လုပြဲကို ၾသဂုတ္လ ၁၂ ရက္တြင္ ဂ်ာမနီႏိုင္ငံ လိုက္ပဇစ္အသင္းအိမ္ကြင္းျဖစ္သည့္ ရက္ဘူးအရီနာ အားကစားကြင္း၌ က်င္းပမည္ျဖစ္ ေၾကာင္း သိရသည္။

ဥေရာပေဘာလုံးအဖြဲ႕ခ်ဳပ္ (ယူအီးအက္ေအ)က ႀကီးမႉးၿပီး ေဘာလုံးရာသီတိုင္းတြင္ ခ်န္ပီယံလိဂ္ ၿပိဳင္ပြဲ၌ ခ်န္ပီယံဆုဆြတ္ခူးႏိုင္သည့္ အသင္းႏွင့္ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲ၌ ခ်န္ပီယံဆုဆြတ္ခူးႏိုင္သည့္ အသင္းတို႔ကို ဥေရာပစူပါ ဖလားဗိုလ္လုပြဲအျဖစ္ ေဘာလုံး ရာသီသစ္မစတင္မီ ႏွစ္စဥ္က်င္းပျခင္းျဖစ္သည္။

ယခုေဘာလုံးရာသီတြင္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲ၌ ပီအက္စ္ဂ်ီအသင္းကလည္းေကာင္း၊ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲ ၌ အက္စ္တြန္ဗီလာအသင္းက လည္းေကာင္း ခ်န္ပီယံဆုဖလားမ်ား ဆြတ္ခူးႏိုင္ၾကသည့္အတြက္ ၂၀၂၆ ဥေရာပစူပါဖလားဗိုလ္လုပြဲအျဖစ္ ယွဥ္ၿပိဳင္ကစားမည္ ျဖစ္သည္။

ဥေရာပစူပါဖလားကို ပီအက္စ္ဂ်ီအသင္းနည္းျပ အင္းနရစ္သည္ ႏွစ္ႀကိမ္ဆြတ္ခူးထားႏိုင္ၿပီး အက္စ္ တြန္ဗီလာအသင္းနည္းျပ အမ္မရီသည္ ဥေရာပ စူပါဖလားဗိုလ္လုပြဲကို သုံးႀကိမ္အထိ တာဝန္ယူကိုင္ တြယ္ခဲ့ေသာ္လည္း တစ္ႀကိမ္မွ ဆြတ္ခူးႏိုင္ျခင္းမရွိဘဲ ဒုတိယဆုျဖင့္သာ ေက်နပ္ခဲ့ရသည္။

၂၀၂၅ ခုႏွစ္က ဥေရာပစူပါဖလားၿပိဳင္ပြဲတြင္ ခ်န္ပီယံဆုကို ပီအက္စ္ဂ်ီအသင္းက ဆြတ္ခူးႏိုင္ခဲ့ၿပီး ပီအက္စ္ဂ်ီအသင္းက လက္ရွိခ်န္ပီယံအသင္းျဖစ္ ေၾကာင္း သိရသည္။

Ref;Fabrizio Romano


၂၀၂၆ ဥရောပစူပါဖလားဗိုလ်လုပွဲကို သြဂုတ်လ ၁၂ ရက်တွင် ဂျာမနီနိုင်ငံ လိုက်ပဇစ်အသင်းအိမ်ကွင်း၌ ကျင်းပမည်
==================================
ချန်ပီယံလိဂ်ဖလားချန်ပီယံနှင့် ယူရိုပါလိဂ်ဖလားချန်ပီယံအသင်းတို့ယှဉ်ပြိုင်ကစားမည့် ၂၀၂၆ ဥရောပ စူပါဖလားဗိုလ်လုပွဲကို သြဂုတ်လ ၁၂ ရက်တွင် ဂျာမနီနိုင်ငံ လိုက်ပဇစ်အသင်းအိမ်ကွင်းဖြစ်သည့် ရက်ဘူးအရီနာ အားကစားကွင်း၌ ကျင်းပမည်ဖြစ် ကြောင်း သိရသည်။

ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်အေ)က ကြီးမှူးပြီး ဘောလုံးရာသီတိုင်းတွင် ချန်ပီယံလိဂ် ပြိုင်ပွဲ၌ ချန်ပီယံဆုဆွတ်ခူးနိုင်သည့် အသင်းနှင့် ယူရိုပါလိဂ်ပြိုင်ပွဲ၌ ချန်ပီယံဆုဆွတ်ခူးနိုင်သည့် အသင်းတို့ကို ဥရောပစူပါ ဖလားဗိုလ်လုပွဲအဖြစ် ဘောလုံး ရာသီသစ်မစတင်မီ နှစ်စဉ်ကျင်းပခြင်းဖြစ်သည်။

ယခုဘောလုံးရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ပီအက်စ်ဂျီအသင်းကလည်းကောင်း၊ ယူရိုပါလိဂ်ပြိုင်ပွဲ ၌ အက်စ်တွန်ဗီလာအသင်းက လည်းကောင်း ချန်ပီယံဆုဖလားများ ဆွတ်ခူးနိုင်ကြသည့်အတွက် ၂၀၂၆ ဥရောပစူပါဖလားဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

ဥရောပစူပါဖလားကို ပီအက်စ်ဂျီအသင်းနည်းပြ အင်းနရစ်သည် နှစ်ကြိမ်ဆွတ်ခူးထားနိုင်ပြီး အက်စ် တွန်ဗီလာအသင်းနည်းပြ အမ်မရီသည် ဥရောပ စူပါဖလားဗိုလ်လုပွဲကို သုံးကြိမ်အထိ တာဝန်ယူကိုင် တွယ်ခဲ့သော်လည်း တစ်ကြိမ်မှ ဆွတ်ခူးနိုင်ခြင်းမရှိဘဲ ဒုတိယဆုဖြင့်သာ ကျေနပ်ခဲ့ရသည်။

၂၀၂၅ ခုနှစ်က ဥရောပစူပါဖလားပြိုင်ပွဲတွင် ချန်ပီယံဆုကို ပီအက်စ်ဂျီအသင်းက ဆွတ်ခူးနိုင်ခဲ့ပြီး ပီအက်စ်ဂျီအသင်းက လက်ရှိချန်ပီယံအသင်းဖြစ် ကြောင်း သိရသည်။

Ref;Fabrizio Romano