ယေန႔တြင္ အေျခခံပညာေက်ာင္းမ်ား စတင္ဖြင့္လွစ္

ယေန႔တြင္ အေျခခံပညာေက်ာင္းမ်ား စတင္ဖြင့္လွစ္
=============================
ယေန႔တြင္ တစ္ႏိုင္ငံလုံးရွိ အေျခခံပညာေက်ာင္းမ်ား စတင္ဖြင့္လွစ္ၿပီျဖစ္သည္။ ေက်ာင္းအပ္ႏွံေရးသီတင္းပတ္ကာလအျဖစ္ ေမ ၂၅ ရက္မွ ၃၁ ရက္အထိသတ္မွတ္ခဲ့သည္။

ယခုအခါ ၂၀၂၆-၂၀၂၇ ပညာသင္ႏွစ္အတြက္ အေျခခံပညာဦးစီးဌာနေအာက္ရွိ အထက္တန္းအဆင့္၊ အလယ္တန္းအဆင့္ႏွင့္ မူလတန္းအဆင့္ေက်ာင္းမ်ားကို ဇြန္ ၁ ရက္တြင္ စတင္ဖြင့္လွစ္လ်က္ရွိသည္။

၂၀၂၆-၂၀၂၇ ပညာသင္ႏွစ္အတြက္ အေျခခံပညာေက်ာင္းမ်ားတြင္ မူလတန္းမွ အထက္တန္းအဆင့္အထိ ေက်ာင္းအပ္ႏွံရာတြင္ မူလတန္းအဆင့္အတြက္ သင္႐ိုးၫႊန္းတမ္း ပုံႏွိပ္စာအုပ္တစ္စုံ၊ ဗလာစာအုပ္တစ္ဒါဇင္၊ ခဲတံ (၄) ေခ်ာင္းႏွင့္ ေက်ာင္းဝတ္စုံ (၁) စုံ၊ အလယ္တန္းႏွင့္ အထက္တန္းအဆင့္တိုတြင္ သင္႐ိုးၫႊန္းတမ္း ပုံႏွိပ္စာအုပ္တစ္စုံ၊ ဗလာစာအုပ္ တစ္ဒါဇင္၊ ခဲတံ(၂) တံ(၂) ေခ်ာင္းႏွင့္ ေဘာပင္ (၂) ေခ်ာင္းတိုကို ႏိုင္ငံေတာ္က အခမဲ့ ေထာက္ပံ့ေပးအပ္သြားခဲ့သည့္အျပင္ အေျခခံပညာေက်ာင္းမ်ားမွာ အခမဲ့ပညာေရးစနစ္ျဖစ္ေသာေၾကာင့္ ေက်ာင္းဝင္ေၾကးႏွင့္ အျခားမည္သည့္ အခေၾကးေငြ ေပးသြင္းရန္မလိုဘဲ အခမဲ့အပ္ႏွံခြင့္ျပဳခဲ့ေၾကာင္း သိရသည္။


ယနေ့တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
=============================
ယနေ့တွင် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ပြီဖြစ်သည်။ ကျောင်းအပ်နှံရေးသီတင်းပတ်ကာလအဖြစ် မေ ၂၅ ရက်မှ ၃၁ ရက်အထိသတ်မှတ်ခဲ့သည်။

ယခုအခါ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများကို ဇွန် ၁ ရက်တွင် စတင်ဖွင့်လှစ်လျက်ရှိသည်။

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် မူလတန်းမှ အထက်တန်းအဆင့်အထိ ကျောင်းအပ်နှံရာတွင် မူလတန်းအဆင့်အတွက် သင်ရိုးညွှန်းတမ်း ပုံနှိပ်စာအုပ်တစ်စုံ၊ ဗလာစာအုပ်တစ်ဒါဇင်၊ ခဲတံ (၄) ချောင်းနှင့် ကျောင်းဝတ်စုံ (၁) စုံ၊ အလယ်တန်းနှင့် အထက်တန်းအဆင့်တိုတွင် သင်ရိုးညွှန်းတမ်း ပုံနှိပ်စာအုပ်တစ်စုံ၊ ဗလာစာအုပ် တစ်ဒါဇင်၊ ခဲတံ(၂) တံ(၂) ချောင်းနှင့် ဘောပင် (၂) ချောင်းတိုကို နိုင်ငံတော်က အခမဲ့ ထောက်ပံ့ပေးအပ်သွားခဲ့သည့်အပြင် အခြေခံပညာကျောင်းများမှာ အခမဲ့ပညာရေးစနစ်ဖြစ်သောကြောင့် ကျောင်းဝင်ကြေးနှင့် အခြားမည်သည့် အခကြေးငွေ ပေးသွင်းရန်မလိုဘဲ အခမဲ့အပ်နှံခွင့်ပြုခဲ့ကြောင်း သိရသည်။