ေဆာ္ဒီပ႐ိုလိဂ္ၿပိဳင္ပြဲ တစ္ႏွစ္တာ အေကာင္းဆုံး ကစားသမားဆုကို ဂ်ာအိုဖီးလစ္ ဆြတ္ခူး

ေဆာ္ဒီပ႐ိုလိဂ္ၿပိဳင္ပြဲ တစ္ႏွစ္တာ အေကာင္းဆုံး ကစားသမားဆုကို ဂ်ာအိုဖီးလစ္ ဆြတ္ခူး
=============================
အယ္နာဆာအသင္း တိုက္စစ္ကစားသမား ဂ်ာအိုဖီးလစ္သည္ အသင္းေဖာ္ စီေရာ္နယ္ဒိုကို ေက်ာ္ျဖတ္ၿပီး ယခုေဘာလုံးရာသီ ေဆာ္ဒီပ႐ိုလိဂ္ ၿပိဳင္ပြဲ၏ တစ္ႏွစ္တာ အေကာင္းဆုံး ကစားသမားဆုကို ဆြတ္ခူးႏိုင္ခဲ့ေၾကာင္း သိရသည္။
ဂ်ာအိုဖီးလစ္သည္ ၿပီးခဲ့သည့္ ေႏြရာသီကစားသမား အေျပာင္းအေ႐ႊ႕ကာလက ခ်ယ္လ္ဆီးအသင္း မွ ေျပာင္းေ႐ႊ႕ေၾကးယူ႐ို သန္း ၃၀ ျဖင့္ အယ္နာဆာ အသင္းသို႔ ေျပာင္းေ႐ႊ႕ကစားခဲ့ၿပီး အသင္းႏွင့္အတူ ပထမဆုံး ေဘာလုံးရာသီတြင္ပင္ အေကာင္းဆုံး ေျခစြမ္းျပႏိုင္ကာ ေဆာ္ဒီပ႐ိုလိဂ္တစ္ႏွစ္တာ အေကာင္းဆုံး ကစားသမားဆုကို ဆြတ္ခူးႏိုင္ခဲ့ျခင္း ျဖစ္သည္။
အသက္ ၂၆ ႏွစ္အ႐ြယ္ ဂ်ာအိုဖီးလစ္သည္ အယ္နာဆာအသင္းႏွင့္အတူ ေဆာ္ဒီပ႐ိုလိဂ္ၿပိဳင္ပြဲတြင္ ၃၃ ပြဲကစားရာ သြင္းဂိုး ၂၀ သြင္းယူႏိုင္သည့္အျပင္ ဂိုးဖန္တီးမႈလည္း ၁၃ ႀကိမ္ျပဳလုပ္ႏိုင္ကာ ဂိုးပါဝင္ ပတ္သက္မႈ ၃၃ ႀကိမ္အထိ လုပ္ေဆာင္ႏိုင္ၿပီး ဂိုးဖန္တီးမႈအမ်ားဆုံး ကစားသမားစာရင္းတြင္ ထိပ္ဆုံး မွ ဦးေဆာင္ႏိုင္ခဲ့သည္။
ဂ်ာအိုဖီးလစ္သည္ အသင္းႏွင့္ အေကာင္းဆုံး ေျခစြမ္းျပႏိုင္ၿပီးေနာက္ အသင္းေဖာ္ စီေရာ္နယ္ဒို ႏွင့္အယ္အာလီအသင္းမွ အိုင္ဗန္တိုေနးတို႔ကို ေက်ာ္ျဖတ္ၿပီး တစ္ႏွစ္တာ အေကာင္းဆုံး ကစားသမားဆုကို ဆြတ္ခူးႏိုင္ခဲ့ျခင္းျဖစ္သည္။ ေဆာ္ဒီပ႐ိုလိဂ္ ၿပိဳင္ပြဲ၏ တစ္ႏွစ္တာ အေကာင္းဆုံးနည္းျပဆုကိုလည္း အယ္နာဆာအသင္းကို ခ်န္ပီယံဆုဆြတ္ခူး ေပးႏိုင္သည့္ နည္းျပ ဂ်ီးဆပ္က ဆြတ္ခူးရရွိခဲ့ေၾကာင္း သိရသည္။
ဆော်ဒီပရိုလိဂ်ပြိုင်ပွဲ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ဂျာအိုဖီးလစ် ဆွတ်ခူး
=============================
အယ်နာဆာအသင်း တိုက်စစ်ကစားသမား ဂျာအိုဖီးလစ်သည် အသင်းဖော် စီရော်နယ်ဒိုကို ကျော်ဖြတ်ပြီး ယခုဘောလုံးရာသီ ဆော်ဒီပရိုလိဂ် ပြိုင်ပွဲ၏ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။
ဂျာအိုဖီးလစ်သည် ပြီးခဲ့သည့် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလက ချယ်လ်ဆီးအသင်း မှ ပြောင်းရွှေ့ကြေးယူရို သန်း ၃၀ ဖြင့် အယ်နာဆာ အသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီး အသင်းနှင့်အတူ ပထမဆုံး ဘောလုံးရာသီတွင်ပင် အကောင်းဆုံး ခြေစွမ်းပြနိုင်ကာ ဆော်ဒီပရိုလိဂ်တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။
အသက် ၂၆ နှစ်အရွယ် ဂျာအိုဖီးလစ်သည် အယ်နာဆာအသင်းနှင့်အတူ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲတွင် ၃၃ ပွဲကစားရာ သွင်းဂိုး ၂၀ သွင်းယူနိုင်သည့်အပြင် ဂိုးဖန်တီးမှုလည်း ၁၃ ကြိမ်ပြုလုပ်နိုင်ကာ ဂိုးပါဝင် ပတ်သက်မှု ၃၃ ကြိမ်အထိ လုပ်ဆောင်နိုင်ပြီး ဂိုးဖန်တီးမှုအများဆုံး ကစားသမားစာရင်းတွင် ထိပ်ဆုံး မှ ဦးဆောင်နိုင်ခဲ့သည်။
ဂျာအိုဖီးလစ်သည် အသင်းနှင့် အကောင်းဆုံး ခြေစွမ်းပြနိုင်ပြီးနောက် အသင်းဖော် စီရော်နယ်ဒို နှင့်အယ်အာလီအသင်းမှ အိုင်ဗန်တိုနေးတို့ကို ကျော်ဖြတ်ပြီး တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ ဆော်ဒီပရိုလိဂ် ပြိုင်ပွဲ၏ တစ်နှစ်တာ အကောင်းဆုံးနည်းပြဆုကိုလည်း အယ်နာဆာအသင်းကို ချန်ပီယံဆုဆွတ်ခူး ပေးနိုင်သည့် နည်းပြ ဂျီးဆပ်က ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။




