DEMU ရထားမ်ား တိုးခ်ဲ႕ေျပးဆြဲေနၿပီး ခရီးစဥ္အသစ္မ်ား ဆက္လက္တိုးခ်ဲ႕ရန္ စီစဥ္

DEMU ရထားမ်ား တိုးခ်ဲ႕ေျပးဆြဲေနၿပီး ခရီးစဥ္အသစ္မ်ား ဆက္လက္တိုးခ်ဲ႕ရန္ စီစဥ္
==============================
ျမန္မာ့မီးရထားအေနျဖင့္ ရက္ (၁၀၀) စီမံခ်က္အရ DEMU ရထားမ်ားကို တိုးခ်ဲ႕ေျပးဆြဲလ်က္ရွိၿပီး ျပည္သူမ်ား၏ အသံကို နားေထာင္ကာ ဝန္ေဆာင္မႈမ်ား တိုးတက္ေကာင္းမြန္ေစရန္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
DEMU ရထားမ်ားျဖင့္ စတင္ေျပးဆြဲသည့္ ရန္ကုန္–ေနျပည္ေတာ္ႏွင့္ ေနျပည္ေတာ္–ရန္ကုန္ ခရီးစဥ္မ်ားကို ၂၀၂၅ ခုႏွစ္တြင္ စတင္မိတ္ဆက္ခဲ့ၿပီးေနာက္ ၂၀၂၆ ခုႏွစ္ ေဖေဖာ္ဝါရီလ (၁) ရက္ေန႔တြင္ အြန္လိုင္းလက္မွတ္ဝယ္ယူမႈစနစ္ကို စတင္အေကာင္အထည္ေဖာ္ခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ရက္ (၁၀၀) စီမံခ်က္အျဖစ္ ေမလ (၁) ရက္ေန႔တြင္ ရန္ကုန္–မႏၲေလးႏွင့္ မႏၲေလး–ရန္ကုန္ ခရီးစဥ္မ်ားကို DEMU ရထားမ်ားျဖင့္ စတင္ေျပးဆြဲခဲ့ၿပီး ခရီးစဥ္ဝန္ေဆာင္မႈမ်ား တိုးခ်ဲ႕ေဆာင္႐ြက္လ်က္ရွိေၾကာင္း ေဖာ္ျပသည္။
အဆိုပါလမ္းေၾကာင္းမ်ားအၿပီးတြင္ ရန္ကုန္–ေမာ္လၿမိဳင္ လမ္းပိုင္းကို ဇြန္လအတြင္း၊ ရန္ကုန္–ျပည္ လမ္းပိုင္းကို ဇူလိုင္လအတြင္း DEMU ရထားမ်ားျဖင့္ ထပ္မံေျပးဆြဲႏိုင္ရန္ စီစဥ္ထားေၾကာင္း သိရသည္။
ျမန္မာ့မီးရထားအေနျဖင့္ ခရီးသြားျပည္သူမ်ား၏ လိုအပ္ခ်က္မ်ားကို အေလးထား၍ ဝန္ေဆာင္မႈအရည္အေသြး ပိုမိုေကာင္းမြန္ေစရန္ ဆက္လက္ႀကိဳးပမ္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
DEMU ရထားများ တိုးချဲ့ပြေးဆွဲနေပြီး ခရီးစဉ်အသစ်များ ဆက်လက်တိုးချဲ့ရန် စီစဉ်
==============================
မြန်မာ့မီးရထားအနေဖြင့် ရက် (၁၀၀) စီမံချက်အရ DEMU ရထားများကို တိုးချဲ့ပြေးဆွဲလျက်ရှိပြီး ပြည်သူများ၏ အသံကို နားထောင်ကာ ဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်စေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
DEMU ရထားများဖြင့် စတင်ပြေးဆွဲသည့် ရန်ကုန်–နေပြည်တော်နှင့် နေပြည်တော်–ရန်ကုန် ခရီးစဉ်များကို ၂၀၂၅ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ပြီးနောက် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် အွန်လိုင်းလက်မှတ်ဝယ်ယူမှုစနစ်ကို စတင်အကောင်အထည်ဖော်ခဲ့ကြောင်း သိရသည်။
ထို့နောက် ရက် (၁၀၀) စီမံချက်အဖြစ် မေလ (၁) ရက်နေ့တွင် ရန်ကုန်–မန္တလေးနှင့် မန္တလေး–ရန်ကုန် ခရီးစဉ်များကို DEMU ရထားများဖြင့် စတင်ပြေးဆွဲခဲ့ပြီး ခရီးစဉ်ဝန်ဆောင်မှုများ တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြသည်။
အဆိုပါလမ်းကြောင်းများအပြီးတွင် ရန်ကုန်–မော်လမြိုင် လမ်းပိုင်းကို ဇွန်လအတွင်း၊ ရန်ကုန်–ပြည် လမ်းပိုင်းကို ဇူလိုင်လအတွင်း DEMU ရထားများဖြင့် ထပ်မံပြေးဆွဲနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
မြန်မာ့မီးရထားအနေဖြင့် ခရီးသွားပြည်သူများ၏ လိုအပ်ချက်များကို အလေးထား၍ ဝန်ဆောင်မှုအရည်အသွေး ပိုမိုကောင်းမွန်စေရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။




