လႊတ္ေတာ္တြင္း ႏွစ္ပါတီစလုံး၏ ျပင္းထန္ေသာ ဖိအားမ်ားေၾကာင့္ ေဒၚလာ ၁.၈ ဘီလီယံတန္ ‘လက္နက္သဖြယ္ အသုံးခ်မႈ ဆန႔္က်င္ေရး’ ရန္ပုံေငြကို ထရမ့္ ယာယီဆိုင္းငံ့

လႊတ္ေတာ္တြင္း ႏွစ္ပါတီစလုံး၏ ျပင္းထန္ေသာ ဖိအားမ်ားေၾကာင့္ ေဒၚလာ ၁.၈ ဘီလီယံတန္ ‘လက္နက္သဖြယ္ အသုံးခ်မႈ ဆန႔္က်င္ေရး’ ရန္ပုံေငြကို ထရမ့္ ယာယီဆိုင္းငံ့
====================
ဇြန္ ၂
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္သည္ ၎၏ ရီပတ္ဘလစ္ကန္ ပါတီဝင္မ်ားအပါအဝင္ ကြန္ဂရက္လႊတ္ေတာ္တြင္းမွ ျပင္း ထန္ေသာ ကန႔္ကြက္မႈမ်ားႏွင့္ ရင္ဆိုင္ခဲ့ရၿပီးေနာက္ အျငင္းပြားဖြယ္ရာ ေဒၚလာ ၁.၈ ဘီလီယံတန္ “လက္ နက္သဖြယ္ အသုံးခ်မႈ ဆန႔္က်င္ေရး” (Anti-weaponisation) ရန္ပုံေငြ အစီအစဥ္ကို ယာယီဆိုင္းငံ့ရန္ သေဘာတူညီလိုက္ေၾကာင္း သိရသည္။
အဆိုပါ ရန္ပုံေငြကို ၿပီးခဲ့သည့္ ေမလအတြင္းက သမၼတထရမ့္ႏွင့္ ၎၏ လက္ေအာက္ခံ ျပည္တြင္းအခြန္မ်ားဦးစီးဌာန (IRS)အၾကား အခြန္အခ်က္အလက္ ေပါက္ၾကားမႈအေရး တရားစြဲဆိုထားမႈကို အမႈေက်ေအးရာမွတစ္ဆင့္ တရားေရးဝန္ႀကီးဌာနက စတင္ထူေထာင္ရန္ ျပင္ဆင္ခဲ့ျခင္းျဖစ္သည္။
သမၼတထရမ့္က အစိုးရယႏၲရားအား လက္နက္သဖြယ္ အလြဲ သုံးစားလုပ္ၿပီး မတရားတရားစြဲဆိုျခင္း ခံရသူမ်ားအတြက္ ရည္႐ြယ္သည္ဟု ဆိုေသာ္လည္း၊ လႊတ္ေတာ္အမတ္မ်ားကမူ ၎သည္ သမၼတ၏ ကိုယ္ပိုင္အက်ိဳး စီးပြား ပဋိပကၡျဖစ္ၿပီး ၎၏ မဟာမိတ္မ်ားႏွင့္ ဇန္နဝါရီ ၆ ရက္ လႊတ္ေတာ္စီးနင္းသူမ်ားကို ေငြထုတ္ေပးမည့္ “ကိုယ္ ပိုင္စုဗူး” သဖြယ္ျဖစ္ေနေၾကာင္း ေဝဖန္ခဲ့ၾကသည္။ ရီပတ္ဘလစ္ကန္ အထက္လႊတ္ ေတာ္အမတ္ သြန္မ္တစ္လစ္က ယခုရန္ပုံေငြကို “လူမိုက္ေတြအတြက္ ေငြထုတ္ေပးတဲ့အိုး” ဟု ျပင္းျပင္းထန္ထန္ သုံးႏႈန္းေခၚဆိုခဲ့သည္။
