ျပည္ခိုင္ၿဖိဳးပါတီ ဒုတိယဥကၠ႒ ဦးလွထြန္း Patiotic Front of Zanu ပါတီ အေထြေထြအတြင္းေရးမႉး Mr. Jacob Francis Nzwidamilimo Mudenda ႏွင့္ေတြ႕ဆုံေဆြးေႏြး

ျပည္ခိုင္ၿဖိဳးပါတီ ဒုတိယဥကၠ႒ ဦးလွထြန္း Patiotic Front of Zanu ပါတီ အေထြေထြအတြင္းေရးမႉး Mr. Jacob Francis Nzwidamilimo Mudenda ႏွင့္ေတြ႕ဆုံေဆြးေႏြး
=======================

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဒုတိယဥကၠ႒ ဦးလွထြန္းသည္ ဘယ္လာ႐ုစ္ႏိုင္ငံ၊ Belaya Rus ပါတီမွ က်င္းပသည့္ ဒုတိယအႀကိမ္ေျမာက္ ႏိုင္ငံတကာညီလာခံတက္ေရာက္စဥ္ကာလအတြင္း ဇင္ဘာေဘြႏိုင္ငံမွ၊ Patiotic Front of Zanu ပါတီမွ အေထြေထြအတြင္းေရးမႉး Mr. Jacob Francis Nzwidamilimo Mudenda ႏွင့္ ၂၀၂၆ ခုႏွစ္၊ ေမလ ၃၀ ရက္ေန႔ ၁၀:၁၅ နာရီအခ်ိန္တြင္ Brest ၿမိဳ႕၌ ေတြ႕ဆုံေဆြးေႏြးခဲ့ပါသည္။

ထိုသို႔ေတြ႕ဆုံရာတြင္ ႏွစ္ႏိုင္ငံဆက္ဆံေရးတိုးတက္ေကာင္းမြန္ေရး၊ ႏွစ္ပါတီဆက္ဆံေရးတိုးတက္ေကာင္းမြန္ၿပီး လူငယ္ႏွင့္အမ်ိဳးသမီးေရးရာ က႑မ်ားတြင္ ပိုမိုနက္ရွိင္းစြာ ပူးေပါင္းေဆာင္႐ြက္ႏိုင္ေရးကိစၥရပ္မ်ားအား ေဆြးေႏြးခဲ့ၾကပါသည္။

အဆိုပါေတြ႕ဆုံပြဲသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဒုတိယဥကၠ႒ ဦးလွထြန္း၊ ဗဟိုအလုပ္အမႈေဆာင္ ဦးလွသိန္း၊ ဌာနမႉး ဦးႏိုင္ဝင္းတို႔တက္ေရာက္ခဲ့ၾကၿပီး Patiotic Front of Zanu ပါတီမွ အေထြေထြအတြင္းေရးမႉး Mr. Jacob Francis Nzwidamilimo Mudenda ႏွင့္အတူ အဖြဲ႕ဝင္ (၅)ဦးတက္ေရာက္ခဲ့ပါသည္။


ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း Patiotic Front of Zanu ပါတီ အထွေထွေအတွင်းရေးမှူး Mr. Jacob Francis Nzwidamilimo Mudenda နှင့်တွေ့ဆုံဆွေးနွေး
=======================

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းသည် ဘယ်လာရုစ်နိုင်ငံ၊ Belaya Rus ပါတီမှ ကျင်းပသည့် ဒုတိယအကြိမ်မြောက် နိုင်ငံတကာညီလာခံတက်ရောက်စဉ်ကာလအတွင်း ဇင်ဘာဘွေနိုင်ငံမှ၊ Patiotic Front of Zanu ပါတီမှ အထွေထွေအတွင်းရေးမှူး Mr. Jacob Francis Nzwidamilimo Mudenda နှင့် ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်နေ့ ၁၀:၁၅ နာရီအချိန်တွင် Brest မြို့၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံဆက်ဆံရေးတိုးတက်ကောင်းမွန်ရေး၊ နှစ်ပါတီဆက်ဆံရေးတိုးတက်ကောင်းမွန်ပြီး လူငယ်နှင့်အမျိုးသမီးရေးရာ ကဏ္ဍများတွင် ပိုမိုနက်ရှိင်းစွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း၊ ဌာနမှူး ဦးနိုင်ဝင်းတို့တက်ရောက်ခဲ့ကြပြီး Patiotic Front of Zanu ပါတီမှ အထွေထွေအတွင်းရေးမှူး Mr. Jacob Francis Nzwidamilimo Mudenda နှင့်အတူ အဖွဲ့ဝင် (၅)ဦးတက်ရောက်ခဲ့ပါသည်။