ျပည္ခိုင္ၿဖိဳးပါတီ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ပါတီတာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံ





ျပည္ခိုင္ၿဖိဳးပါတီ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ပါတီတာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံ
=============
ေမ ၂၅၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအးသည္ ၂၄-၅-၂၀၂၆ ရက္ေန႔ နံနက္ ၁၀ နာရီအခ်ိန္တြင္ ေနာင္ခ်ိဳၿမိဳ႕နယ္ပါတီ႐ုံးသို႔ သြားေရာက္ၿပီး ေနာင္ခ်ိဳၿမိဳ႕နယ္႐ုံးသစ္အား ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးကာ ၿမိဳ႕နယ္႐ုံးခန္းမ၌ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)မွ ပါတီတာဝန္ရွိသူမ်ား၊ ပါတီမွ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ေတြ႕ဆုံခဲ့ပါသည္။
ေတြ႕ဆုံရာတြင္ ပါတီအေထြေထြအတြင္းေရးမႉးမွ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ပါတီတာဝန္ရွိသူမ်ားအား ရပ္႐ြာတည္ၿငိမ္ေအးခ်မ္းေရး၊ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးမ်ားကို လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ အစိုးရအဖြဲ႕ဝင္မ်ားက ျပည္သူမ်ားႏွင့္အတူ လက္တြဲပူးေပါင္းလုပ္ေဆာင္ေရး၊ ပါတီဖြဲ႕စည္းမႈက်စ္လစ္ခိုင္မာေအာင္ ဝိုင္းဝန္းတည္ေဆာက္ေရးမ်ားအား ရွင္းလင္းေဆြးေႏြးခဲ့ပါသည္။ ထို႔ေနာက္ ပါတီအေထြေထြအတြင္းေရးမႉးသည္ ေနာင္ခ်ိဳ၊ ေက်ာက္မဲႏွင့္ သီေပါၿမိဳ႕နယ္မ်ားအတြက္ ေထာက္ပံ့ေရးပစၥည္းမ်ား၊ အစည္းအေဝးတက္ေရာက္လာသူမ်ားအား ဗုဒၶ႐ုပ္ပြါးဆင္းတုေတာ္မ်ား ေပးအပ္လႉဒါန္းခဲ့ပါသည္။
အဆိုပါေတြ႕ဆုံပြဲသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီဝင္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ပါတီဥကၠ႒ ေဒါက္တာမ်ိဳးထြန္း၊ ျပည္နယ္ပါတီအတြင္းေရးမႉးႏွင့္ ေကာ္မတီဝင္မ်ား၊ ပါတီမွ ေ႐ြးေကာက္ခံ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ တာဝန္ရွိသူမ်ား စုစုေပါင္း အင္အား (၈၀)ဦးေက်ာ္ တက္ေရာက္ခဲ့ပါသည္။
ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး ရှမ်းပြည်နယ်(မြောက်ပိုင်း) ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံ
=============
မေ ၂၅၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးသည် ၂၄-၅-၂၀၂၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် နောင်ချိုမြို့နယ်ပါတီရုံးသို့ သွားရောက်ပြီး နောင်ချိုမြို့နယ်ရုံးသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ မြို့နယ်ရုံးခန်းမ၌ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ပါတီတာဝန်ရှိသူများ၊ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံရာတွင် ပါတီအထွေထွေအတွင်းရေးမှူးမှ လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီတာဝန်ရှိသူများအား ရပ်ရွာတည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးများကို လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်များက ပြည်သူများနှင့်အတူ လက်တွဲပူးပေါင်းလုပ်ဆောင်ရေး၊ ပါတီဖွဲ့စည်းမှုကျစ်လစ်ခိုင်မာအောင် ဝိုင်းဝန်းတည်ဆောက်ရေးများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် ပါတီအထွေထွေအတွင်းရေးမှူးသည် နောင်ချို၊ ကျောက်မဲနှင့် သီပေါမြို့နယ်များအတွက် ထောက်ပံ့ရေးပစ္စည်းများ၊ အစည်းအဝေးတက်ရောက်လာသူများအား ဗုဒ္ဓရုပ်ပွါးဆင်းတုတော်များ ပေးအပ်လှူဒါန်းခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ရှမ်းပြည်နယ်(မြောက်ပိုင်း)ပါတီဥက္ကဋ္ဌ ဒေါက်တာမျိုးထွန်း၊ ပြည်နယ်ပါတီအတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ပါတီမှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများ စုစုပေါင်း အင်အား (၈၀)ဦးကျော် တက်ရောက်ခဲ့ပါသည်။