ယခုရန္ပုံေငြကိစၥေၾကာင့္ ရီပတ္ဘလစ္ကန္ခ်င္း ကြဲလြဲကာ ထရမ့္၏ ေဒၚလာ ၇၂ ဘီလီယံတန္ လူဝင္မႈႀကီးၾကပ္ ေရး ရန္ပုံေငြဥပေဒၾကမ္းကို အထက္လႊတ္ေတာ္က အတည္မျပဳဘဲ ဆိုင္းငံ့ထားခဲ့ရာမွ၊ ယခုအခါ အိမ္ျဖဴေတာ္က ရန္ပုံ ေငြကို ဆိုင္းငံ့ရန္ သေဘာတူလိုက္သျဖင့္ လူဝင္မႈႀကီးၾကပ္ ေရးဥပေဒၾကမ္း ျပန္ လည္အသက္ဝင္လာမည့္ အရိပ္အေယာင္မ်ား ရွိေနသည္။
တရား႐ုံးမ်ားဘက္ကလည္း ဇန္နဝါရီ ၆ ရက္ ျဖစ္စဥ္တြင္ ဒဏ္ရာရခဲ့သည့္ ရဲအရာရွိမ်ားႏွင့္ CREW အဖြဲ႕တို႔၏ တရားစြဲဆိုကန႔္ကြက္မႈမ်ားေၾကာင့္ ဖက္ဒရယ္တရားသူႀကီးက ရန္ပုံေငြထူေထာင္ျခင္းကို ယာယီပိတ္ပင္ထားသည္။
တရားေရးဝန္ႀကီးဌာနက တရား႐ုံးအမိန႔္အတိုင္း လိုက္ နာဆိုင္းငံ့မည္ဟု ထုတ္ျပန္ထားေသာ္လည္း၊ ဒီမိုကရက္တစ္ေခါင္း ေဆာင္ ခ်ပ္ခ္ရႉးမားကမူ “ထရမ့္ရဲ႕ ကတိကဝတ္ကို မယုံၾကည္ႏိုင္ေၾကာင္းႏွင့္ ဤအက်င့္ပ်က္ျခစားမႈ အစီအစဥ္ကို ဥပေဒအရ လုံးဝပိတ္ပင္တားျမစ္ႏိုင္သည္အထိ ဥပေဒ ၾကမ္းတြန္းအားေပးသြားမည္” ဟု ဆိုသည္။
အိမ္ျဖဴေတာ္ႏွင့္ တရားေရးဌာနကမူ ဤရန္ပုံေငြသည္ ပါတီစြဲမရွိဘဲ မတရားႏွိပ္စက္ခံရသူ မည္သူမဆိုအတြက္ ပြင့္လင္းစြာ ထူေထာင္ထားျခင္းျဖစ္ေၾကာင္း ခုခံေျပာဆိုထားသည္။
လွှတ်တော်တွင်း နှစ်ပါတီစလုံး၏ ပြင်းထန်သော ဖိအားများကြောင့် ဒေါ်လာ ၁.၈ ဘီလီယံတန် ‘လက်နက်သဖွယ် အသုံးချမှု ဆန့်ကျင်ရေး’ ရန်ပုံငွေကို ထရမ့် ယာယီဆိုင်းငံ့
====================
ဇွန် ၂
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ၎င်း၏ ရီပတ်ဘလစ်ကန် ပါတီဝင်များအပါအဝင် ကွန်ဂရက်လွှတ်တော်တွင်းမှ ပြင်း ထန်သော ကန့်ကွက်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် အငြင်းပွားဖွယ်ရာ ဒေါ်လာ ၁.၈ ဘီလီယံတန် “လက် နက်သဖွယ် အသုံးချမှု ဆန့်ကျင်ရေး” (Anti-weaponisation) ရန်ပုံငွေ အစီအစဉ်ကို ယာယီဆိုင်းငံ့ရန် သဘောတူညီလိုက်ကြောင်း သိရသည်။
အဆိုပါ ရန်ပုံငွေကို ပြီးခဲ့သည့် မေလအတွင်းက သမ္မတထရမ့်နှင့် ၎င်း၏ လက်အောက်ခံ ပြည်တွင်းအခွန်များဦးစီးဌာန (IRS)အကြား အခွန်အချက်အလက် ပေါက်ကြားမှုအရေး တရားစွဲဆိုထားမှုကို အမှုကျေအေးရာမှတစ်ဆင့် တရားရေးဝန်ကြီးဌာနက စတင်ထူထောင်ရန် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။
