ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ ဦးခင္ရီ မႏၲေလးတိုင္းေဒသႀကီးအတြင္းရွိ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ေတြ႕ဆုံ

ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ ဦးခင္ရီ မႏၲေလးတိုင္းေဒသႀကီးအတြင္းရွိ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ေတြ႕ဆုံ
===============
ေမ ၂၆၊ ေနျပည္ေတာ္

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ ၂၆-၅-၂၀၂၆ ရက္ေန႔ ေန႔လည္ ၁ နာရီအခ်ိန္တြင္ မႏၲေလးတိုင္းေဒသႀကီးလႊတ္ေတာ္သို႔ေရာက္ရွိၿပီး လႊတ္ေတာ္အတြင္းလိုက္လံၾကည့္ရႈ၍ ဧည့္သည္ေတာ္မွတ္တမ္းတြင္ လက္မွတ္ေရးထိုးခဲ့ပါသည္။ ၎ေနာက္ တိုင္းေဒသႀကီးလႊတ္ေတာ္ သဘင္ေဆာင္ခန္းမတြင္ျပဳလုပ္ေသာ မႏၲေလးတိုင္းေဒသႀကီးအတြင္းရွိ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ေတြ႕ဆုံပြဲအခမ္းအနားသို႔ တက္ေရာက္ခဲ့ပါသည္။

ေတြ႕ဆုံပြဲတြင္ ပါတီဥကၠ႒ ဦးခင္ရီမွ အဖြင့္အမွာစကားေျပာၾကားရာ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ေစာင့္ထိန္း လိုက္နာ က်င့္သုံး ေဆာက္႐ြက္ရမည့္အခ်က္မ်ား၊ ဥပေဒဆိုင္ရာကိစၥရပ္မ်ား၊ ေဒသဖြံ႕ၿဖိဳးေရးဆိုင္ရာကိစၥမ်ား၊ အစိုးရႏွင့္ ျပည္သူအၾကား ပူးေပါင္းေဆာင္႐ြက္ႏိုင္ေရးကိစၥရပ္မ်ားအား အက်ယ္တဝံ့ရွင္းလင္းေျပာၾကားခဲ့ၿပီး လႊတ္ေတာ္၏ ေဆာင္ပုဒ္ျဖစ္သည့္ “ျပည္သူ႔အသံ လႊတ္ေတာ္အသံ၊ ျပည္သူ႔ဆႏၵ လႊတ္ေတာ္ဆႏၵ၊ ျပည္သူ႔ေမွ်ာ္လင့္ခ်က္ လႊတ္ေတာ္က ေဖာ္ေဆာင္႐ြက္” ဆိုသည့္အတိုင္း က်င့္ႀကံေဆာင္႐ြက္ၾကရန္ ေျပာၾကားခဲ့ပါသည္။

၎ေနာက္ မႏၲေလးတိုင္းေဒသႀကီးလႊတ္ေတာ္ ဥကၠ႒ ဦးေအာင္ေက်ာ္မိုးက တိုင္းေဒသႀကီးလႊတ္ေတာ္၏ လုပ္ငန္းေဆာင္႐ြက္မႈအေျခအေနမ်ားႏွင့္ ေကာ္မတီအသီးသီးဖြဲ႕စည္းမႈမ်ားအား ရွင္းလင္းတင္ျပခဲ့ၿပီး ပါတီဥကၠ႒ ဦးခင္ရီက နိဂုံးခ်ဳပ္အမွာစကားေျပာၾကားကာ ေန႔လည္ ၂ နာရီခြဲအခ်ိန္တြင္ ေတြ႕ဆုံပြဲအခမ္းအနား ေအာင္ျမင္စြာ ၿပီးေျမာက္ခဲ့ပါသည္။

အဆိုပါ ေတြ႕ဆုံပြဲအခမ္းအနားသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ၊ မႏၲေလးတိုင္းေဒသႀကီး လႊတ္ေတာ္ဥကၠ႒ ဦးေအာင္ေက်ာ္မိုးႏွင့္ ဒုတိယဥကၠ႒ ဦးေက်ာ္ျမင့္၊ မႏၲေလးတိုင္းေဒသႀကီးအတြင္းရွိ ေ႐ြးခ်ယ္ခံ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ တာဝန္ရွိသူမ်ား စုစုေပါင္း အင္အား (၁၀၀)ဦးေက်ာ္တက္ေရာက္ခဲ့ပါသည္။


ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံ
===============
မေ ၂၆၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၂၆-၅-၂၀၂၆ ရက်နေ့ နေ့လည် ၁ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်သို့ရောက်ရှိပြီး လွှတ်တော်အတွင်းလိုက်လံကြည့်ရှု၍ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ ၎င်းနောက် တိုင်းဒေသကြီးလွှတ်တော် သဘင်ဆောင်ခန်းမတွင်ပြုလုပ်သော မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

တွေ့ဆုံပွဲတွင် ပါတီဥက္ကဋ္ဌ ဦးခင်ရီမှ အဖွင့်အမှာစကားပြောကြားရာ လွှတ်တော်ကိုယ်စားလှယ်များ စောင့်ထိန်း လိုက်နာ ကျင့်သုံး ဆောက်ရွက်ရမည့်အချက်များ၊ ဥပဒေဆိုင်ရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများ၊ အစိုးရနှင့် ပြည်သူအကြား ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များအား အကျယ်တဝံ့ရှင်းလင်းပြောကြားခဲ့ပြီး လွှတ်တော်၏ ဆောင်ပုဒ်ဖြစ်သည့် “ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူ့မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက်” ဆိုသည့်အတိုင်း ကျင့်ကြံဆောင်ရွက်ကြရန် ပြောကြားခဲ့ပါသည်။

၎င်းနောက် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက တိုင်းဒေသကြီးလွှတ်တော်၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ကော်မတီအသီးသီးဖွဲ့စည်းမှုများအား ရှင်းလင်းတင်ပြခဲ့ပြီး ပါတီဥက္ကဋ္ဌ ဦးခင်ရီက နိဂုံးချုပ်အမှာစကားပြောကြားကာ နေ့လည် ၂ နာရီခွဲအချိန်တွင် တွေ့ဆုံပွဲအခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများ စုစုပေါင်း အင်အား (၁၀၀)ဦးကျော်တက်ရောက်ခဲ့ပါသည်။