သမ္မတထရမ့်က အစိုးရယန္တရားအား လက်နက်သဖွယ် အလွဲ သုံးစားလုပ်ပြီး မတရားတရားစွဲဆိုခြင်း ခံရသူများအတွက် ရည်ရွယ်သည်ဟု ဆိုသော်လည်း၊ လွှတ်တော်အမတ်များကမူ ၎င်းသည် သမ္မတ၏ ကိုယ်ပိုင်အကျိုး စီးပွား ပဋိပက္ခဖြစ်ပြီး ၎င်း၏ မဟာမိတ်များနှင့် ဇန်နဝါရီ ၆ ရက် လွှတ်တော်စီးနင်းသူများကို ငွေထုတ်ပေးမည့် “ကိုယ် ပိုင်စုဗူး” သဖွယ်ဖြစ်နေကြောင်း ဝေဖန်ခဲ့ကြသည်။ ရီပတ်ဘလစ်ကန် အထက်လွှတ် တော်အမတ် သွန်မ်တစ်လစ်က ယခုရန်ပုံငွေကို “လူမိုက်တွေအတွက် ငွေထုတ်ပေးတဲ့အိုး” ဟု ပြင်းပြင်းထန်ထန် သုံးနှုန်းခေါ်ဆိုခဲ့သည်။
ယခုရန်ပုံငွေကိစ္စကြောင့် ရီပတ်ဘလစ်ကန်ချင်း ကွဲလွဲကာ ထရမ့်၏ ဒေါ်လာ ၇၂ ဘီလီယံတန် လူဝင်မှုကြီးကြပ် ရေး ရန်ပုံငွေဥပဒေကြမ်းကို အထက်လွှတ်တော်က အတည်မပြုဘဲ ဆိုင်းငံ့ထားခဲ့ရာမှ၊ ယခုအခါ အိမ်ဖြူတော်က ရန်ပုံ ငွေကို ဆိုင်းငံ့ရန် သဘောတူလိုက်သဖြင့် လူဝင်မှုကြီးကြပ် ရေးဥပဒေကြမ်း ပြန် လည်အသက်ဝင်လာမည့် အရိပ်အယောင်များ ရှိနေသည်။
တရားရုံးများဘက်ကလည်း ဇန်နဝါရီ ၆ ရက် ဖြစ်စဉ်တွင် ဒဏ်ရာရခဲ့သည့် ရဲအရာရှိများနှင့် CREW အဖွဲ့တို့၏ တရားစွဲဆိုကန့်ကွက်မှုများကြောင့် ဖက်ဒရယ်တရားသူကြီးက ရန်ပုံငွေထူထောင်ခြင်းကို ယာယီပိတ်ပင်ထားသည်။
တရားရေးဝန်ကြီးဌာနက တရားရုံးအမိန့်အတိုင်း လိုက် နာဆိုင်းငံ့မည်ဟု ထုတ်ပြန်ထားသော်လည်း၊ ဒီမိုကရက်တစ်ခေါင်း ဆောင် ချပ်ခ်ရှူးမားကမူ “ထရမ့်ရဲ့ ကတိကဝတ်ကို မယုံကြည်နိုင်ကြောင်းနှင့် ဤအကျင့်ပျက်ခြစားမှု အစီအစဉ်ကို ဥပဒေအရ လုံးဝပိတ်ပင်တားမြစ်နိုင်သည်အထိ ဥပဒေ ကြမ်းတွန်းအားပေးသွားမည်” ဟု ဆိုသည်။
အိမ်ဖြူတော်နှင့် တရားရေးဌာနကမူ ဤရန်ပုံငွေသည် ပါတီစွဲမရှိဘဲ မတရားနှိပ်စက်ခံရသူ မည်သူမဆိုအတွက် ပွင့်လင်းစွာ ထူထောင်ထားခြင်းဖြစ်ကြောင်း ခုခံပြောဆိုထားသည်။




